အနုပညာသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂ဝ ၊ ၂ဝ၁၃

စာပေမြှင့်တင် လူ့စွမ်းအင် စာဖတ်စာရေး ဒုတိယအဆင့်ပြိုင်ပွဲကို ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ဇန်နဝါရီ ၁၉၊ ၂ဝ ရက်များတွင် တော်ဝင်စင်တာ မိသားစုကုမ္ပဏီမှ ကြီးမှူး ကျင်းပပေးခဲ့သည်။ “မြန်မာနိုင်ငံမှာ ဒီလိုမျိုး ထူးထူး ခြားခြား လုပ်တဲ့ ပြိုင်ပွဲက ပထမဦးဆုံးအကြိမ် ဖြစ်ပြီး ဝတ္ထုပြိုင်ပွဲမဟုတ်ဘဲ စင် ပေါ်တက်ပြီး စာရေး စာဖတ်တာ ကို ပြိုင်ရတော့ အရမ်းဂုဏ်ယူမိတယ်” ဟု ဒုတိယအဆင့်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရသည့် မန္တလေးမြို့မှ လာရောက် ယှဉ်ပြိုင်သူ ဝေယံမောင်မောင် က ဆိုသည်။

အဆိုပါ ပြိုင်ပွဲအသေးစိတ်အချက်  အလက်နှင့်ပတ်သက်၍ “ဆန်ခါတင်  အဆင့်တွေရွေးပြီး ဒုတိယအဆင့် ပြိုင်ပွဲ ဝင်ဖို့ တော်ဝင်စင်တာက ပြိုင် ပွဲတွေ အဆင့်ဆင့် စနစ်တကျ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ပြိုင်ပွဲဝင်တွေ ကလည်း ချမှတ်ထားတဲ့ စည်းကမ်း အတိုင်း ကြိုးစားခဲ့ပါတယ်။ အခုလို ဒုတိယအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ဝမ်းသာ ပါတယ်။ ကျန်တဲ့ လူတွေက ကူညီပံ့ပိုးပေးလို့လည်း ဆန်ခါတင် အဆင့် ဝင်ခဲ့တာပါ။ ဒီလိုပြိုင်ပွဲတွေက မြန်မာစာပေ အတွက် တစ်ခန်းတစ်ကဏ္ဍတော့ အကျိုးပြုပါတယ်” ဟု ယင်းက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ထို့နောက် ပြိုင်ပွဲဝင် အိမွန်အောင်ကလည်း “အခုပွဲက တခြားပွဲတွေနဲ့ မတူတဲ့ ရှားပါးတဲ့ပွဲဖြစ်တယ်။စာပေ ချစ်တဲ့သူတွေ လုပ်တော့ တန်ဖိုးလည်း ရှိတယ်။ ဒီပြိုင်ပွဲ ဝင်ပြိုင် ရတာ ဗဟုသုတ လည်း ရတယ်။ ပြိုင်ပွဲဝင်ဖို့ မေးခွန်းတွေအတွက် စာ ဖတ်ရတယ်။ အခု Presentation အတွက်လည်း တချို့စာတွေဖတ်ခဲ့ ရတယ်။ အခုက စာပေနဲ့ ပတ်သက် ပြီး ဒါ ပြိုင်တာ ပထမဦးဆုံးပါ။ နောက် လူငယ်တွေပဲ ပြိုင်ကြတယ်။ ညီမသိတော့ ညီမ သူငယ်ချင်းတွေ သိလာတယ်။ သူတို့လည်း နောက် ဝင်ပြိုင်ကြမယ်။ အခု တော်ဝင် စင်တာ လာတဲ့ လူငယ်တွေလည်း သိသွားမယ်လေ။ သူတို့လည်း ဗဟုသုတ ရတယ်” ဟု ဆိုသည်။

ယခု ဒုတိယအဆင့်ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် ဆန်ခါတင်အဆင့်အယောက်  ၂ဝ ပါဝင်ယှဉ်ပြိုင်ကြပြီး စာဖတ်ခြင်း ဖြင့် လူ့လောက အကျိုးပြုပုံ ခေါင်း စဉ်ကို အကိုးအကားများဖြင့် တင် ဆက်ဟောပြောကြရသည်။ထိုပြိုင်ပွဲဝင် အယောက် ၂ဝ ထဲမှ ရန်ဟိန်းအောင်၊  ဝေယံမောင်မောင် (ကောလိယ မောင်မောင်)၊ မြတ်သီရိမောင် (မောင်-ဆေး-၁)၊ ဖြိုးဖြိုးဝေ(ခ) မြူပါးရ်၊ ဖြူစင်ခိုင်၊ မင်းစိုးသူရတို့ ၆ ဦးသည် နောက်ဆုံးအဆင့်သို့ တက်ရောက်ခဲ့ပြီး လူ့အဖွဲ့အစည်းကို သုတစာပေက ပို၍ အကျိုးပြုသည်၊ လူ့အဖွဲ့အစည်းကို ရသစာပေက ပို၍ အကျိုးပြုသည် ဟူသော ခေါင်း စဉ်ဖြင့်  စကားအချေအတင် ပြော ဆို ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် ပြိုင် ပွဲဝင် ၆ ဦးထဲမှ ၃ ဦးကို ရွေး ချယ်ပြီး ပထမဆု ကျပ် သိန်း ၃ဝ၊ ဒုတိယဆု ကျပ်သိန်း ၂ဝ ၊ တတိယဆု ကျပ် ၁ဝ သိန်းနှင့် ကျန် ၃ ဦးအား ဆုငွေကျပ် ၂ သိန်းစီ အသီးသီးချီးမြှင့် ပေးသွားမည်ဟု သိရပါသည်။

စာပေမြှင့်တင် လူ့စွမ်းအင် (စာဖတ်၊ စာရေး စွမ်းရည်ပြိုင်ပွဲ) နောက်ဆုံးအဆင့် ပြိုင်ပွဲနှင့်အတူ စာပေနှင့် လူငယ် ခေါင်းစဉ်ဖြင့် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ၊ စာဖတ်ခြင်း ၏ အကျိုးပြုပုံ ခေါင်းစဉ် ဖြင့် စာပေအနုပညာရှင် အကယ်ဒမီ ခန့်စည်သူ၊ အောင်မြင်မှုကိုရှာဖွေ ခြင်း ခေါင်းစဉ်ဖြင့် ဦးကိုကိုထွေး၊ စာပေဖြင့် ဘဝကို မြှင့်တင်ခြင်း    ခေါင်းစဉ်ဖြင့် လင်းသိုက်ညွန့် (မြန်မာ့မြေ) တို့၏ စာပေဟောပြောပွဲကျင်းပ မည်ဖြစ်သည်။ ထို့ပြင် အနုပညာ တင်ဆက်မှု အဖြစ် အဖြူရောင်သက်တံ အနုပညာ အဖွဲ့ဝင်များ ဖြစ်ကြသည့် တယော ဖိုးစံ၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်းနှင့် စောဝေတို့၏ ကဗျာအနုပညာတင်ဆက်မှု၊ တေးသံရှင် ချစ်သုဝေ၏ အနုပညာ ရုပ်ပုံလွှာ တင်ဆက်မှု တို့ဖြင့် ဇန်နဝါရီ ၂၇ ရက်၊ ညနေ ၃ နာရီမှ စတင်ကာ တော်ဝင်စင်တာ ၇ လွှာတွင် ကျင်း ပပြုလုပ်မည်ဟုသိရှိရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*