ပြည်တွင်းသတင်း နိုင်ငံတကာသတင်း — ရန်ကုန်၊ ဧပြီ ၂၉၊ ၂ဝ၁၂

UN အထွေထွေအတွင်းရေးမှူး Mr.Ban Ki-moon

အထီးကျန်နိုင်ငံအဖြစ် နှစ်ကာလကြာမြင့်စွာရပ်တည်ခဲ့သော မြန်မာနိုင်ငံသို့ နိုင်ငံတကာအဆင့်မြင့်အရာရှိကြီးများ တစ်ဖွဲဖွဲရောက်ရှိလာလျက် ရှိစဉ်အခိုက်တွင်၊ ကုလသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr.Ban Kimoon သည်လည်း မြန်မာနိုင်ငံရေး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သာမက၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအား စိုက်ဆောင်ရွက်ခဲ့သော အရပ်သားအစိုးရအဖွဲ့နှင့် ပါဝင်ဆွေ့ဆုံဆွေးနွေးရန်အတွက် ဧပြီလ ၂၉ ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာရာ၊ အစိုးရထိပ်တန်းအရာရှိကြီးများက လာရောက်ကြိုဆိုခဲ့ကြကြောင်း၊ ကုလသမဂ္ဂအဖွဲ့ပြန်ကြားရေးအရာရှိဦးအေးဝင်းက အတည်ပြုပြောကြားခဲ့သည်။ Mr.Ban Kimoon က မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများသို့ တံခါးပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ လတ်တလောအစပြုဆောင် ရွက်ချက်များသည် ပြိုကွဲပျက်စီးလွယ်နေဆဲဖြစ်ကြောင်း၊ နယူးယောက်မြို့မှ အထူးလေယာဉ်ဖြင့် မထွက်ခွာမီက ပြောကြားခဲ့သည်။

Mr.Ban Kimoon သည် ၂ဝဝ၉ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သော်လည်း ထိုစဉ်က နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့်မရခဲ့ပေ။

ယခု သုံးရက်တာခရီးစဉ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၁ ရက်နေ့ တွင် ပထမဆုံးနိုင်ငံခြားသားအဖြစ် မိန့်ခွန်းပြောကြားခွင့်လည်းရရှိမည်ဖြစ်သည်။

Mr.Ban Kimoon သည် ဧပြီလ ၂၉ ရက်နေ့ တွင် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ လေယာဉ်ဖြင့် ဆက်လက်ထွက်ခွာမည် ဖြစ်ပြီး၊ သမ္မတဦးသိန်းစိန် နှင့် ဧပြီလ ၃ဝ ရက်နေ့ တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုအများဆုံးဒေသများအနက် တစ်ခုအပါအဝင် ဖြစ်ပြီး၊ ကုလသမဂ္ဂအဖွဲ့က ဘိန်းပပျောက်ရေးစီမံကိန်းများ ချမှတ်လုပ်ဆောင်ပေးထားသော မြောက်ပိုင်းရှမ်းပြည်နယ်ဒေသများသို့လည်း သွား ရောက်ခွင့်ရရှိမည် ဖြစ်သည်။

ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံ၏သမိုင်းတွင်မည့် ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသောအားဖြင့် စစ်ဘက်ဆိုင်ရာမဟုတ်သော ပိတ်ဆို့အရေးယူမှုများကို တစ်နှစ်တာဆိုင်းငံ့ပေးမည်ဖြစ်ကြောင်း၊ ယခု သီတင်းပတ် အစောပိုင်းက ထုတ်ပြန်ကြေငြာခဲ့သည်။ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ Catherine Ashton က ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်လိုက်သော ဥရောပသမဂ္ဂရုံးအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာကျွမ်းကျင်မှု အကူအညီများ ကမ်းလှမ်းသွားမည်ဖြစ်သည့်အပြင် ဝေးလံခေါင်းပါး ဒေသများရှိ ထောက်ပံ့ရေးအစီအစဉ်များ စီမံခန့်ခွဲမှုကို စောင့်ကြည့်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

MIJ

Ref: BBC News  29.4.2012 8:34 GMT

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.