ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၂၊ ၂ဝ၁၃

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသောကြောင့် မိမိတို့၏ ခွန်အားနှင့် အသက်သွေးချွေးများကို ပေးဆပ်၍ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး အလံတော်ကို ရန်ကုန်မြို့၊ မြို့တော် ခန်းမမှ ကချင်ပြည်နယ်သို့ သယ်ဆောင် သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လိုလားသူ လူငယ်များ က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးကို လိုလားသော လူငယ်များ စုစည်း၍ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ရွှေတိဂုံဘုရား ၌ အောင်မြေနင်းဆုတောင်းမေတ္တာ ပို့သပွဲပြုလုပ်ခြင်း၊ သခင် ကိုယ်တော်မှိုင်း၏ ဂူဗိမာန်အား ကန်တော့ခြင်းများ ပြုလုပ်ပြီး ရန်ကုန်မြို့၊ မြို့တော် ခန်းမမှ ပဲခူးမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့သို့ ငြိမ်းချမ်းရေး အလံတော် ကို ခြေလျင် လမ်းလျှောက် သယ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ သယ်ဆောင်မည့်ခရီးစဉ်သည် အချိန်ကာလတစ်လကျော်ကြာမြင့် မည်ဖြစ်ကြောင်း၊ လမ်းခရီးတွင်  အတား အဆီးများ ကြုံတွေ့လာလျှင် လည်း နောက်မဆုတ်ဘဲ ရင်ဆိုင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လိုလားသူ လူငယ်များအဖွဲ့ က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး အလံတော်ကို သယ်ဆောင်၍ ခြေလျင်လမ်းလျှောက်မည့် အကြောင်းရင်းနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး လိုလားသူ ခြေလျင် လမ်းလျှောက် အဖွဲ့ဝင် ကိုရန်နိုင်ထွန်း က “ပြည်တွင်းစစ်တွေငြိမ်းစေဖို့ အပင်ပန်းခံပြီး လမ်းလျှောက်မှာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ပြည်တွင်းစစ် ရပ်စဲဖို့ဆိုတာ အစိုးရ အပေါ်မှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ လက် နက်ကိုင်တွေ၊ အပစ်အခတ်ရပ်စဲ ထားတဲ့ နိုင်ငံရေးအင်အားစုတွေက လည်း ကချင်ပြည်နယ်မှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ငြိမ်းချမ်းစေဖို့ ပါဝင်စေချင်ပါတယ်”ဟုပြောသည်။

ယင်းသို့ လမ်းလျှောက် ခရီးစဉ်အနေဖြင့် ရန်ကုန်မှ ကချင်ပြည်နယ်သို့ မိုင် ၇ဝဝ ကျော်ခန့် နားရက်မရှိ အချိန်ကာလ တစ်လကျော်ခန့် လမ်းလျှောက်ဖြတ်သန်း မည်ဖြစ်သည်။

ယင်းကဲ့သို့ ငြိမ်းချမ်းရေး အလံ တော်ကို လမ်းလျှောက် သယ်ဆောင်ရာတွင် ပါဝင်မည့်သူများအနေဖြင့် အချိန်ကြာမြင့်စွာ လမ်းလျှောက်နိုင်ရန် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်သင့်ကြောင်း သာမန်လူတစ်ဦး အနေဖြင့် တစ်ရက်လျှင် လမ်းလျှောက်ချိန် ၁ဝ နာရီခန့်သာ ပြုလုပ်သင့် ကြောင်း၊ ခရီးရှည်အချိန်ကာလ ကြာမြင့်စွာ လမ်းလျှောက်နိုင်ရန် အတွက် အချိန် ၂ လလောက်ကြိုတင်လေ့ကျင့် မှုများ ပြုလုပ်ထားသင့်ကြောင်း တက္ကသိုလ်ခြေလျင်တောင်တက် အသင်း၊ သဘာဝခေါ်သံဖောင်ဒေး ရှင်းဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်မြို့မှ  ကချင်ပြည်နယ်အထိ ငြိမ်းချမ်းရေး အလံတော်အား လမ်းလျှောက်သယ် ဆောင်ရာတွင် ကြုံတွေ့နိုင်သည့် အခက်အခဲများနှင့် ပတ်သက်၍ ဒေါက်တာ မျိုးသန့်က “ရန်ကုန်- မန္တလေး ကားလမ်းတွေမှာ လမ်း လျှောက်မယ် ဆိုရင် နေ့ဘက်မှာ အပူမိမှာသေချာတယ်။ နောက်ပြီး ညှပ်ဖိနပ်ပဲဖြစ်ဖြစ် ကင်းဘက်ဖိနပ်နဲ့ပဲ ဖြစ်ဖြစ် လမ်းလျှောက်မယ် ဆိုရင် ဖိနပ်ပေါက်မယ်။ ရေအလုံအလောက် နဲ့ အရည်ရွှမ်းမယ့် အစားအစာတွေ ကို စားဖို့လိုအပ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

ယင်းနောက် ခရီးရှည်လမ်း လျှောက်သူများအနေဖြင့် ခရီးပန်းမှု ကြောင့် အအေးမိခြင်း၊ ဖျားနာခြင်း များ ကြုံတွေ့ရလာနိုင်ပြီး ချွေးထွက် များလာလျှင် ရေဓာတ်နှင့် ဆားဓာတ်များ ဆုံးရှုံးနိုင်ကြောင်း ဒေါက်တာ မျိုးသန့်က ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့(မြို့တော်ခန်းမ)မှ ကချင်ပြည်နယ်သို့ ငြိမ်းချမ်းရေး အလံတော်အား လမ်းလျှောက် သယ်ဆောင်သည့် ခရီးစဉ်သည် မန္တလေး၊ စစ်ကိုင်း မြို့များကို ဖြတ်ကျော်ကာ အချိန် ၁ လခွဲခန့် ကြာမြင့်မည်ဖြစ်သည်။

ဝဝ၁၊ ဝဝ၈

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*