ပြည်တွင်းသတင်း — ရန်ကုန်၊ ဇွန် ၂၃၊ ၂ဝ၁၂

၂၁ ရာစု ဆယ်ကျော်သက်များအတွင်း ခေတ်ပေါ်ဖက်ရှင်များ တွင်တွင်ကျယ်ကျယ် စိတ်ဝင်တစား ရှိခဲ့ရာ မြန်မာ့ဒီဇိုင်း ပညာရှင်များအနေဖြင့် မြန်မာမှုဖက်ရှင်များကို ခေတ်နှင့်အညီ ထုတ်လုပ်ဖန်တီးနေကြပြီ ဖြစ်သည်။ ယခင်က လူငယ်များ စိတ်ဝင်စားကြသည့် မော်ဒယ်လ် ဖက်ရှင်ပြပွဲများတွင် ဖက်ရှင်ဒီဇိုင်းသစ်များကို ခင်းကျင်းပြသရာ အနောက်တိုင်း ဖက်ရှင်များကို အဓိကထား ပြသခဲ့ကြသော်လည်း ၂၁ ရာစု အတွင်း ပြုလုပ်လာကြသည့် ပြပွဲများကို လေ့လာကြည့်လျှင်    မြန်မာ့ယဉ်ကျေးမှုနှင့် လိုက်ဖက်ညီသည့် ဖက်ရှင်ဒီဇိုင်းများ၊ ၁၂ လရာသီပွဲများ နှင့်အညီ အဝတ်အစားဖက်ရှင်များ၊ တိုင်းရင်းသားရိုးရာဖက်ရှင်များ၊ မြန်မာ့မင်္ဂလာပွဲတက် ဖက်ရှင်များကို နည်းပညာသစ်များဖြင့် ပေါင်းစပ်ပြီး ခေတ်မီ    ဒီဇိုင်းသစ်များဖြင့် ထုတ်လုပ်ပြသသော ဖက်ရှင်ပြ ပွဲများကို တင်ဆက်လာကြရာ မြန်မာပရိသတ်များသာမကဘဲ ကမ္ဘာ့ပရိသတ်များပါ အထူး စိတ်ဝင်စားလာသော ပြပွဲများဖြစ်လာခဲ့သည်။

၂ဝ၁၂ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာအမျိုးသမီး ဝတ်စားဆင်ယင်မှု ဖက်ရှင်အလှပြပွဲ

၂ဝ၁၂ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ် မြန်မာအမျိုးသမီး ဝတ်စားဆင်ယင်မှု ဖက်ရှင်အလှပြပွဲ

ပြီးခဲ့သည့် ဇွန် ၂၃ ရက်၊ နံနက်ပိုင်းက မင်းဓမ္မကုန်းရှိ MCC ခန်းမကြီးအတွင်း ကျင်းပခဲ့သည့် အိုလံပစ်နေ့ အထိမ်းအမှတ် ကာယ ဗလမောင်နှင့် အမျိုးသမီးကာယ ကြံ့ခိုင်မှုပြိုင်ပွဲကြီးတွင် မြန်မာဖက်ရှင် ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သည့်    နုရည်ပွင့်၏ ခေတ်နှင့်အညီ ထူးထူးခြားခြား ဖန်တီးချုပ်လုပ် ထားသည့် မြန်မာ့ရိုးရာ ဖက်ရှင်များကို လူငယ်မော်ဒယ်လ်လေးများက ဝတ်စားဆင်ယင် ပြသခဲ့သည့်အပြင် မြန်မာ အမျိုးသမီးများ၏ ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင်လည်း ခေတ်နှင့်အညီ မြန်မာ့ယဉ်ကျေးမှု စံနှုန်းများအတိုင်း အားကစားဝတ်စုံများကို ချုပ်လုပ်ဖန်တီး ထားသည်ကို ပရိသတ်များ စိတ်ဝင်စားစွာ ကြည့်ရှုခွင့်ရခဲ့ကြသည်။ တိုးတက်ဖွံ့ဖြိုးလာသည့် နည်းပညာများနှင့်အညီ မြန်မာဖက်ရှင်ဒီဇိုင်းပညာရှင်များ၏ ကြိုးစားဖန်တီးမှုများသည် ကမ္ဘာ့အလယ်တွင် တစ်စတစ်စ ထင်ရှားလာခဲ့ပြီး ကမ္ဘာပြည်သူများအနေနဲ့ မြန်မာဝတ်စုံများကို အမြတ်တနိုး ဝတ်ဆင်လာကြသည်ကိုလည်း    တွေ့လာရသည်။

