ဆောင်းပါး — ဧပြီ ၃၊ ၂ဝ၁၃

ကျွန်တော် “ရွှေလက်ဝါ”ပါ။ ဒီနှစ်ပိုင်းတွေမှာ စာပေဟောပြောပွဲ တွေကလည်း  အတော့်ကို ကျင်းပ ကြပါတယ်။ ကျွန်တော်လည်း ကျွန် တော်နဲ့ နီးစပ်ရာ စာပေဟောပြောပွဲ တွေကို အခု တလော ဆက်တိုက် ဆို သလိုမျိုး ရောက်ဖြစ် ပါတယ်။ ပြောရမယ် ဆိုရင် အခုခေတ် စာပေဟော ပြောပွဲတွေက ကျွန်တော်နဲ့ Different နည်းနည်း ဖြစ်နေပါတယ်။ အခုတော့ ဆရာဖေမြင့်၊ ဆရာမ မသီတာ (စမ်းချောင်း) တို့ကလည်း သူတို့ပဲ ပြောနေ ရတာ ထက် ပါဝင်ဆွေးနွေးသူ ရှိရင် ကောင်းမယ်လို့ ပြောပါတယ်။ ဒီတော့ လည်း အခုခေတ်“စာပေဟောပြောပွဲ” တွေနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ အမြင်လေးကိုလည်း နည်းနည်း ဝင်ရောက်ဆွေးနွေးလိုပါတယ်။ ကျွန်တော် အခု ပြောမှာတွေက ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဝေဖန် တိုက်ခိုက်တာ မဟုတ်ပါဘူး။

တကယ်လို့ စွပ်စွဲပြစ်တင်တာ မျိုး ပါသွားခဲ့ရင်လည်း အရင်ဆုံး တောင်းပန်ပါတယ်။ ဘာလို့လည်း ဆိုတော့ စင်ပေါ်တက်ပြောကြ၊ ဟောကြတဲ့ ဆရာသမားတွေ အားလုံး ကျွန်တော့်ထက် အသက်ဂုဏ်ဝါ ပညာ သမ္ဘာကြီးကြလို့ပါ။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက ပြောချင်တာလေး တွေ ရှိနေတော့လည်း ကျွန်တော့်   ဆန္ဒ ရှိတာလေးတွေ ရေးမိတာပါ။

အရင်ဆုံး စာပေဟောပြောပွဲ ခေါင်းစဉ်အောက်မှာ နိုင်ငံရေးဟော ပြောမှုတွေ ရေပန်းစားနေတာကို ပြောချင်ပါတယ်။ ကျွန်တော်တို့က စာပေ ဟောပြောပွဲ စင်မြင့်မှာ စာပေအကြောင်း  မပါ နိုင်ငံရေး အငြိစကားလုံး၊ အထေ့  စကားလုံးတွေနဲ့ ဟောကြပြောကြတာ ကို သွားတွေ့ရပါတယ်။ တချို့စာ ရေးဆရာ ကိုယ်တိုင်၊ ဟောပြောသူ ကိုယ်တိုင် ကလည်း စာပေဟောပြော ပွဲခေါင်းစဉ်နဲ့ မကိုက်ညီတဲ့အကြောင်း ဝန်ခံပြီး မကိုက်ကိုက်အောင် စာလေး ကဗျာလေး တစ်ပုဒ်လောက် ရွတ်ပြပြီး လိုရာရောက်အောင် ဟောသွား ကြတာတွေလည်း ရှိကြပါတယ်။

တချို့ တချို့ စာပေပညာရှင်စစ်စစ် ကြီးတွေကတော့ တကယ့်တကယ် ကို စာပေစင်မြင့်ပေါ်မှာ စာပေအကြောင်း အရာ စစ်စစ်တွေကိုပဲ တင်ဆက်သွား ကြတာကို လည်း တွေ့ရပါတယ်။ အများစုကတော့ စာပေဟောပြောပွဲ ခေါင်း စဉ်အောက်မှာ နိုင်ငံရေးတွေ ရောထွေးနေတယ်လို့ ဝိဝါဒတွေ ကွဲ ပြားနေကြပါတယ်။ တကယ့် တကယ် တမ်း စာပေနဲ့ နိုင်ငံရေးဟာ ဘာမှ မဆိုင်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ စာကြည့်တိုက်တစ်ခုခု ကို ရောက်သွားရင်ပဲဖြစ်ဖြစ်၊ စာအုပ် ဆိုင် တစ်ခုခုရောက် သွားရင်ပဲ ဖြစ်ဖြစ် ကြည့်ကြည့်လိုက်ပါ။ စာပေအမျိုး အစား အစုံ သုတ၊ ရသ၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ကဏ္ဍ အစုံ၊ စာပေမျိုးစုံကို တွေ့ရမှာ ဖြစ်ပါတယ်။ တောဖွဲ့တောင်ဖွဲ့ စကား လုံး အနုအရွအလှအပလေးတွေသာ စာပေထဲ အကျုံးဝင်တာမဟုတ်ပါဘူး။

