ပြည်တွင်းသတင်း — ဘိုကလေး၊ ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၃

ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံ ခရိုင်၊ ဘိုကလေးမြို့နယ်၊ အခကျေးရွာအတွင်းရှိ၊ ခြောက်အိမ်တန်းလယ် ကွင်းများ၌ ရေတက်နှုန်း ပိုမြင့်လာပြီး ရေလွှမ်းမိုး မှုကြောင့် တောင်သူ လယ်သမားများ စပါး စိုက်ပျိုးရာတွင် ပျက်စီး ဆုံးရှုံးမှုများ လာသဖြင့် စပါးအထွက်နှုန်းသည် ယခင်ကထက် ၂ဝ ရာခိုင်နှုန်းခန့် ပိုမိုလျော့နည်း သွားကြောင်း ဇန်နဝါရီ ၁၇ ရက်က အဆိုပါကျေးရွာရှိ စပါး စိုက်ပျိုးသူ တောင်သူ၊ လယ်သမား များ၏ ထုတ်ဖော် ပြောကြားချက် အရ သိရသည်။

ထိုကဲ့သို့ ရေတက်နှုန်းပိုမြင့် လာရခြင်းမှာ ၁၉၉၂-၉၃ ကာလ တွင် အဆိုပါကျေးရွာ၌ နွေစပါး စီမံကိန်းကို စတည်၍ ဆည်မြောင်း၊ တာတမံများ ဖောက်လိုက်ခြင်းကြောင့် ဖြစ်ပြီး ယင်းဆည်မြောင်း တာတမံများမှ တစ်ဆင့် ရေရှင်များ လွှတ်ပေးခြင်းကြောင့်ဖြစ်ကြောင်း၊ “ဆည်မြောင်း တာတမံတွေမှာ ရေရှင်တွေ လွှတ်လိုက်တဲ့ အခါကျတော့ ရေတွေက ချောင်းပေါတဲ့နေရာတွေ ကို စုဝင်လာတယ်။ ဆည်မြောင်းနဲ့ ရေတင်ပြီး စိုက်ရတဲ့နေရာတွေ ဆိုရင်တော့ အဆင်ပြေမယ်။ ကျွန်တော်တို့ဆီက သဘာဝရေနဲ့ စိုက်ကြတာ များတယ်။ ချောင်းတွေ မြောင်းတွေက တအားပေါနေတဲ့ အခါကျတော့ ဆည်မြောင်းတွေ ထပ်ဖောက်တဲ့အခါ မူလချောင်း ကိုလည်း မပိတ်ဘဲနဲ့ ထပ်ဖြတ်ဖောက်တယ် ဆိုတော့ ရေက ပိုများလာတယ်။ ဆည်မြောင်း ဖောက်တာကိုတော့ အပြစ် မပြောပါဘူး။ ဒီလို ရေဝင်နေတဲ့ ချောင်းတွေကို ဖြတ်ဖောက်လိုက်တဲ့အခါ တာတမံတွေကို ပိတ်ပြီးတော့ ရေတော် မိုးတော် လုပ်ပေးရင်တော့ ကောင်းတာပေါ့” ဟု လက်ရှိ လယ် ၁ဝ ဧက စိုက်ပျိုးနေသော ဦးခင်အောင် က ယခုကဲ့သို့ ပြောသည်။

ယင်းဆည်မြောင်း တာတမံများ ဖောက်လိုက်ခြင်းကြောင့် နှစ်စဉ်နှစ် တိုင်း ရေကြီးမှုများဖြစ်ပေါ်နေပြီး ယခု နှစ်ပိုင်းတွင် ယခင်လွန်ခဲ့သည့် ၂ နှစ်ပိုင်း ကထက် ရေတက်နှုန်း ပိုမြင့်လာ၍ သီးနှံပျက်စီးဆုံးရှုံးမှု ပိုများ လာကြောင်း တောင်သူ လယ်သမားများက ပြောသည်။

