လူမှုရေးသတင်း — ရန်ကုန်၊ မတ်၊ ၂၀၁၂

စစ်ဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ကချင်ဒုက္ခသည်များထံရောက်အဖြူရောင်တွဲလက်များအဖွဲ့က ဒုက္ခသည်တို့၏​လူမှုဒုက္ခများကို​လူအများ​သိစေရန်ရည် ရွယ်ချက်ဖြင့် မတ်လ ၂၄ ရက်၌ရွှေဂုံတိုင်တော်ဝင်နှင်းဆီ ခန်းမတွင်မှတ်တမ်းဓါတ်ပုံဗီဒီယိုဝေမျှခြင်းအခမ်းနား ကျင်းပခဲ့သည်။

အခမ်းနားတွင်အခမ်းနားမှူးများအဖြစ် ချမ်းမြတ်သူနှင့် ကိုညီညီတို့က ဆောင်ရွက်ပြီးအဖွင့်နှုတ်ဆက်စကားကို ကိုဘိုဘိုက ပြောကြားခဲ့သည်။ ““ကျွန်တော်တို့ တတ်နိုင်သမျှအရင်းနှီးလေးနဲ့သွားလှူဖြစ်ကြပါတယ်။ ကျွန်တော်တို့တတ်နိုင်တာနည်းနည်းလေးပေမဲ့ သူတို့တွေအတွက်​အကျိုးရလဒ်​ဖြစ်စေပါတယ်။ ဗမာပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ် ကျွန်တော်တို့တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေပါ ””ဟု ကိုဘိုဘိုက ပြောကြားခဲ့သည်။

အဖွဲ့ဝင်များပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံကို မဟန်နီဦးကပြောကြားခဲ့သည်။ ထို့နောက် ကချင်ပြည်နယ်သို့​သွားရောက်စဉ်​ရိုက်ကူးခဲ့သော​သတင်းဓာတ်ပုံကို ၁၅မိနစ်ကြာပြသသည်။

စစ်ဘေးရှောင်အမျိုးသမီးများ၏အခြေအနေကို မနီမိုလှိုင်က ပြောကြားရာတွင်အမျိုးသမီးများအနေဖြင့် စစ်ဘေးဒဏ်ကို​ခါးသီးစွာ​ခံစားရကြောင်းနှင့်​​စစ်၏သား ကောင်များဖြစ်နေသည်ကိုပြောသည်။ ““ယောက်ျားသားတွေအချင်းချင်းဖြစ်သည့်တိုက်ပွဲမှာ ကျွန်တော်တို့​အမျိုးသမီးတွေ​ဘာကြောင့်ဆိုးဝါးမှုဒဏ်တွေခံစားရတာလဲ၊ စစ်ဘေးသင့် ကချင်မောင်နှမများကိုကျွန်တော်တို့ပေးချင်တာစာနာမှုပါ ”” ဟု ပြောကြားခဲ့သည်။

ခရီးစဉ်အတွေ့အကြုံကိုဂျာနယ်အယ်ဒီတာ မစန်းမော်အောင်ကပြောကြားသည်။ ခရီးစဉ်အတွေ့အကြုံပြောကြားရာတွင် တရုတ်ပြည်ရှိ​ကချင်ဒုက္ခသည်စခန်း ကအခြားစခန်းများထက်​အခြေအနေဆိုးရွားကြောင်း၊​  ရွှေလီတွင်ပြုလုပ်သော​ သတင်းစာရှင်းလင်းပွဲသို့​တက်ရောက်​ခဲ့ကြောင်းများကို​ မစန်းမော်အောင်ကပြောခဲ့သည်။

ခရီးစဉ်အတွင်းတွေ့ရှိရသည့်ကလေးငယ်များ၏အခြေအနေကို ကိုစိမ်းခက်စိုးက​  ပြောကြားရာ၌ ကလေးငယ်များ၏ အခြေအနေကို​  ပြောကြားရာတွင် ““ကျွန် တော်သွားရောက်ခဲ့တဲ့ စစ်ဘေးရှောင်စခန်းပေါင်း ၁၃ခုရှိပါ တယ်။ အဲဒီစခန်းများမှာ ၁၈နှစ်အောက်ကလေးသူငယ် ၃ဝဝဝ ကျော်ခန့်စစ်ပြေးနေရလို့ ပညာမသင်ကြားခဲ့ရ၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်းကျေနပ်စိတ်ချဖွယ်ရာမရခဲ့၊ စခန်းပေါင်း ၁၃ခု မှာဆေးခန်းတစ်ခုသာရှိပြီး အဲဒီဆေးခန်းကအချိန်ပိုင်းသာ ဖွင့်တယ်။ သူတို့ရောက်ရှိ သွားချိန်မှာသာမန်ကျန်းမာရေးမကောင်းတဲ့ကလေး ၅ဝ ကျော်အပြင် ၁ဦးသေဆုံး၊ ၂ ဦးဆေးရုံတင်ထားတာတွေ့ခဲ့ရတယ် ””ဟု ကိုစိမ်းခက်စိုးက ပြောသည်။