ဟိုးခေတ် ကျောက်စာမှတ်တမ်း တွေကစပြီး အခုခေတ် အတိုအထွာ ရယ်စရာတွေကအစ ရေးသူ၊ ဖတ်သူ လည်းရှိ၊ မှတ်တမ်းမှတ်ရာလည်းရှိ လူထုအများကို သုတ၊ ရသ၊ အကျိုး စီးပွားတစ်ခုခု ပေးစွမ်းနိုင်ရင် အား လုံးဟာ “စာပေ”ခေါင်းစဉ်နဲ့ သက် ဆိုင်တယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ရာဇဝင်သမိုင်းကြောင်း ရေးတဲ့ စာရေးဆရာ ကလည်း သမိုင်း ကြောင်းတွေ တူးဆွဖော်ထုတ်ပြော သွားမှာပဲ။ အောင်မြင်ရေး စာပေရေး တဲ့ သူကလည်း အောင်မြင်ရာ အကြောင်းအရာတွေ ပြောမှာပဲ ဟောမှာ ပဲပေါ့။ လူတွေအကြောင်း၊ ဘဝ သရုပ်ဖော်တွေအကြောင်းရေးတဲ့ စာ ရေးဆရာတွေကလည်း လူ့ဘဝ အကြောင်း ဟောကြမှာပဲ။ ပညာရေး ဌာနက စာရေးဆရာ၊ တပ်မတော်၊ နိုင်ငံရေးအသိုက်အဝန်းထဲက အရာရှိ စာရေးဆရာတွေကလည်း ပညာရေး အကြောင်း၊ တပ်မတော် အကြောင်း၊ နိုင်ငံရေးတွေ အကြောင်း ပြောကြဟော ကြမှာပါပဲ။ ဒါကိုတော့ ကျွန်တော် တို့က လက်ခံရမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ သတိထားရမှာက ဘာ အကြောင်း အရာတွေ ကိုပဲ ပြောပြော “စာပေ”ဆိုတဲ့ ခေါင်းစဉ်ကနေ မသွေဖယ်သွားစေဖို့ရယ် ပြည်သူလူထု ကို မှန်ကန်တဲ့ အသိ၊ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ မှန်ကန်တဲ့ သုံးသပ် မှုတွေက မှန်ကန်တဲ့ လုပ်ဆောင်ချက် တွေကနေ မတိမ်းစောင်းသွားစေဖို့ နည်းပေးလမ်းပြသဘောမျိုးနဲ့ ပြောရ ဟောရမှာပါ။ မှန်တယ်။ မှားတယ် ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့ က ဆုံးဖြတ်ပေးလို့မရပါဘူး။ ကျွန် တော်တို့က ကျွန်တော်တို့ သိတဲ့ အသိ၊ တွေးမိတဲ့အတွေး၊ ခံစားချက် စတာတွေကိုပဲ လူထုဆီမျှဝေလို့ရတာ ပါ။ စာပေဟောပြောပွဲကို ရောက်လာ တဲ့ စာပေချစ် ပြည်သူလူထုကို အသိဥာဏ်တွေ တိုးပွားလာအောင်၊ စာပေ ကို ချစ်မြတ်နိုးလာအောင်၊ စိတ်ဓာတ် တွေ ရင့်သန်ခိုင်မာ လာအောင်၊ လောကကြီးကို ချစ်တတ်လာအောင်၊ လူသား အချင်းချင်းတန်ဖိုးထားတတ်လာအောင် ပြောဖို့ ဆိုဖို့တော့ စာပေဟောပြောပွဲ စင်မြင့်ပေါ်တက်တဲ့ သူတိုင်းမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။

