အနုပညာသတင်း — ဒီဇင်ဘာ ၂၅၊ ၂၀၁၄

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းတွေ ရေးစပ် သီဆိုထားတဲ့ အဆိုတော် ဇော်ထွဋ်ရဲ့ အနက်ရောင် ဒိုင်ယာရီ တေးစီးရီး ထွက်ရှိပြီးနောက် ရော့ခ်ပရိသတ်တွေ အတွက် MIJ က ဇော်ထွဋ်ကို မေးမြန်းခဲ့ပါတယ်။

မေး – ဇော်ထွဋ်အနေနဲ့ ဒီအနက်ရောင်ဒိုင်ယာရီ တေးစီးရီးကို ဘယ်လို စတင် လုပ်ဖြစ်ခဲ့တာလဲ ဆိုတာရယ်၊ ဘယ် အချိန်ကတည်းက စတင် လုပ်နေခဲ့တာလဲ ဆိုတာ ပြောပြပေးပါ။
ဖြေ – Album တစ်ခုလုပ်ဖို့ကို စိတ်ပြင်းပြနေတာ ကြာပါပြီ။ လွန်ခဲ့သော ၁၀ စုနှစ် တစ်ခုလောက်တည်းက ပြင်ဆင်နေခဲ့တယ်။ သီချင်း ရေးတာတွေရော၊ အဆိုပိုင်းတွေရော အကုန်လုံးကို အချိန်ယူ ပြင်ဆင်ခဲ့တယ်။

မေး – အနက်ရောင်ဒိုင်ယာရီ တေးစီးရီးမှာ ကိုယ်ပိုင်သံစဉ် သီချင်းတွေလို့ သိထားပါတယ်၊ သီချင်းတွေကရော ဘယ်သူတွေ ရေးပေးခဲ့လဲ။
ဖြေ – အနက်ရောင်ဒိုင်ယာရီ Album မှာ စုစုပေါင်း သီချင်း ၁၁ ပုဒ်ပါဝင်ပါတယ်။ သီချင်းတွေ အကုန်လုံး ကျနော် တယောက်တည်း ရေးထားတယ်။ ကိုယ်ပိုင်သံစဉ် Rock တွေချည်းပဲ။

မေး – သီချင်းတွေကို ဘယ်သူတွေ ကြိုက်မယ်လို့ ထင်လဲ။
ဖြေ – Rock သီချင်းတွေဆိုတော့ Rock ကြိုက်တဲ့သူတွေ အတွက် ပိုအဆင်ပြေမှာပါ။ အမှန်တော့ ကိုယ်ကြိုက်တဲ့ Music ကို ဖန်တီးတာပါပဲ။ ကိုယ်ဖြစ်နေတာ၊ ပြောပြချင်တာ၊ ခံစားရတာကို သီချင်းထဲမှာ ထည့်ရေးတယ်။ သီချင်းထဲမှာ ပြောတယ်။ ဒါတွေဟာ တကယ့်အပြင်ဘဝက အဖြစ်အပျက်တွေပါပဲ။

မေး – ကိုယ်ပိုင်သံစဉ်တွေဆိုတော့ ဘယ်လို Arrangement တွေ လုပ်ခဲ့လဲ။
ဖြေ – Music Arrangement ပိုင်းကို ပြောရရင် ကျနော်က သီချင်းတွေ စရေးကတည်းက Arrangement တွေအတွက်ပါ ထည့်စဉ်းစားထားတာ များတယ်။ ဘယ်လိုပုံစံ လုပ်မယ်ဆိုတာတွေ တခါတည်း မှတ်ထားလိုက်တယ်။ တကယ်တီးဖြစ်တဲ့အခါမှာ ဂစ်တာသမား ကိုညီညီထွေးနဲ့ ညှိနှိုင်းပြီး ဖန်တီးခဲ့တယ်။ သူက ဒီအခွေကို အားတက်သရော အကောင်းဆုံး တီးခတ်ပေးခဲ့တယ်။

မေး – ဒီတေးစီးရီးမှာ ပါဝင်တီးခတ်ပေးသူတွေ အကြောင်းလည်း ပြောပြပါအုံး။
ဖြေ – အနက်ရောင်ဒိုင်ယာရီ အခွေမှာ Guitar ညီညီထွေး၊ Bass မြတ်မိုး၊ Keyboard ကိုလတ်၊ Drum စစ်နိုင်ဦးတို့က ပါဝင် တီးခတ်ထားပါတယ်။

မေး – အခု ဇော်ထွဋ်အနေနဲ့ ပထမဆုံး တေးစီးရီးထွက်ရှ ပြီးပြီဆိုတော့ အဲဒီအပေါ်မှာ ဘယ်လို ခံစားရသလဲ ဆိုတာလည်း ပြောပြပါအုံး။
ဖြေ – အခွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ထွက်ပါတယ်။ နှစ်တွေ အကြာကြီးစောင့်ခဲ့ရတဲ့ အခိုက်အတန့် လေးပေါ့ဗျာ။ ခံစားချက်က ပြောပြနိုင်တာထက် ပိုပြီးကြီးကျယ်ပါတယ်။ ဒါဟာ အမြဲတမ်းမျှော်လင့်နေခဲ့တဲ့ အချိန်တစ်ခုပါပဲ။ ဒီအခြေအနေကိုရောက်ဖို့ အများကြီး ရုန်းကန်ခဲ့ရတယ်။

မေး – အခုနောက် ဘာတွေ ဆက်လုပ်မယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ – ရှေ့ဆက်လုပ်ချင်တာတွေ ပြောမယ်ဆိုရင် မပြီးနိုင်ဘူးထင်တယ်ဗျာ။ တကယ်တမ်းတော့ အခွင့်အရေး ရသလောက် အခြေအနေ ပေးသလောက် ဒါတွေလည်း လိုအပ်ပါသေးတယ်။ သေချာတာကတော့ Rock Music ကို ဘယ်တော့မှ မစွန့်လွှတ်ဘူး။ လုပ်နိုင်သလောက် ဆက်လုပ်သွားမယ်။

မေး – ဇော်ထွဋ်အနေနဲ့ ဂီတပရိသတ်ကို ဘာတွေ ပြောချင်လဲ။
ဖြေ – ပရိသတ်ကိုတော့ ဒီအခွေကို အရင်ဆုံး နားထောင်ကြည့်ပါ။ ခံစားကြည့်ပါ။ ပြီးမှ ကြိုက်တယ်၊ မကြိုက်ဘူး ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။

Band-photo-1

၀၄၁

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*