ပညာရေး သတင်း — မန္တလေး၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃

မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း ကျင်းပမည့် ၁၁ ကြိမ်မြောက် ကွန်ပျူတာနှင့် သတင်းအချက်အလက် နည်းပညာပြပွဲ (မန္တလေး)ကို ၂ဝ၁၃ ခုနှစ်၊ မတ် ၁ ရက်မှ ၃ ရက်အထိ မန္တလေးမြို့ မြို့တော်ခန်းမ(၁)တွင် စည်းကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်း ဒုဥက္ကဋ္ဌဦးလှ ကောင်း၏ ပြောပြချက်အရ သိရသည်။ မန္တလေးမြို့နှင့် အထက်မြန်မာပြည်မှ လုပ်ငန်းရှင်များ၊ ကျောင်း သားကျောင်း သူများနှင့် နည်းပညာ လေ့လာလိုသူ များအတွက် အိုင်စီတီ နည်းပညာ ပြန့်ပွား သိရှိစေရန်နှင့် အိုင်စီတီ လုပ်ငန်းရှင်များ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှု များကို မန္တလေးမြို့နှင့် ပတ်ဝန်းကျင် လူထုအကြား ပို့ဆောင်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့်ကျင်းပ ရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

ဝဝ၉

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*