အခု ခေတ်နိုင်ငံရေးအကြောင်း ဟောပြောသွားတဲ့ စာရေးဆရာ အများစုကတော့ လက်ရှိအစိုးရနဲ့ လက် ဟောင်း အစိုးရတွေရဲ့ အုပ်ချုပ်မှု နည်းစနစ်တွေနဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်း  တွေကိုပဲ အဓိကထား ပြောနေကြတယ်လို့ ထင်ပါတယ်။ တကယ်တမ်းတော့  နိုင်ငံရေးဆိုတာ လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ အလုပ် တစ်ခု ပါ။ မြန်မာနိုင်ငံရေးလောကမှာလည်း “ဟိုလိုလုပ်ပါလား။ ဒီလိုလုပ်ပါလား။ ငါလည်း မလုပ်တတ်ဘူး” ဆိုတဲ့ နိုင်ငံရေးသမား ကလည်း အများသား လား။ တကယ်တော့ နိုင်ငံရေးဟော ပြောတဲ့ သူတွေကလည်း နိုင်ငံအစိုးရ ကို စွပ်စွဲပြစ်တင်ဝေဖန်နေမယ့် အစား ဟောပြောပွဲလာ ပြည်သူ လူထုကြီးကို နိုင်ငံတော် အတွက် နိုင်ငံသားတွေ အတွက် မိမိတို့ လုပ်ရမယ့် လုပ်ငန်း စဉ်၊ မိမိတို့ တွေးရမယ့် အတွေးအခေါ်၊ မိမိတို့ ကြိုးစားရမယ့် အနေအထား ဒါတွေ တိုးပွားအောင် ဟောရပြော ရ မှာပါ။

နိုင်ငံအကြောင်း လူမျိုးအကြောင်း  မကောင်းပြောပြီး တဝါးဝါး တဟားဟားနဲ့ ပရိသတ် လက်ခုပ်သံပဲ ယူ သွားမယ် ဆိုရင်တော့ ဒီစာပေဟောပြောပွဲဟာ အရုပ်ဆိုးတယ်၊ အကျည်းတန် တယ်လို့ ထင်ပါတယ်။ နိုင်ငံကို ချစ် စိတ်၊ တိုင်းပြည်ကို ချစ်စိတ်၊ လူမျိုး ကို တန်ဖိုးထားတဲ့ စိတ်တွေ မတိုး ပွားလာဘဲ မိမိနိုင်ငံကို အထင်သေး၊ ကိုယ့်လူမျိုး မှ ကိုယ်အသုံးမကျဘူး ဆိုတဲ့ အထင်တွေသာ တိုးပွားလာမယ် ဆိုရင် ဒါဟာ ဟောတဲ့ ပြောတဲ့ သူတွေမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ အစိုးရနဲ့ ပြည်သူတွေကြား သံသယတွေပွား၊ အမုန်းမီးတွေ များ လာတာ မျိုးကလည်း တိုင်းပြည် ကောင်းစားဖို့ အရေး နှောင့်နှေးစေတယ်  လို့ထင်ပါတယ်။ ဟိုတစ်လောက ကြီးကြီးကျယ်ကျယ် ကျင်းပသွားတဲ့ စာပေဟောပြောပွဲတစ်ခုမှာ တိုင်းရင်း သား စည်းလုံးညီညွတ်မှုအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း၊ စာရေးဆရာ တစ်ဦးက ဟောပြောသွားပါတယ်။ သူကတော့ စည်းလုံးဖို့၊ ငြိမ်းချမ်းဖို့၊ ပြောသွားပေမယ့် တကယ့်တကယ် တမ်း ပြည်သူလူထုဆီ ရောက်သွားတဲ့ sense အသိက မစည်းလုံးသော အဖြစ်နဲ့ မငြိမ်းသော ဘဝလမ်းစဖြစ် နေပါတယ်။ သူကိုယ်တိုင်လည်း ဒီလို ဖြစ်ချင်လိမ့်မယ် မထင်ပါဘူး။ နောက် ကျွန်တော်တို့ ရပ်ကွက်ထဲက စာပေဟောပြောပွဲ တစ်ခုမှာလည်း စာ ရေးဆရာ တစ်ဦးက သူ့တပည့်မ လေးတွေ လမ်းပေါ်က မိန်းကလေးတွေ အကြောင်း စာနာစွာနဲ့ ပြောသွားပါ တယ်။ နောက်ဆုံးအဖြေကတော့ တိုင်းပြည်မကောင်းလို့ စားဝတ်နေရေး မပြေလည်လို့ပေါ့လေ။ ဒီလိုမိန်းကလေး တွေထဲမှာ စားဝတ်နေရေး ကြောင့် ဆိုတဲ့ မိန်းကလေးတွေရှိကောင်းရှိနိုင် ပါတယ်။ အများစုကတော့ တိုက်စီး ကားစီးနဲ့ Sponsor ကဏ္ဍတွေက လည်း အများသားလားနော်။ ဒီတော့ ဝမ်းဝရုံ တစ်ခါးလှရုံ သမ္မာအာဇီဝ ကျကျ လုပ်ကိုင်နေကြတဲ့ မိန်းကလေးငယ်တွေ လမ်းမှားရောက်သွားစေနိုင်တဲ့ စကားမျိုး ဟောပြောမှုမျိုးအတွက် လည်း ကျွန်တော် စိတ်မကောင်း ဖြစ်ရပါတယ်။

