အနုပညာသတင်း — ရန်ကုန်၊ နိုဝင်ဘာ ၁၉၊ ၂ဝ၁၂

ဂျပန်နိုင်ငံတွင် ကျင်းပမည့် အာရှနိုင်ငံတကာ ကလေးများ ရုပ်ရှင်ပွဲတော်သို့ ရုပ်ရှင်အစည်းအရုံးမှ ဒါရိုက်တာ ၁ ဦးနှင့် ကလေး ၃ ဦးတို့ ယခုလ ၁၉ ရက်က ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားကြပါသည်။

ယင်းကလေးများ ရုပ်ရှင်ပွဲတော် သည် ဂျပန်နိုင်ငံတွင် နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး အာရှနိုင်ငံ ၁၂ နိုင်ငံတို့ မှ ကလေးများ ပါဝင် တက်ရောက်ကြရပြီး ဂျပန်နိုင်ငံ အာဂျီဝကျွန်း၌ ယခုလ ၂၄ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဆုရရှိသည့် ကလေးငယ်များနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်

ဆုရရှိသည့် ကလေးငယ်များနှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်

ထိုရုပ်ရှင်ပွဲတော်အတွက် ရုပ် ရှင်အစည်းအရုံးမှ အသက် ၁၈ နှစ် အောက်ကလေးများကို ၃ မိနစ်စာ ဇာတ်လမ်း တို့ ရိုက်ကူး ယှဉ်ပြိုင်စေ၍ အစည်းအရုံးမှ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ဒါရိုက်တာ ပညာရှင် ၁၃ ဦးတို့က ပါဝင် ယှဉ်ပြိုင်ကြသော ကလေး ၁၂ ယောက်၏ ဇာတ်လမ်း တိုများမှ ဇာတ်လမ်း ၃ ခု ရွေး ချယ်ပြီး ယင်းဇာတ်လမ်းတို ရိုက်ကူး သော ကလေးငယ် ၃ ဦးကို အုပ်ချုပ်သူ ဒါရိုက်တာ ကြည်ဖြူသျှင် က ဦးဆောင်ပြီး သွားရောက်ကြောင်း သိရသည်။

“ကိုယ့်အတွက် အတွေ့အကြုံသစ် လည်းဖြစ်တယ်။ ပြီးတော့ ရုပ်ရှင်လောကမှာ အမျိုးသမီး ဒါရိုက်တာ အရမ်း ရှားတယ်။ ဒီလိုရှားတဲ့ အထဲကမှ အခုဇာတ်လမ်းတိုပြိုင်ပွဲ မှာ ဆုရတဲ့ ၃ ယောက်လုံးက မိန်းကလေးတွေချည်း ဖြစ်နေတယ်။ အဲဒါကို အရမ်းဝမ်းသာတယ်။ ကလေးတွေနဲ့ ဂျပန်ကို သွားမယ့် လေ့လာရေးလည်း ဖြစ်တယ်။ ရုပ်ရှင်လောက အတွက် အမျိုးသမီး ဒါရိုက်တာ အသစ်တွေ ပေါ်ထွန်းလာမယ့် အလားအလာလည်း ဖြစ်ပါတယ်” ဟု အုပ်ချုပ်သူ အဖြစ် သွားရောက်မည့် ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်မှာ ၈ ရက်ကြာ သွားရောက်မည် ဖြစ်ပြီး ခရီးစဉ်ကို ဂျပန်မှ စီစဉ်ပေးသည့် အချိန်ဇယားအတိုင်း သွားရ မည် ဖြစ်ကြောင်း၊ နယ်လေ့လာရေး ကျောင်းများသို့ သွားရောက် လေ့လာခြင်း၊ ဗဟုသုတ ရရှိမည့် ဂိမ်း များ ကစားခြင်း၊ ဂျပန်ရိုးရာ ယဉ်ကျေးမှုကို လေ့လာခြင်းနှင့် ရုပ်ရှင်ပွဲတော်သို့ တက်ရောက်ကာ သင်္ကြန်မိုး သင်္ကြန်တေးသီချင်းဖြင့် ဖျော်ဖြေ မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်သို့ သွားရောက်မည့်အဖွဲ့ မှ မယွန်းသဒ္ဒါအောင်(သရုပ်ဆောင် ယွန်းယွန်း)က “သမီးလည်း မထင်မှတ်ဘဲ ဝါသနာပါလို့ စိတ်ဝင်စားတဲ့ အလုပ်တစ်ခု လုပ်တာ အောင်မြင်သွားပြီး ဒီလောက်ထိ ပြည်ပတောင် သွားရမယ့် အခွင့်အရေး တစ်ခုရတဲ့ အတွက် အရမ်းပဲ ဝမ်းသာပါတယ်။ အဓိကတော့ ဗဟုသုတ ရှာဖွေဖို့ အတွက် ပြင်ဆင် ထားပြီး လေယာဉ် အတက် အဆင်းနဲ့ လေဆိပ်မှာ မြန်မာလို့ ထင်ရှားစေတဲ့ ဝတ်စုံလေးတွေ ချုပ်ထားတယ်။ တခြား နိုင်ငံတွေနဲ့ တွေ့လို့ရှိရင် လက်ဆောင်ပေးဖို့ အတွက်လည်း စီစဉ်ထားပါတယ်” ဟု ပြောသည်။

