ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရန် အတွက် လူထုလှုပ်ရှားမူနှင့် ဟောပြောပွဲများကို ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ အမြန်ဆုံး ပြင်ဆင်ပေးရေး လှုပ်ရှားမူ ဦးဆောင်ကော်မတီမှ ကဗျာဆရာ မောင်ဆောင်းခက ပြောကြား လိုက်သည်။
အစိုးရသစ် လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုသော အမူအရေအတွက်မှာ ယခင် အစိုးရ လက်ထပ်က အရေအတွက်ထက် ပိုမို များပြားလာကြောင်း သိရသည်။
လက်ရှိအစိုးရ လက်ထက်တွင် ၆၆(ဃ) ဖြင့် တရားစွဲဆိုခံသည့် အမူ ၄၀ ၊ ပြစ်ဒဏ်ချမှတ်ခံရ သူ ၅ ဦး၊ ဖမ်းဆီး ချူပ်နှောင်ခံရသူ ၉ ဦးထိ ရှိနေသောကြောင့် ဆက်သွယ်ရေး ဥပဒေ ကိုပြင်ဆင်နိုင်ရန် အတွက် လူထုလှုပ်ရှားမူများ ပြုလုပ်ခြင်းဖြစ်ကြောင်း မောင်ဆောင်းခက ပြောသည်။
ပြီးခဲ့တဲ့ ကာလတွေဆီမှာ ဒီဆက်သွယ်ရေး ဥပဒေတွေနဲ့ အာမခံ မရတဲ့သူတွေ ဖမ်းဆီးထောင်ချ ခံရတဲ့ သူတွေ တရားရုးံထုတ် တွေမှာ ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ပေးရေး လှုပ်ရှားမှုဆိုပြီး တောင်းဆိုချက်တွေ ဘာကြောင့် ပြင်ရမယ်ဆိုတာတွေ ပါတဲ့ ပန်းဖလက် ဝေတာတွေ စတေကာတွေ ကပ်တာတွေ တူညီဝတ်စုံဝတ်ပြီး တောင်းဆိုတာတွေ ရှိတယ်။ အရင်ကဒီ ဥပဒေက ဒီလောက် နာမည်မကြီးဘူး၊ နောက်ပိုင်း အလဲဗင်း ကိစ္စ နောက်ပိုင်း အမှုတွေ ပိုများလာတယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားလာတယ်။ ဒီဥပဒေ ပြင်ဆင်ဖို့ကို ၂၀၁၆ စက်တင်ဘာလ ကထဲက လုပ်လာတာ အလဲဗင်းကိစ္စ နောက်ပိုင်း လူတွေကဒီဟာကို ပိုမိုပြင် ဆင်ရေးမှာ အားတက်သရော ပါဝင်လာကြတယ် ဟု ၎င်းက ပြောသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်ရေး လှုပ်ရှားမှုကို ဇန်နဝါရ်ီလ ၂၂ရက် ညနေ ၃ နာရီ တွင်ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဆက်သွယ်ရေး ဥပဒေနှင့် ပက်သက်သည့် အကြောင်းအရာ များကို ဥပဒေပညာရှင်များ၊ အိုင်တီ ပညာရှင်များက လူထု ဟောပြောပွဲ ကျင်းပ ပြုလုပ်သွားမည်ဖြင့်ကြောင်း သိရှိရသည်။
ဆက်စပ်သတင်းများ

လူငယ်သဘာဝ စိတ်ခံစားမှုကြောင့် လုပ်ကြံမှုဖြစ်ဟု ပြည်ထဲရေး ဝန်ကြီးပြော
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၇
လေယာဉ် မတော်တဆ ထိခိုက်မှု ဖြစ်ပွားချိန်မှာ အကောင်းဆုံးနဲ့ အမြန်ဆုံး ကူညီ ကယ်ဆယ်နိုင်ရန် လေ့ကျင့်မှုပြုလုပ်
နေပြည်တော်၊ ဖေဖေါ်ဝါရိ ၂၅၊ ၂၀၁၇
၂၀၁၇ ခုနှစ် ဇန်နဝါရီလ အတွက် ” ပြည်သူသို့ ကျေးဇူးတင်လွှာ” ကွယ်လွန်သူ ဦးနေဝင်းရရှိ
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၇
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရန်ပုံငွေဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ အစည်းအဝေးမှ သဘောတူညီချက် ၆ ခု ထုတ်ပြန်
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၇
လားရှိုးမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅,၀၀၀ ပြားကို ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇
မူးယစ်ဆေးဝါးတွေနဲ့ အတူ လက်နှက်တွေပါ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၇
ထောင်ထားတဲ့ ဒေသန္တရလက်လုပ် ရီမုမိုင်း သုံးလုံးနဲ့ ဆက်ဆပ်ပစ္စည်းတွေ ဖမ်းမိ
နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၈၊ ၂၀၁၇