စီးပွားရေးသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂၁၊ ၂ဝ၁၂
အေတီအမ် ကတ် အသုံးပြုနိုင်ပြီ ဖြစ်သည့် CB ဘဏ်ခွဲ တစ်ခု မြင်ကွင်း

အေတီအမ် ကတ် အသုံးပြုနိုင်ပြီ ဖြစ်သည့် CB ဘဏ်ခွဲ တစ်ခု မြင်ကွင်း

Co-operative Bank(CB) မှ ဖွင့်လှစ်သော အေတီအမ် (ATM) ငွေထုတ်စက် ၅ဝ ခန့်တွင် ဗီဇာကတ် များကို သုံးစွဲ၍ ရနိုင်ပြီဖြစ်ကြောင်း ဗီဇာကုမ္ပဏီ က သောကြာနေ့ တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗီဇာနှင့် ပူးတွဲလုပ်ဆောင်ခြင်း အားဖြင့် စီဘီဘဏ်သည် အီလက် ထရောနစ်ငွေပေးချေလုပ်ငန်းဆိုင်ရာ ဗီဇာ၏ ကမ္ဘာ့အာမခံစံချိန်စံညွှန်း များကို လက်ခံကျင့်သုံးသွားရန် သဘောတူညီခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် ခရီးသွား များ မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်စဉ် ငွေ ထုတ်ယူ သုံးစွဲနိုင်ရန် အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

ယခုအခါ ဗီဇာကတ် ကိုင်ဆောင်  ထားသူများအနေဖြင့် မြန်မာနိုင်ငံ တွင်းရှိ အဓိက ခရီးသွားနေရာဒေသ  များတွင် ငွေအလွယ်တကူ ထုတ်ယူ သုံးစွဲနိုင်ပြီဖြစ်သည်။ စီဘီဘဏ်၏ ဗီဇာအေတီအမ် ကွန်ရက်မှာ ရန်ကုန်၊ မန္တလေးနှင့် ပဲခူးအပါအဝင် မြန်မာ နိုင်ငံရှိ အဓိကမြို့ကြီးများနှင့် ခရီး သွားရပ်ဝန်းများတွင် အနှံ့အပြား ဖွင့်လှစ်ထားသည်။

“စီဘီဘဏ်က နိုင်ငံ တစ်ဝန်းလုံးမှာ အေတီအမ် ကွန်ရက်တစ်ခု တည်ထောင်ခဲ့ပါတယ်။ ဗီဇာရဲ့ အေတီအမ်စက် အလုံးပေါင်း ၂ သန်းရှိ တဲ့ ကွန်ရက်မှာ စီဘီဘဏ် ပါဝင်လာတာကို ဗီဇာက ဂုဏ်ယူကြိုဆို ပါတယ်။ မြန်မာ နိုင်ငံမှာ အေတီအမ် ကွန်ရက် ကြီးထွားလာတာနဲ့အမျှ ဗီဇာကတ် ကိုင်ဆောင်သူတွေ ဟာ ဒေသသုံး ငွေကြေးကို လက်ဝယ်ကိုင် ထားနိုင်ပြီး အပြန်အလှန်အနေနဲ့ ဒေသခံ စီးပွားရေး လုပ်ငန်းတွေမှာ သုံးစွဲမှု တိုးတက် လာစေမှာ ဖြစ်ပါတယ်”ဟု ထိုင်း-မြန်မာဆိုင်ရာ ဗီဇာကုမ္ပဏီ မန်နေဂျာ ဆွန်ဘွန်း ကရော့တီယာရာနွန်က ပြောကြား သည်။

စီဘီဘဏ်၏ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ  ဦးကျော်လင်းကလည်း “၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှာ ကျွန်တော်တို့ရဲ့ အေတီအမ်စက်တွေနဲ့ ပထမဆုံး ဗီဇာကတ်သုံးနိုင်တာဟာ စီဘီဘဏ်ရဲ့ နောက်ထပ် မှတ်တိုင် တစ်ခုဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ နိုင်ငံတကာခရီးသွားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဟာ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ကျွန်တော်တို့ ရဲ့ အေတီအမ်စက်တွေကနေ ငွေ ထုတ်ယူနိုင်ပါပြီ။ ဒါက ဧည့်သည် တွေရဲ့ ငွေကြေး သုံးစွဲနိုင်မှုကို တကယ့်ကို တိုးမြင့်စေမှာ ဖြစ်ပြီး ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းအတွက် ခွန်အားတစ်ရပ် ဖန်တီးပေး လိုက်တာပါပဲ” ဟု ဆိုပါသည်။

ယခုဖြစ်ပေါ် တိုးတက်မှုမှာ မြန်မာနိုင်ငံတွင် ဗီဇာကုမ္ပဏီက ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော နေပြည်တော်တွင် ကျင်းပခဲ့သည့်  “Mobile and Electronic Payment Conference 2012”  အပြီးတွင် ရရှိလာခြင်းဖြစ်သည်။ ထိုကွန်ဖရင့်တွင်  အစိုးရအရာရှိများအပါအဝင် ဖိတ် ကြားထားသော ဧည့်သည်တော် ၂ဝဝ ပါဝင်တက်ရောက်ပြီး အီလက် ထရောနစ်ငွေချေစနစ်၏ စီးပွားရေး အကျိုးကျေးဇူးများနှင့် ဘဏ်မရှိ သောဒေသရှိ မြန်မာပြည်သူပြည်သားများ အတွက် ရွေ့လျားငွေချေ လုပ်ငန်းများ ဖြစ်နိုင်ဖွယ် အလား အလာနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ကြသည်။

Ref: visa.com/atmlocator

ဝ၄ဝ

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*