နိုင်ငံတကာသတင်း — ပေကျင်း၊ ဇန်နဝါရီ ၇၊ ၂ဝ၁၃
ဆန္ဒပြပွဲမြင်ကွင်း

ဆန္ဒပြပွဲမြင်ကွင်း

ဆန္ဒပြပွဲ မြင်ကွင်း

ဆန္ဒပြပွဲ မြင်ကွင်း

တရုတ်နိုင်ငံ၊ ကွမ်တုန်း ပြည်နယ်၊ ကွမ်ကျိုးမြို့ အခြေစိုက် တရုတ်သတင်းစာ “တောင်ပိုင်း အပတ်စဉ် (Southern Weekly) မှ သတင်းစာ ဆရာများသည် ဆင်ဆာ ပြုလုပ်ခြင်းကို မကျေနပ်သဖြင့် တနင်္ဂနွေနေ့က ကြုံတောင့်ကြုံခဲ သပိတ်မှောက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ပြဿနာမှာ လွန်ခဲ့သည့် အပတ်တွင် အဆိုပါ သတင်းစာ၏ ပြုပြင် ပြောင်းလဲရေး တောင်းဆိုသည့် နှစ်သစ်ကူး သဝဏ်လွှာ ကို ဝါဒဖြန့်ချိရေးဌာန အကြီးအကဲ က ပြောင်းလဲ ဖော်ပြခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုသဝဏ်လွှာ တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများကို အာမခံချက်ပေး ရန် တောင်းဆို ရေးသား ထားသည်ကို ကွန်မြူနစ် ပါတီအား ချီးကျူးရေးသားသော စာအဖြစ်  ဆင်ဆာပြုလုပ် ပြောင်းလဲခဲ့ရာ ထင်ရှားသော သတင်းစာ ဆရာဟောင်း ၃၅ ဦးနှင့် တိုက်တွင်း သတင်းသမား ၅ဝ တို့က ကွမ်တုန်းပြည်နယ် ဝါဒဖြန့်ချိရေး အကြီးအကဲ တူအိုကျန်း (Tuo Zeng) ကို ပွင့်လင်းမှု တိုးတက်လာနေသည့် ခေတ်ကာလ တစ်ခုတွင် အာဏာရှင် ဆန်သည် ဟု စွပ်စွဲ၍ ရာထူးမှ နုတ်ထွက်ပေး ရန် တောင်းဆို ခဲ့ကြသည်။

တနင်္ဂနွေနေ့ ညတွင် အဆိုပါ သတင်းစာ၏ တရားဝင် မိုက်ခရိုဘလော့(ဂ)၌ ဆင်ဆာ မူဝါဒကြောင့် အယ်ဒီတာ အဖွဲ့က အပြောင်းအလဲ လုပ်ခဲ့သည်ဟူသော ပြောဆိုမှုများကို မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး အွန်လိုင်း ကောလာဟလ များမှာ မှားယွင်းကြောင်း ပြောဆိုခဲ့သည်။ အကြီးတန်း အယ်ဒီတာများက ထုတ်ပြန်ခဲ့သည် ဆိုသော ဤမိုခရို ဘလော့(ဂ)ကြောင့် ထိုလုပ်ရပ်ကို သဘောမတူသော အယ်ဒီတာ အဖွဲ့ဝင်များကြား ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သတင်းများက ဆိုပါသည်။

သတင်းစာဆရာ ၁ဝဝ နီး ပါးက သတင်းစာသည် အာဏာပိုင်များ၏ ဖိအားပေးမှုအောက်တွင် ကျရောက် နေကြောင်း ပြော ဆိုပြီး သပိတ်မှောက် ဆန္ဒပြခဲ့ကြရာ ထောက်ခံသူ များက ရုံးပြင်ပတွင် စုဝေးခဲ့ကြသည်။ ကန့်ကွက် ဆန္ဒပြသူအချို့က “သတင်းစာ လွတ်လပ်ခွင့်ကို ဒို့လိုသည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခွင့်အရေးကို ဒို့လိုသည်၊ ဒီမိုကရေစီ ကို ဒို့လိုသည်” ဟူသော စာတမ်းများကို ကိုင်ဆောင် ထားကြသည်။

Southern Weekly သတင်းစာမှာ ထိထိမိမိ ရှိသော နှိုက်နှိုက်ချွတ်ချွတ် ရေးသားမှုများနှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ခွင့် အကန့်အသတ် များကို စမ်းသပ် ရေးသားမှု များကြောင့် တရုတ်နိုင်ငံ၏ ဩဇာအကြီးဆုံး သတင်းစာ ဖြစ်နိုင်ကြောင်း ၊ ဘေဂျင်းရှိ ဘီဘီစီ သတင်းဌာနမှ မာတင်ပေးရှင့်က ပြောကြားသည်။ ဤပွဲမှာ သတင်းစာ ဆရာများနှင့် ပါတီအာဏာပိုင် များကြား ပထမဆုံး အကြိမ် တိုက်ရိုက် ရင်ဆိုင်တိုက်ပွဲအဖြစ် ယူဆ ရကြောင်း သူကဆိုပါသည်။

တစ်ဖက်က ဆန္ဒပြနေကြစဉ် အခြားတစ်ဖက်တွင် အယ်ဒီတာ အဖွဲ့နှင့် ပြည်နယ် ဝါဒဖြန့်ချိရေး ဌာနအကြား ညှိနှိုင်း ဆွေးနွေးမှုများ ရှိခဲ့ပြီး အင်္ဂါနေ့တွင် စတုတ္တ အကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပရန် ရှိကြောင်း အေပီ သတင်းတစ်ရပ်က ဆိုပါသည်။ ဝါဒဖြန့်ချိရေး အရာရှိများ ကြာသပတေးနေ့တွင် သတင်းစာကို ပုံမှန်အတိုင်း ထုတ်ဝေဖြန့်ချိ စေလိုသော်လည်း မည်သည့် အနေအထားဖြင့် ဆက်လက် ထုတ်ဝေမည် ဆိုသည်ကို အယ်ဒီတာ အဖွဲ့ကြား ညှိနှိုင်းဆဲ ဖြစ်သည်။ အယ်ဒီတာအဖွဲ့က ပါတီ အနေဖြင့် လမ်းညွှန်မှု ပေးရုံပေးနိုင် သော်လည်း သတင်း ရေးသား တည်းဖြတ်ခြင်းတွင် ဝင် မစွက်ဖက်သင့်ကြောင်း၊ မထုတ်ဝေမီ ဆင်ဆာ လုပ်သည့် စနစ်ကို ဖျက်သိမ်းပြီး ထုတ်ဝေ ပြီးနောက် ပြဿနာလုပ်ခြင်း ကိုလည်း ဆင်ခြင်သင့်ကြောင်း ပြောကြားခဲ့သည် ဟု သိရှိရသည်။

ဆယ်နှစ်တစ်ကြိမ် ခေါင်းဆောင်မှု အကူးအပြောင်းကာလ ၂ လမျှသာ ရှိသေးသော တရုတ်အရာရှိများအတွက် ဤပြဿနာ ကို မည်သို့ ကိုင်တွယ်မည် ဆိုသည်မှာ အခရာ ကျသော စမ်းသပ်မှုတစ်ခုအဖြစ် ရှုမြင်ကြောင်း အကဲခတ် လေ့လာသူများက ဆိုပါသည်။

Ref:bbc.co.uk,AP

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*