ယခု သွားရောက်မည့် ပွဲတော်သည် နှစ်စဉ် ကျင်းပမြဲဖြစ်ပြီး ယခင်နှစ်က အစည်းအရုံးမှ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်နှင့် ဦးမျိုးဇော်အောင် ဦးဆောင်ကာ အမျိုးသား/ အမျိုးသမီး ကလေး ၁ဝ ဦး သွားရောက် ခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်က သွားရောက်ခဲ့သည့် အဆိုပါ ရုပ်ရှင်ပွဲတော် အစီအစဉ်သည် ဂျပန်နိုင်ငံ၏ ၅ နှစ်တာ စီမံကိန်း နောက်ဆုံးနှစ် ဖြစ်ခဲ့ပြီး ယခုနှစ် ၂ဝ၁၂ ခုနှစ်တွင် ခီဇူးန (သံယောဇဉ် ခိုင်မာမှုအစီအစဉ်) နာမည်ဖြင့် စီစဉ်ထားခြင်း ဖြစ်သည်ဟု ယခင် သွားရောက်ခဲ့သည့် အကယ်ဒမီ ဒေါ်ခင်လေးသိမ့်က ပြောကြားခဲ့သည်။

ဇာတ်လမ်းတို ပထမဆု ရရှိခဲ့သည့် မဆုဝင့်မောင်၏ မိခင်က “ဒီလို သူ ဝါသနာ အရမ်းပါတဲ့ ကိစ္စကို ပါဝင် ယှဉ်ပြိုင်ပြီး ဆုရတဲ့ အတွက်ကော နိုင်ငံတကာ ခရီးစဉ်ကို သွားရမှာ ဖြစ်တဲ့အတွက်ကော အရမ်းဂုဏ်ယူ ပါတယ်” ဟု ပြောကြားခဲ့သည်။

၂ဝ၁၂ ခုနှစ်၊ အာရှနိုင်ငံတကာ ကလေးများပွဲတော်၌ ဇာတ်လမ်းတို ပြိုင်ပွဲတွင် “Build up your Life with affection” နှင့် ပထမဆုကို မဆုဝင့်မောင်၊ “Life For you” နှင့် ဒုတိယဆုကို မသူ့ဟန်သွယ်၊ “Daughter of UNICEF” ဖြင့် တတိယဆုကို မယွန်းသဒ္ဒါအောင် တို့က ရရှိခဲ့ပြီး ဂျပန်ခရီးစဉ်ကို ယခုလ ၁၉ ရက်၊ ညနေ ၆ နာရီခွဲတွင် ထွက်ကာ ၂၆ ရက်၊ မနက် ၉ နာရီခွဲခန့်တွင် ပြန်လည် ရောက်ရှိကြမည် ဖြစ်ကြောင်း သိရသည်။

ဝဝ၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*