စီးပွားရေးသတင်း — မတ်၊ ၁၈၊ ၂ဝ၁၃

နိုင်ငံတကာ လုပ်ငန်းကြီးများက မြန်မာနိုင်ငံကို မျက်စိကျလာခဲ့ပြီးနောက် သွားတိုက်ဆေးမှသည် စည်သွပ် သစ်သီး၊ အလှပြင် ပစ္စည်းများမှသည် ကိုကာကိုလာ စသည်တို့ အထိ နိုင်ငံခြား ပစ္စည်းများ ဝင်ရောက်လာခဲ့ပြီး သန်း ၆ဝ သော မြန်မာပြည်သူ လူထုမှာလည်း စားသုံးသူ အဓိက ဝါဒ၏  ရှေ့တန်းက နေရာတွင် မိမိတို့ ကိုယ်ကို မြင်တွေ့ ကြရပြီ ဖြစ်သည်။

ဈေးကွက် ဖွင့်လှစ်ပေးလိုက်ခြင်း သည် ပြည်ပ လုပ်ငန်းရှင်များအတွက်ရော မြန်မာ ပြည်သူလူထု အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေကြောင်း၊ စင်ကာပူအခြေစိုက် Foodland Manufacturing ကုမ္ပဏီမှ Freddy Oh က ပြောကြားခဲ့သည်။ Foodland ကုမ္ပဏီသည် မကြာမီကစတင်၍ Mac Coffee အမည်ရ 3 in 1 ကော်ဖီမစ် အထုပ် များကို မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချလာခဲ့သည်။ မြန်မာနိုင်ငံ၏ ကော်ဖီဈေးကွက်မှာ တစ်နှစ်လျှင် ကန်ဒေါ်လာ သန်း ၂ဝဝ မျှ တန်ဖိုး  ရှိလေသည်။

နီယွန် မီးရောင်စုံ ထွန်းညှိထားသော ကြော်ငြာဆိုင်းဘုတ် များကလည်း ရန်ကုန်မြို့၏ လမ်းမများထက် နေရာယူ စီးနင်း ထားသည်မှာ မြန်မာ ပြည်သူတို့၏ အမျိုးမျိုးသော အရသာများ နောက်သို့ လိုက်ရန် ဟန်ချီနေသည့်နှယ် ရှိပေသည်။

စည်သွပ်ဖျော်ရည်ဘူး ထုတ်လုပ်သည့် ကုမ္ပဏီကြီးများဖြစ်ကြသော Coca-Cola နှင့် Pepsi တို့ကလည်း ဒေသ တွင်း ပြိုင်ဘက် များကို ဝယ်ယူခဲ့ကြပြီး ဖြစ်သည့် ပိတ်ဆို့ အရေးယူမှုများ ပြီးဆုံးသည့်နောက်တွင် တရားဝင် ပြန်လည် ဝင်ရောက် လာခြင်းလည်း ဖြစ်သည်။

လက်ကိုင်ဖုန်း လုပ်ငန်းကြီးများ ကလည်း အစိုးရက အာရှနိုင်ငံများအား လုပ်ပိုင်ခွင့် ချထားပေးစဉ် ကတည်းက မြန်မာနိုင်ငံ သို့ ဝင်ရောက်ရန် မျက်စိကျနေကြသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမှာ လက်ကိုင်ဖုန်း ကိုင်ဆောင်နိုင်ခြင်း မရှိသေးရာ မျက်စေ့ကျချင်စရာ ဈေးကွက်ပင် ဖြစ်သည်။

ဆန်းစစ် လေ့လာသူတို့က သင်ပုန်း ကွန်ပျူတာနှင့် မှန်ပြားတီဗီကဲ့သို့သော လူသုံး အီလက်ထရွန်းနစ် ပစ္စည်းများ ဝယ်လို အား မြင့်တက်လာမည်ဟု ဆိုကြသည်။

ဈေးချိုပြီး နေ့စဉ်သုံးဖြစ်သော ကုန်ပစ္စည်းတို့၏ ဈေးကွက်မှာလည်း အလားတူပင် လှုပ်ရှားလာချေဦးမည်။

Del Monte စားသောက်ကုန် လုပ်ငန်းက နာနတ်သီး စည်သွပ်ဘူး၊ Pasta Sauces နှင့် Ketchup အချဉ်ရည် များကို မြန်မာ့ဈေးကွက်သို့ မိတ်ဆက် တင်သွင်းမည် ဖြစ်သလို Lamoiyan ကုမ္ပဏီကလည်း သူ၏ Hapee အမှတ်တံဆိပ် သွားတိုက်ဆေး ဖြန့်ဖြူး ရောင်းချရန် လုပ်ငန်း ပါတနာ ရှာဖွေနေသည်။ ဖိလစ်ပိုင် ကုမ္ပဏီတစ်ခု ကလည်း အသားအရည် စိုပြေဖြူဝင်းစေသည့် အလှကုန် ပစ္စည်း တစ်မျိုး တင်သွင်းရန် ကမ်းလှမ်းလျက် ရှိသည်။

ရန်ကုန် အခြေစိုက် ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေး အဖွဲ့အစည်း တစ်ရပ်ဖြစ်သော UK Trade & Investment မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ David Webb က တစ်ကိုယ်ရေသုံး ကုန် ပစ္စည်းများအားလုံးအတွက် ဝယ်လို အား အပြည့်ရှိကြောင်း မှတ်ချက်ပေး ပြောကြားသွားခဲ့သည်။

Ref: Fast Changing Myanmar Joins Consumer age AFP

ဝ၃၉

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*