ဂျပန်နိုင်ငံ တိုကျိုမြို့ အနီးတွင် နေထိုင်ပြီး လွန်ခဲ့သော လကမှ ကမ္ဘာ့အသက်အကြီးဆုံး ဖြစ်လာခဲ့သူ အမျိုးသမီးကြီးသည် အသက် ၁၁၅ နှစ်တွင် ကွယ်လွန် သွားပြီ ဖြစ်သည်။

ကိုတို အိုကူဘို အမည်ရှိ အဆိုပါ အမျိုးသမီးကြီးသည် ကာဝါဆာကီ မြို့ရှိ သက်ကြီး ရွယ်အို စောင့်ရှောက် ရေး ဂေဟာ တစ်ခုတွင် စနေနေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့တော် အုပ်ချုပ်ရေး အရာရှိ မစ်ဆူဟီရို ကိုဇူကာ က ပြောသည်။ ကွယ်လွန်သူ၏ ဆွေမျိုး သားချင်းများက ကွယ်လွန်ရသည့် အကြောင်းနှင့် မိသားစု အကြောင်း အသေးစိတ်ကို ထုတ်ပြန်ပေးရန် ငြင်းဆိုခဲ့ကြောင်း သူက ဆိုပါသည်။

၁၈၉၇ ဒီဇင်ဘာ ၂၄ တွင် မွေးဖွားသော မစ္စအိုကူဘိုသည် အမေရိကန်ပြည်ထောင်စုမှ ဒီနာမန် ဖရက်ဒီနီ ကွယ်လွန် ပြီးနောက် ကမ္ဘာ့ အသက်အရှည်ဆုံးဘွဲ့ထူးကို ရရှိခဲ့သည်မှာ တစ်လပင် မပြည့်သေးချေ။ မစ္စမန်ဖရက်ဒီနီမှာလည်း ကမ္ဘာ့ အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး နှစ်ပတ်အတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

၁၈၉၇ ဧပြီ ၁၉ တွင် မွေးဖွားခဲ့ပြီး အသက် ၁၁၅ နှစ် ရှိပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ ရှေးဟောင်းမြို့ တော် ကျိုတိုတွင် နေထိုင်သူ ဂျီရိုး မွန်ကီမူရာက ထိုဘွဲ့ထူးကို အမွေ ဆက်ခံခဲ့သည်။

မစ္စအိုကူဘိုသည် သားတစ်ဦးနှင့်အတူ အဆိုပါဂေဟာတွင် အတူ တကွနေထိုင်ခဲ့ကြောင်း မြို့တော် အုပ်ချုပ်ရေး အရာရှိက ဆိုပါသည်။

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*