တိုင်းရင်းသားသတင်း — ဘန်ကောက်၊ ဖေဖော်ဝါရီ ၇၊ ၂ဝ၁၃

kachin

မြန်မာ အစိုးရနှင့် ကေအိုင်အို အကြား နောက်ဆုံး အကျော့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲပြုလုပ်ပြီး နောက်ပိုင်း တွင် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် တွင်းရှိ ဒုက္ခသည် အကူအညီပေးရေး လုပ်သားများ သတိနှင့် စောင့်ကြည့်နေ ကြသည်။

“ကျွန်တော်တို့ အလုပ် လုပ်ရတာတော့ နည်းနည်းလေး ပိုလွယ်လာပါတယ်။ ဒါပေမယ့် ဒါက ဘယ်လောက် ခံမလဲ ကျွန်တော်တို့ မပြောနိုင်ဘူးလေ” ဟု နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (IDP) များနှင့် ဒုက္ခသည်များ အတွက် ကယ်ဆယ်ရေး ကွန်ရက် (Relief Action Network for IDPs and Refugees RANIR) ညှိနှိုင်းရေးမှူး လာရစ် (LaRip) က ကီလိုမီတာ ၂ဝဝဝ ရှည်သည့် မြန်မာ-တရုတ် နယ်စပ်အနီး မကြာမီက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု များကို ရည်ရွယ်၍ IRIN သတင်းဌာနသို့ လိုင်ဇာမြို့မှ ပြောကြားခဲ့သည်။ “ဒီမှာ တိုက်ခိုက်မှုတွေ ပြန်ဖြစ် နိုင်ခြေက အမြဲရှိနေတာ” ဟု သူက ဆိုပါသည်။

ကေအိုင်အို ထိန်းချုပ်ရာ ဒေသများရှိ IDP ၄၅,ဝဝဝ ကျော်အား အစားအစာ၊ အမိုးအကာ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး အကူအညီများကို ဒေသခံ အန်ဂျီအိုအဖွဲ့ ၁၃ ဖွဲ့ စုစည်းထားသည့် အဆိုပါ ကွန်ရက်က ထောက်ပံ့ပေး နေသည်။ ထိုနေရာ၌ နိုင်ငံတကာ အန်ဂျီအိုနှင့် ကုလသမဂ္ဂအေဂျင်စီများ မရှိဘဲ အစိုးရ ထိန်းချုပ်ရာ ဒေသများ၌ သာ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အန်ဂျီ အို လက်တစ်ဆုပ်စာက အလုပ်လုပ် နေကြသည်။

“ဒုက္ခခံစားနေရတဲ့ ဒီလူတွေရဲ့ဘဝတွေ တိုးတက်စေမယ့် အရာ မှန်သမျှကို ကျွန်မတို့ ကြိုဆိုပါတယ်” ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ကချင် အမျိုးသမီးများ အစည်းအရုံး  (Kachin Women’s Association of Thailand-KWAT) ၏ ညှိနှိုင်းရေးမှူး မွန်းနေလီ (Moon Nay Li) က ပြောသည်။ အဲဒီဒေသမှာက စစ်တပ် လှုပ်ရှားမှုတွေ ရှိနေတုန်းပါ” ဟု သူကဆိုပါသည်။

“ကချင်ပြည်နယ်မှာ အဓိက တိုက်ခိုက်မှုကြီးတွေ မရှိပါဘူး” ဟု သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဖေဖော်ဝါရီ ၆ ရက်တွင် နေပြည်တော်မှ နေ၍ ပြောသည်။ “ထိတွေ့မှု အသေးလေး တချို့တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် သီးခြား ဖြစ်ရပ်တွေပါ” ဟု သူကဆိုပါသည်။

“လိုင်ဇာနားက နယ်စပ်ဒေသ မှာ ငြိမ်ငြိမ်သက်သက်ပါ” ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ် ကောင်စီ (United Nationalities Federal Council- UNFC) ပြောရေးဆိုခွင့် ရှိသူတစ်ဦး ဖြစ်သော ခွန်ဥက္ကာက အတည်ပြု ပြောကြားသည်။ UNFC မှာ မွန်၊ ရှမ်း၊ ကရင်နီ၊ ချင်း၊ ကချင်အပါ အဝင် အဓိကတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့စုပေါင်းဖွဲ့စည်း ထားသောအဖွဲ့ဖြစ်သည်။ “ဒါက ကတိတည်မှုကို ပြသနေတာပါ။ ဒါပေမယ့် ဒီကတိ တည်သလား ဆိုတာက တစ်ပတ်လောက် အနည်း ဆုံး ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါတယ်” ဟု သူက ဆိုပါသည်။ မြောက်ပိုင်းရှမ်းပြည်နယ်၏ အစိတ်အပိုင်း ဖြစ်သော ကေအိုင်အေ လှုပ်ရှား နယ်မြေ တစ်ခုဖြစ်သည့် ဖားကန့်မြို့နယ်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သူက မှတ်ချက်ချ ပြောကြားခဲ့သည်။

Ref: ininnews.org

ဝ၄ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*