ပြည်တွင်းသတင်း — ရန်ကုန်၊ မတ်၂ဝရက်၊ ၂ဝ၁၃

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ကျောက်ပုံကမ်းနားအနီး ငမိုးရိပ်ချောင်းအတွင်း ပြီးခဲ့သည့်မတ်လ ၁၅ရက်နေ့က အမည်မသိ အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိကြောင်း စာဘူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက လှည်းကူးမြို့နယ် ရဲစခန်းသို့ လာရောက် သတင်းပို့သဖြင့် မြို့နယ်ရဲတပ်ဖွဲမှုး စခန်းမှူး တို့က ထိုအလောင်းအား သွားရောက်စစ်ဆေးရာ ဝဲရင်အုံ၊ ဝဲနံကြား၊ ယာရင်အုံ၊ ဝဲလက်ပြင်တို့တွင် ထိုးသွင်း ဒဏ်ရာ ၄ချက်ဖြင့်သေ ဆုံးနေသည်ကို တွေရသဖြင့် လူသတ်မှုဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။ ထိုသို့စုံစမ်းအရေးယူမှုများကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲမှူး၏ လမ်းညွန် ချက်ဖြင့် ခရိုင် ရဲတပ်ဖွဲ့မှူးမှ အဖွဲ့ခေါင်းအဖြစ် ဦးဆောင်ခဲ့ပြီး အထူးအမှုစစ် အဖွဲ့အား ဖွဲစည်းကာ တာဝန်ပေးအပ်ခဲ့သည်။

 အထူး အမှုစစ်အဖွဲသည် အဖွဲ့ခွဲပြီး အခင်းဖြစ်ပွားခဲ့သည့် အရပ်အား စစ်ဆေးခြင်း၊ နယ်မြေအတွင်း လူစိမ်း ဝင်ရောက်မှုများအား စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခဲ့ရာတွင် လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာတွင် ယခင်က နေထိုင်ခဲ့ပြီး လွန်ခဲ့သော ၁ဝနှစ်ခန့်က မြဝတီသို့ပြောင်းရွှေ သွားသည့် အေးကို ဆိုသူသည် မတ်လ ၁၂ရက်နေ့ နံနက်ပိုင်းတွင် ထိုရွာသို့ ရောက်ရှိနေပြီး မတ်လ ၁၃ရက်နေ့ နံနက်ပိုင်းတွင် အေးကို၏ သမီး ကစ်ကစ်နှင့် အမည်မသိ အမျိုးသား တစ်ဦးရောက်ရှိနေကြောင်း ထပ်မံ စုံစမ်းသိရှိရသည်။ မတ်လ ၁၄ ရက်နေ့ တွင် အေးကိုနှင့် အမည်မသိ အမျိုးသား တို့မှာ ပြန်လည် ပျောက်ဆုံးသွားကြောင်း သိရသဖြင့် အထူး စုံစမ်း စစ်ဆေးရေးအဖွဲမှ မတ်လ ၁၈ရက်နေ့တွင် အေးကို၏ဖခင် ဦးမောင်အုန်း၊ ဇနီးစန်းစန်းနွဲ့၊ သမီးကစ်ကစ် နှင့် ခယ်မမိုးမိုးတို့အား ခွဲခြားစစ်ဆေးပြီး သေဆုံးသူ၏ ဓါတ်ပုံအား ပြသခဲ့ရာ သေဆုံးသူမှာ ကစ်ကစ်အား မဲဆောက်မြို့သို့ ခိုးယူသွားသည့် မျိုးဇော်ဦး ဆိုသူဖြစ်ကြောင်း သိရသည်။ သေဆုံးသူသည် မယားကြီး ရှိလျှက်နှင့် ၄င်း၏သမီးအား ခိုးယူပေါင်းသင်းသဖြင့် မကျေနပ်၍ ၄င်းဇာတိဖြစ်သည့် လှည်းကူးမြို့သို့ မင်္ဂလာ ကိစ္စ ဆွေးနွေးရန်ဟု အကြောင်းပြကာ ခေါ်ခဲ့ပြီး ယခုလို သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရမိသည့် တရားခံ အေးကိုမှ ဝန်ခံခဲ့သည်။ ဖြစ်ပေါ်ခဲ့သည့် လူသတ်မှုအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ တိုင်တန်းပြီး (၅)ရက် အတွင်း တရားခံအားဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ဝ၃၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*