နိုင်ငံတကာသတင်း — ရန်ကုန်၊ ဇူလိုင် ၂၄၊ ၂ဝ၁၂
qatar-airways

qatar-airways

နိုင်ငံတကာ လေကြောင်းလိုင်းများမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းခွင့် တရားဝင်လျှောက်ထားသည့် ကာတာအဲဝေး ( Qutar Airways)ကို ပျံသန်းခွင့် ပြုလိုက်ပြီ ဖြစ်သောကြောင့် ယခုနှစ် အောက်တိုဘာတွင် စတင်ပျံသန်း ပြေးဆွဲတော့မည်    ဖြစ်ကြောင်း၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ယခုလ ၂၃ ရက်တွင်    မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ကာတာအဲဝေးသည် ဒိုဟာ-ရန်ကုန်ခရီးစဉ် အစုန်၊ အဆန် ပြေးဆွဲမည် ဖြစ်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နာရီတာ-ရန်ကုန် ခရီးစဉ်ပြေးဆွဲရန် ဂျပန် လေကြောင်းလိုင်း (All Nippon)၊ ကိုရီးယန်းအဲ(Korean Air) လေကြောင်းမှလည်း ဆိုးလ်မြို့ အင်ချွန်း-ရန်ကုန် ပြေးဆွဲရန်၊ ထို့အတူ တိုင်ပေ-ရန်ကုန် ပျံသန်းရန် အိဗာအဲ(Eva Air)၊ ဂျာမနီ ကွန်ဒိုအဲ(Condor Air) လေကြောင်း လိုင်းမှလည်း ဖရန်းဖတ်(Frank Furt)-ရန်ကုန် ပျံသန်းခွင့်များ တရားဝင် လျှောက်ထားကြရာ ယခုလက်ရှိ အခြေအနေတွင် လေကြောင်းဦးစီးမှ စိစစ်လျက် ရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် တရားဝင် လျှောက်လွှာတင်ခြင်း မရှိသေးဘဲ လေ့လာနေဆဲ ဖြစ်သည့် ဒရက်ဂွန်အဲ(Dragon Air) မှလည်း ဟောင်ကောင်မှ ရန်ကုန် ပျံသန်းရန် လေ့လာညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြေးဆွဲမည့် အခေါက်ရေ၊ ပျံသန်းမည့်မြို့၊ လေယာဉ်အမျိုးအစား ကန့်သတ်ချက်များသည် နှစ်နိုင်ငံ လေကြောင်းဦးစီးဌာနမှ ချုပ်ဆိုသည့် သဘောတူစာချုပ် အပေါ်တွင်သာ တည်မှီကြောင်း၊ အာဆီယံ ဒေသတွင်း နိုင်ငံများအတွက်မူ အဆိုပါ ကန့်သတ်ချက်မရှိဘဲ လွတ်လပ်စွာ ပျံသန်းခွင့်ပြုထားကြောင်း သိရသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်နိုင်မည့် လေယာဉ်အမျိုးအစားနှင့် စပ်လျဉ်း၍ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူက““လက်ရှိမှာတော့ ၇၄၇ လေယာဉ် အမျိုးအစားပဲ ဆင်းနိုင်တဲ့ ခံနိုင်ရည် ရှိတယ်””ဟု ဆိုသည်။

ဥရောပနိုင်ငံများမှ တိုက်ရိုက်ပျံသန်းခွင့် လျှောက်ထားကြခြင်းကို ကြည့်ခြင်းအားဖြင့် မိမိတို့နိုင်ငံကို စိတ်ဝင်စားမှု ပိုမိုများပြားလာသည်ကို တွေ့နိုင်ကြောင်း လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

ဝဝ၂

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*