စစ်ဘေးရှောင်စခန်းများ၌ကျန်းမာသန်စွမ်းသောလူငယ်၊ လူလတ်အရွယ်တွေ လုံးဝမတွေ့ရဘဲ ကလေးများ၊ အမျိုးသမီးများ​ နှင့် သက်ကြီး ရွယ်အိုများသာ ရှိကြောင်း၊ ကျန်းမာသန်စွမ်းသောယောက်ျားသားတွေဟာ တရုတ်ပြည်ထဲ၌ ကြုံရာအလုပ်များ ရှာကြံလုပ်ရင်းရွာပြန် အခြေနေကြည့်၊ ရွာပြန်တည်ရေးနောက်နှစ်အတွက်ပြန် လည်စိုက်ပျိုးရေးများလုပ်ရန် ထွက်ခွာ၍မရှိကြောင်းမေးမြန်းကြည့်၍သိရသည်ဟု ကိုစိမ်းခက်စိုးက ပြောသည်။ ဘဝ​နေဝင်ချိန် နီးပြီဖြစ်သောသက်ကြီးရွယ်အို များအနှစ်နှစ်အလလ က လယ်လေး၊ ယာလေးနှင့်ဘဝတည် မျိုးဆက်ချဲ့ခဲ့ရသည့် အခြေအနေတစ်ခုကို ခဏချင်းနှင့်စွန့်ပစ်ပြေးထွက်လာရသည်။ ယခုသူတစ်ပါးကူမှထရသည့် ဒုက္ခသည်စခန်းကဲ့သို့နေရာမျိုး၌လာနေရသည့်အချိန်ဖြစ်နေသည်။ သူတို့တွေးနေသည်က ““ဘယ်တော့မှပြန်မရနိုင်တော့၊ သူတို့ပြန်မတွေ့ရတော့သည့် သူတို့သားတွေအကြောင်း၊ ပြီးခဲ့သည့်တစ်နှစ်လုံး စိုက်ပျိုးထားပြီး ရိတ်သိမ်းချိန်ရောက်မှလက်လွတ်ပစ်ပြေးခဲ့ရသည့်စိုက်ပျိုးခင်းများ အကြောင်း၊ နားရှိလျက်မကြား၊ မျက်လုံးဖွင့်လျက်မမြင် ဆိုသကဲ့သို့ သူတို့အားလုံးသည်​ နေဝင်နီးအချိန်၌သူတို့ ကိုယ်တိုင်မဖန်တီးပဲနှင့်သူတို့ ရင်ဆိုင်ရသော ဒုက္ခများအ တွက်ခေါ်မကြားအော်မကြား စိတ်များနှင့် မည်သူ့ကိုအားကိုး မည်သူ့ကိုတိုင်တည်နေရမည်လဲဆိုခြင်းကို စစ်ဘေးရှောင်စခန်းရောက်မှတွေးမိကြောင်း ယခုကဲ့ သို့အဘိုး အဘွားအရွယ်များသည် အသက်ကြီးလာသည့်အခါ၌ လူဆိုသည်မှာသားသမီးမြေးအစုံအလင် နှင့်မိမိတို့နေရာမိမိတို့မြေ၌ခေါင်းချချင်တာသဘာဝပါ ဟု ကိုစိမ်းခက်စိုးက​ ပြောသည်။

ကလေးသူငယ် များ၊ နုနယ်ရိုးသားသည့်အမျိုးသမီးများနှင့်ခံနိုင်စွမ်းမဲ့နေသောသက်ကြီးရွယ်အိုများကို စောင့်ရှောက်ကူညီနေသည့်  INGOs, NGOs, CBO များကိုလွတ်လွတ်လပ်လပ်ကူညီခွင့်ရရန် အဖွဲ့စည်းအသီးသီးကအားပေးကူညီစေချင်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ပတ်သက်သော မေတ္တာတရားထိုး စစ်တွေများလည်းသဘောတူညီ စိတ်ညီသည့်မည်သည့်လူမျိုး၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်မည်ဟု ကိုစိမ်းခက်စိုးက အဆုံးသတ်ပြောကြားခဲ့သည်။

ထို့နောက် ကချင်ဒုက္ခသည်စခန်းသို့အတူတကွလိုက်ပါလာသူမျက်လှည့်ပြသသူ ကိုစည်သူကမျက်လှည့်ပြကွက်ကိုပြသသည်။ ထို့နောက် လူရွှင်တော်များအဖွဲ့က ကပြအသုံးတော်ခံရင်းအခမ်းအနားပြီးဆုံးခဲ့သည်။

၀၀၅

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.