၂ဝ၁၂ ခု အိုလံပစ်နေ့ အထိမ်းအမှတ် ပြိုင်ပွဲတွင် ပါဝင်ကြမည့် မြန်မာ့ အားကစားမယ် ၂၃ ဦးအတွက် မြန်မာအမျိုးသမီး အလှဝတ်စုံနှင့် အားကစားဝတ်စုံတို့ကို မြန်မာနိုင်ငံ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ချမှတ်ပေးလိုက်ရာ    မြန်မာဒီဇိုင်းပညာရှင် နုရည်ပွင့်၏သမီး ဒီဇိုင်နာ ရွှေသွန်းအိမ်တို့က ဖန်တီးပေးခဲ့ကြောင်း သိရသည်။ မြန်မာ့ဖက်ရှင်များနှင့် သူမ၏ ဖန်တီးမှုစိတ်ကူးကို ပြောပြရာတွင် “အခုလိုကျင်းပတဲ့ပွဲမှာ ကျွန်မအနေနဲ့ နိုင်ငံတော်အဆင့်ပွဲက ဒီပွဲဟာ ပထမဆုံးဖန်တီးခွင့်ရတဲ့ပွဲ ဖြစ်ပါတယ်။ အခုပွဲက အားကစား ဝတ်စုံကို အဓိကထားတာဆိုတော့ အဲဒီအားကစားနဲ့ လိုက်ဖက်မယ့် ဝတ်စုံမျိုးကို ဖန်တီးထားတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း လိုက်ဖက်အောင်ပေါ့၊ မြန်မာဝတ်စုံ ကျတော့လည်း တစ်ယောက်စီ ပုံသဏ္ဌာန်နဲ့ လိုက်ဖက်မယ့် ပုံစံလေးတွေကို မြန်မာဆန်ဆန်လေးနဲ့ ဖြစ်ရမယ်။ ခေတ်မှီတဲ့ ဒီဇိုင်းမျိုးလည်း ဖြစ်ရမယ်ပေါ့၊ အဲဒီလို ဖန်တီးပေးထားတယ်။ ပြင်ပပွဲတွေကတော့ မနှစ်ကစလုပ်တဲ့ LADY FIRST-FASHION SHOW ပေါ့။ အဲဒီမှာ ကျွန်မနဲ့အတူ ဒီဇီုင်နာ ငါးဦး ပါဝင်တဲ့ ဖက်ရှင်ရှိုးပေါ့၊ အဲဒီပွဲကလည်း မြန်မာ့ဖက်ရှင် ဒီဇိုင်းကို ပြတဲ့ပွဲပါပဲ၊ ပရိသတ် တော်တော် စိတ်ဝင်စားကြပါတယ်။ အခု ဒီပွဲကို လုပ်ပေးဖို့ သိရတဲ့အချိန်ကလည်း နည်းတယ်၊ သုံးပတ်လောက်ပဲရတယ်၊ အဲဒီအချိန်အတွင်းမှာ ကျွန်မ ကြိုးစားပြီးတော့ ဖန်တီးလိုက်ရတာပါ။ အခု ဖန်တီး ထားတဲ့ ဒီဇိုင်းက လူကြီးလူငယ်ဝတ်လို့ရတဲ့ ပုံစံလေးတွေ ဖန်တီးထားတယ်။ အခုဆိုရင် ကျွန်မတို့ ဖက်ရှင်ဒီဇိုင်း ပညာရှင်တွေအနေနဲ့ မြန်မာ့ဖက်ရှင်ကို ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး လုပ်နေတယ်။ မြန်မာဖက်ရှင်ကို ကမ္ဘာက လည်း စိတ်ဝင်စားမှုရှိလာပါပြီ”ဟုဆိုသည်။ ကျင်းပခဲ့သည့် အိုလံပစ် အထိမ်းအမှတ် ကာယဗလမောင် ပြိုင်ပွဲနှင့် အမျိုးသမီးကာယကြံ့ခိုင်မှု ပြိုင်ပွဲကို မြန်မာပရိသတ်များ အထူး စိတ်ဝင်စားလျက် ရှိပြီး မြန်မာ့ဖက်ရှင် လက်ရာများကိုလည်း လူငယ်များက အထူးစိတ်ဝင်တစား ရှိနေကြောင်း တွေ့ရသည်။

 

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)

  1. ba mha taw ma pyaw chin par bu

Leave a Reply to laminmaung Cancel reply

Your email address will not be published. Required fields are marked *

*