ပြည်တွင်းသတင်း — မန္တလေး၊ နိုဝင်ဘာ ၁၇၊ ၂ဝ၁၂

နိုဝင်ဘာ ၁၁ ရက်က လှုပ် ခတ်ခဲ့သော အင်အားရစ်ချက်စတာ စကေး (၆.၈)အဆင့်ရှိ အနက်တိမ်၊ ဖျက်အားပြင်း မြေငလျင် ဒဏ်ကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မင်းကွန်းခေါင်းလောင်း အနည်းငယ် ရွေ့လျားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ပုထိုး တော်ကြီးကိုလည်း အန္တရာယ်ဇုန် အဖြစ် သတ်မှတ်ကာ တက်ရောက်ခွင့် ယာယီ ပိတ်ထားလိုက်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ခေါင်းလောင်းကြီးနေရာ ရွေ့သွားတာကို ကြည့်ခြင်းအားဖြင့် ပုထိုးတော်ကြီး အတွက်လည်း စိုးရိမ်ပူပန်နေကြတာ။ သက်ဆိုင်ရာ တွေက လာပြီးတော့ စစ်ဆေးတာတွေ ဘာတွေတော့ လုပ်နေကြတယ်။ ပျက်စီးမှု အခြေအနေတွေကို ဒီနေ့အထိ မသိရသေး ပါဘူး။ တစ်နေ့လောက် ကတော့ ပုထိုးတော်ကြီးပေါ်ကို တက်ရောက်ခွင့် ပိတ်လိုက်တယ်လို့ ကြားပါတယ်။ သတိပေး ဆိုင်းဘုတ် လည်း ရေးထားတယ်” ဟု မြသိန်းတန် ဘုရားအနီး အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်မှ ဆိုင်ရှင်ဖြစ်သူ က ပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီး အနေဖြင့် ငလျင် လှုပ်ခတ်မှုဒဏ်ကို အပြင်းအထန် မခံခဲ့ရသော်လည်း မြို့နယ်ရပ်ကွက် အချို့ရှိ ဘုရားပုထိုး စေတီအချို့နှင့် လူနေ အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိခဲ့ကာ မင်းကွန်း ခေါင်းလောင်းကြီး သည်လည်း မူလတည်နေရာမှ မြောက်ဘက်သို့ အနည်းငယ် ရွေ့ လျားသွားခဲ့ကြောင်း မျက်မြင် အခြေအနေများအရ သိရသည်။

ငလျင် လှုပ်ခတ်စဉ်က မျက်မြင် တွေ့ရှိခဲ့သည့် ဧည့်ကြိုတစ်ဦးကလည်း “ခေါင်းလောင်း နှုတ်ခမ်းသားနဲ့ ထောက်ထားတဲ့ တိုင်နဲ့က မြောက်ဘက်ခြမ်းမှာဆို ပိုနီးသွားတယ်။ တောင်ဘက်ခြမ်းမှာကျတော့ နေရာနည်းနည်း ပိုကျယ်သွားတာ ကျွန်တော်တို့ တစ်ကိုယ်စာဝင်လို့ရတယ်။ ငလျင်လှုပ်နေတုန်းက ဟိုဘက်ဒီဘက် ဖြည်းဖြည်းလေး ရမ်းနေတာကို တွေ့ ရတော့ ကျွန်တော်တို့ နှစ်ယောက်လည်း ခေါင်းလောင်းကြီး ပြုတ်များ ကျလာမလား လို့တောင် စိုးရိမ်ခဲ့သေးတယ်”ဟု အဖော်ဖြစ်သူကို သက်သေပြု၍ ပြောပါသည်။

တက်ရောက်ခွင့် ပိတ်လိုက်သည့် မင်းကွန်း ပုထိုးတော်ကြီး

တက်ရောက်ခွင့် ပိတ်လိုက်သည့် မင်းကွန်း ပုထိုးတော်ကြီး

တက်ရောက်ခွင့် ပိတ်လိုက်သည့် မင်းကွန်း ပုထိုးတော်ကြီး

တက်ရောက်ခွင့် ပိတ်လိုက်သည့် မင်းကွန်း ပုထိုးတော်ကြီး

ငလျဉ်လှုပ်ခတ်မှုကြောင့် မင်းကွန်း ခေါင်းလောင်း အနည်းငယ် ရွေ့လျားသွားခြင်းနှင့်အတူ ပုထိုးတော်ကြီးအပါအဝင် အနီး အနားဝန်းကျင် ဒေသအတွင်းရှိ မြသိန်းတန် စေတီတော်၏ ထီးတော်အောက်ပိုင်း ငှက်ပျောဖူးနေရာရှိ အင်္ဂတေရွဲလုံးများနှင့် ထီးတော်တွင် ချိတ်ဆွဲထားသည့် ညောင်ရွက်များ မြေခခဲ့ခြင်း၊ မင်းကွန်းဆရာတော်ဘုရားကြီး သီတင်းသုံးရာ ဓမ္မနာဒ တိုက်ကျောင်း ကွန်ကရစ် အုတ်တိုင်အချို့တွင် အက်ကြောင်းရာများ ဖြစ်ပေါ်ရာမှ တစ်ဆင့် ကွာကျခြင်းနှင့် အခြားသောစေတီ ပုထိုးအချို့တို့ ကွဲအက်ပျက်စီးမှု အနည်းငယ် ဖြစ်ပေါ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ငလျဉ် ဆက်လက်လှုပ်ခတ်မည် မလှုပ်ခတ်မည်ကို သေချာစွာ မသိရသေးသော်လည်း နောက်ဆက်တွဲဖြစ် ပေါ် တတ်သည့် မြေငလျင်တို့၏ သဘာဝ ဖြစ်စဉ်များအရ အန္တရာယ်နှင့်ကြုံ တွေ့လာပါက ထိခိုက်သေဆုံးမှုများ ရှိလာနိုင်သည့် အတွက် ငလျင် လှုပ်ပြီး နောက်တစ်ရက်မှစ၍ မင်းကွန်း ပုထိုးတော်ကြီးပေါ်သို့ တက်ရောက်ခွင့်ကို ယာယီ တားမြစ် ထားကြောင်း ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*