ပြည်တွင်းသတင်း — ရန်ကုန်၊ မတ် ၂၆၊ ၂၀၁၂

ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၃ခုအားရွှေ့ဆိုင်းခြင်းအပေါ် ““စစ်တပ်က ထိုးစစ်မဆင်ရင် ငြိမ်းချမ်းပါတယ်”” ဟု NDF ပါတီမှ ဒေါ်ဘောက်ဂျာက တုံ့ပြန် ပြောဆိုခဲ့သည်။

ဖားကန့်မြို့နယ် ပြည်သူ့နယ်စားဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ဘောက်ဂျာက ““ ဒီမှာ(ကချင်ပြည်နယ်) ပုံမှန်ပါပဲ၊ စစ်တပ်ကထိုးစစ်မဆင်ရင် အားလုံးငြိမ်းငြိမ်း ချမ်းချမ်းပဲ၊ ရွေးကောက်ပွဲလုပ်မယ်ဆို လုပ်လို့ရပါတယ်။ သူတို့ကရွှေ့ဆိုင်းတယ်ဆိုတော့ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး”” ဟု ဒေါ်ဘောက်ဂျာမှပြော ကြားခဲ့သည်။

ဆက်လက်ပြီး ၎င်းမှ ““ရွာ၎ဝလောက်က မဲရုံ ၁၆ရုံလောက်ကို ပိတ်လိုက်တယ်၊ ပိတ်လိုက်တဲ့ရွာတွေမှာဘာတိုက်ပွဲမှလည်းမရှိဘူး၊ အားလုံးငြိမ်းချမ်းပါတယ်”” ဟုပြောကြား ပြီး ““ပါတီအနေနဲ့ ပြည်နယ်အစိုးရကို ပြန်လည်ကျင်းပပေးဖို့စာတင်မယ်”” ဟု ၎င်းမှ ပြောကြားခဲ့သည်။

မဲစာရင်းကိစ္စနှင့် ပတ်သက်၍  ““မနှစ်က ၂ဝ၁ဝ လူဦးရေခြောက်သောင်းလောက်ရှိတယ်၊ အခုကိုးသောင်းလောက်ရှိတယ်၊ အဲဒါ​စာရင်းမကောက်ရသေးတဲ့ ​ရွာတွေရှိသေးတယ်”” ဟု ဒေါ်ဘောက်ဂျာမှ ပြောကြားခဲ့သည်။

ဖားကန့်ဒေသ၌ နေထိုင်သူ ကိုနေမျိုးကလည်း ““ဒီမှာ (ဖားကန့်)အေးဆေးပါပဲ၊ တိုက်ပွဲတွေလည်း သိပ်မဖြစ်တော့ပါဘူး၊​ရွေးကောက်ပွဲ​ရွှေ့ဆိုင်းတယ်လို့ သိရတယ်၊ ဘာကြောင့်ရွှေ့ဆိုင်းတာလဲမသိဘူး””ဟု ပြောကြားသွားခဲ့သည်။

ကချင်ပြည်နယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ NLD ပါတီ၊ NDF ပါတီများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး တ.စ.ည ပါတီအနေဖြင့် ဗန်းမော်မဲဆန္ဒနယ်မှ ဦးတင်ဖေတစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၃ခုဖြစ်သော ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းမြို့နယ်များကို လုံခြုံရေးအ ခြေအနေအရ ရွှေ့ဆိုင်းလိုက်ကြောင်း၊ ၂၄-၃-၁၂ ရက်စွဲဖြင့်ကြေငြာခဲ့သည်။

၀၁၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.