နောက်ပြီး ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာအရ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်အရ တားမြစ် ထားတဲ့ အရက်သေစာ ကို သောက်စား ထားကြောင်း ကြွေးကြော်ပြီး စာပေ စင်မြင့်ပေါ် တက်လာတဲ့ ဟောပြောသူ တွေလည်း ရှိပါတယ်။ ဆရာသုမောင်၊  ဆရာသော်တာဆွေတို့လည်း အရက် ကြိုက်၊ အရက်သောက်ကြတဲ့ သူတွေပါ။ ပေါ်တင်ကြီးတော့ မသောက်ဝံ့ မပြောဝံ့ကြပါဘူး။ အေးတဲ့ဒေသမို့ သောက်ဖြစ်တယ်ဆိုရင်တောင် အာပူရုံလေး။ အခုတော့ လျှာလေးအာလေး နဲ့ ပလတ်စတစ် ထိုင်ခုံတွေရဲ့ အနောက်မှာ ဖျာလေးတွေ ခင်းပြီး “စာပေဟော ပြောပွဲ” လာရောက်နားထောင်နေတဲ့ ပရိသတ်ကြီးကိုကြည့်ပြီး ကျွန်တော် ရင်ထဲ မကောင်း ဖြစ်သွား ပါတယ်။

ကျွန်တော်ကသာ ရင်ထဲမကောင်း ဖြစ်နေတာ။ သူတို့ အချင်းချင်းက တော့ အသောအဟောလေးတွေနဲ့ အစောင်း အချိတ်လေးတွေနဲ့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ တဝါးဝါး တဟားဟားနဲ့ ပွဲကျလို့။ ကျွန်တော် များ လှောင်ရယ်နေ သလားလို့တောင် သံသယဖြစ်မိပါရဲ့ “စာပေဟောပြောပွဲ”တွေမှာ ဒီလိုတွေ ဖြစ်နေတာ ဟာ  ဟောပြောသူ တစ်ဦး တည်းကြောင့် တော့မဟုတ်ပါဘူး။ အောက်က ပရိသတ်၊ ပြည်သူလူထုတွေမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်တို့တွေ စာပေဟောပြောပွဲ သွားကြတာ အသိဥာဏ်ပညာ၊ ဗဟုသုတတွေ တိုးပွား ဖို့လား၊ ဟိုလူ့အကောင်းကြောင်း၊ ဒီလူ့ မကောင်းကြောင်း ပြောတာ သွားနား ထောင်ပြီး လက်ခုပ်တီးပြီးသွား ဟား ကြဖို့လား ဆိုတာ ပြန်တွေးကြည့် ကြစေချင်ပါတယ်။

