ပြည်တွင်းသတင်း — မန္တလေး၊ ဧပြီ ၂၊ ၂ဝ၁၃

စင်ကာပူ သမ္မတနိုင်ငံ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းနှင့် ဇနီးဖြစ်သူ မစ္စစ်မေရီတန်တို့သည် ဧပြီ ၂ ရက် မွန်းလွဲပိုင်း အချိန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ယဉ်ကျေး မှု ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဦးသန်းဆွေနှင့် အဖွဲ့ဝင်များ နှင့်အတူ  မြန်မာနိုင်ငံ မန္တလေးမြို့သို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိ လာသည်။

ရှေးဦးစွာ သမ္မတ ဒေါက်တာ တိုနီတန်ကင်ယမ်းနှင့်ဇနီးတို့သည် မန္တလေးမြို့ ၆၅ လမ်းပေါ်ရှိ ကုတင် ၅၅ဝ ဆံ့ ဆေးရုံကြီးသို့ သွားရောက်၍ လေ့လာခဲ့ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူ များက ဆေးရုံဝင်းအတွင်း လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

ဆက်လက်၍ စင်ကာပူ သမ္မတ နှင့်ဇနီးတို့သည် ရွှေနန်းတော်ကြီး အတွင်းရှိ မြနန်းစံကျော် ရွှေနန်း တော်သို့ ကြည့်ရှု လေ့လာခဲ့ကြပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုး ခဲ့ကြသည်။

ဧပြီ ၂ ရက်၊ မွန်းလွဲ ၁ နာရီ အချိန်က မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် စင်ကာပူ သမ္မတနှင့် ဇနီးတို့အား မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသော မန္တလေးမြို့တော် စည်ပင်သာယာရေး ဝန်ကြီးဌာန မန္တလေးမြို့တော်ဝန် ဦးအောင်မောင်းနှင့် လူမှုရေးဝန်ကြီး ဌာန ဝန်ကြီး ဒေါက်တာဝင်းလှိုင် တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

mdy1

 

ဝဝ၉

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)