အခုခေတ် ထွက်လာတဲ့ စာအုပ် တွေကလည်း များလွန်းတော့ ဒီစာ အုပ်တွေ အကုန်ဖတ်ဖို့၊ မှတ်ဖို့၊ ဝယ် ကြဖို့ ဆိုတာလည်း လွယ်တဲ့အလုပ် မဟုတ်ပါဘူး။ စာပေဟောပြောသူ တွေက သူတို့ဖတ်ထားတဲ့ စာပေ အကြောင်း၊ အသိဥာဏ်ပညာအကြောင်း  တွေလည်း ဝေမျှဟောပြောလို့ စာ ဖတ်သူတွေ ဖတ်သင့်ဖတ်ထိုက်၊ မှတ် သင့် မှတ်ထိုက်တဲ့ စာအုပ်တွေအကြောင်း၊  စာရေးဆရာတွေအကြောင်း ညွှန်းဆို ဟောပြောပေးစေချင်ပါတယ်။ ရသ စာရေးဆရာကလည်း ဘယ်ရသ စာ အုပ်ပေါ့။ အောင်မြင်ရေး စာရေးဆရာ ကလည်း အောင်မြင်တဲ့သူတွေရဲ့ ဘဝ စာအုပ်တွေပေါ့။ နိုင်ငံရေး စာရေး ဆရာကလည်း ဘယ်နိုင်ငံရေးစာအုပ်၊ ဘယ်ပုဂ္ဂိုလ်ရဲ့ စာအုပ် စသည် ဖြင့် ပေါ့။ ဒီလိုမျိုးများ ကျွန်တော်တို့ သိ ခွင့်ရမယ်။ မှတ်ခွင့်ရမယ်ဆိုရင် “စာပေဟောပြောပွဲ”မှာ ဘယ် အကြောင်းရာ ကိုပဲ ဟောပြောပြော “စာပေအသိ၊ စာပေစိတ်ဓာတ်နဲ့ စာပေဟောပြောပွဲက စာပေချစ်သူတွေ အတွက် အမှန်တကယ် ရှင်သန်နိုင် လိမ့်မယ်လို့လည်း ထင်ပါတယ်။

စာပေဟောပြောပွဲကအပြန် စာ ချစ်သူတွေဆီမှာ စာပေကို မြတ်နိုး စိတ်တွေ၊ ပညာကို တန်ဖိုးထားတတ် မှုတွေ၊ အောင်မြင်ချင်တဲ့စိတ်တွေ၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ် တွေ၊ ဘာသာ သာသနာကို စောင့် ရှောက်ရမယ် စိတ်တွေ ပိုတိုးပွား များ ပြားလာမယ်ဆိုရင် စာပေဟောပြော ကြတဲ့ ဆရာတွေအနေနဲ့ရော၊ ပွဲကျင်း ပပေးကြတဲ့ စာပေချစ်သူတွေအတွက် ရော၊ လာရောက်နားထောင်ကြတဲ့ ပြည်သူလူထုတွေအတွက်ရော ပြောရ ဟောရကျိုး၊ စီစဉ်ရကျိုး၊ နားထောင် ရကျိုးနပ်ကြမယ်လို့ ထင်ပါတယ်။

ပြည်သူလူထုအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အသိ အမြင်တွေ တိုးပွားလာပြီး

တိုင်းပြည်က ဘာလုပ်ပေးမလဲ လို့ မျှော်လင့်နေတဲ့

နိုင်ငံ သားတစ်ယောက်ထက်

တိုင်းပြည်အတွက် ဘာတွေ လုပ်ပေးရမလဲဆိုတဲ့ နိုင်ငံသားတွေ၊

နိုင်ငံသားအတွက် နိုင်ငံတော် ဆိုတာထက်

နိုင်ငံတော်အတွက် နိုင်ငံသား တွေကို

စာပေဟောပြောပွဲတွေကနေ တစ်ဆင့် လက်ဆင့်ကမ်းဖော်ထုတ်ပေးနိုင် မယ်ဆိုရင် ကျွန်တော်တို့ စာပေ လောက အတွက်၊ တိုင်းပြည်အတွက်၊ ပြည်သူ လူထုအတွက် ပိုဝမ်းသာ စရာ ပိုဂုဏ် ယူစရာ ကောင်းလိမ့်မယ် လို့ ကျွန်တော် ကတော့ ထင်ပါတယ်။

စစ်မှန်တဲ့ စာပေဟောပြောမှုတွေ နဲ့အတူ တိုင်းပြည်ရော၊ လူမျိုးရော သာမက စာပေလောကကြီးပါ တိုး တက်လာ ပါစေလို့ ကျွန်တော်ကတော့ မျှော်လင့်မိပါတယ်။

ရွှေလက်ဝါ

ဆက်စပ်သတင်းများ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

လေဆိပ်ရောက်တိုင်း ဂုဏ်ယူနေပါ

ရန်ကုန်၊ ဇန်နဝါရီ ၃၁၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*