လယ်သမား ဦးခင်အောင်က “ကျွန်တော်တို့စိုက်ရတဲ့အပိုင်းက  ရေနိမ့်ပိုင်းကျတော့ ရေရှင်တွေဖြစ် တဲ့အတွက် ရေလွှမ်းတယ်။ ရေလွှမ်း တဲ့အခါကျတော့ ပျိုးပင်က နုတဲ့အ တွက် အပင်သေတယ်။ ရေအုပ် တော့ အပင်က အဖြစ်နှေးပြီး သေတာ များတယ်။ ရေရှင်တွေ လွှတ်ထားတဲ့အတွက် လိုတာထက်ပိုပြီး ရေတွေများနေမယ်ဆိုရင် ပျက်စီးဆုံး ရှုံးမှုတွေ များလာနိုင်တယ်” ဟုဆိုရာ စပါးစိုက်ပျိုးရာတွင် ပျက်စီးဆုံးရှုံးမှုလျော့နည်းပြီး အထွက် တိုးစေရန် အတွက် စိုက်ပျိုးရမည့် နေရာဒေသနှင့် ရေပေးဝေမှု အပိုင်းများနှင့် ပတ်သက်၍ မျှမျှတတအသုံးချခွင့် ရရှိနိုင်ရန် အဓိက လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါကျေးရွာတွင် နွေ၊ မိုး၊ ဆောင်းဟူ၍ သုံးရာသီစပါးစိုက်ပျိုး မှုရှိကြရာတွင် ရေမြေအနေအထား အရ လိုအပ်သည် ထက်ပို၍ ရေရရှိ မှုကြောင့် သုံးသီးစလုံးအရှုံးပေါ်လျက် ရှိသည်ဟုဆိုသည်။ “ကျွန်တော်တို့ ရွာနှစ်ရွာကြားမှာ ချောင်းတွေများ တယ်။ နောက်ပြီးရေရှင်တွေ လွှတ် တဲ့အခါကျတော့ နွေရော၊ မိုးရော ရေတွေလွှမ်းတယ်။ မိုးစပါးက အပင်နည်းနည်းရှည်တယ်။ ရေတော့ နည်းနည်းလွတ်တယ်။ ဒါပေမယ့် လေနဲ့မိုးနဲ့ တိုက်လို့လဲသွားရင် စပါး တွေက နွံကပ်တယ်။ မအောင်မြင်ဘူး။ နွံကပ်တာတို့ အပင်ပေါက်တာ တို့ဖြစ်နေတဲ့ အတွက် ဈေးကောင်း မရဘူး။ အရည်အသွေး ညံ့နေတယ် ဆိုပြီး ဈေးသိပ်မပေးဘူး။ ဆောင်းစပါးလည်း ဒီလိုပဲ ရေတွေနစ်တယ်။ သူကအပင်တိုတယ်။ သက်တမ်း တစ်လလောက်ရှိတဲ့အပင်တွေဆို ရေ ခဏ ခဏနာတော့ ဆုံးရှုံးပြန်ရော။ အဲဒီလိုနဲ့ သုံးသီးစလုံး ပျက်စီးတယ်” ဟု တောင်သူလယ်သမား များကပြောသည်။

ရေလျှံမှုကြောင့် စပါးပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်လာရာတွင် တောင်သူလယ်သမားများဘက်မှ ချောင်းများ ပိတ်ဆို့ရန် အစီအစဉ် ရှိခဲ့ကြောင်းကိုလည်း ပြောပြရာ၌ လယ်သမားကြီး ဦးခင်အောင်က “ကျွန်တော်တို့အနေနဲ့ ချောင်းတွေ ပိတ်ဖို့ကို နည်းနည်းလုပ်ခဲ့ဖူးတယ်။ ရေအဝင်အထွက်ကို တားဖို့အတွက် လယ်သမားတွေ စုပေါင်းပြီး ချောင်းတွေကို ပိတ်လိုက်တယ်။ ဒီချောင်း တွေကို အသေပိတ်ပြီး ရေထုတ်ပြွန်  (သို့မဟုတ်) ရေလွှဲမြောင်း ထားပေးလို့ ရှိရင် ရေလျှံတာကို ကာကွယ်နိုင်မယ်။ ရေတော်မိုးတော်ဖြစ်မယ်။ အဲဒီလို လုပ်တဲ့ အခါမှာ သက်ဆိုင်တဲ့ စိုက်ပျိုးရေး မြေဆီထောက်ခံချက်နဲ့ ယူပြီးလျှောက်ရတယ်။ ၂ဝ၁၁ ခုနှစ် က လျှောက်ကြည့်တဲ့အခါ လုပ်ခွင့် ရတော့ရတယ်။ ဒါပေမယ့် လယ်သမားတွေက အရင်းအနှီး မတတ်နိုင်လို့ မအောင်မြင်ခဲ့ဘူး”ဟု ဆိုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာ ပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အခ ကျေးရွာတွင် လယ်စိုက်ဧက ၂ဝဝ ကျော်ခန့်ရှိပြီး စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြ သည်ဟုဆိုသည်။ ယခုလက်ရှိတွင် တောင်သူ လယ်သမားများအနေဖြင့် ရေလျှံမှုကြောင့် သီးနှံများပျက်စီးဆုံး ရှုံးနေပြီး စပါးအထွက်နှုန်းလည်း လျော့နည်း လာသည်။ အဆိုပါ အခကျေးရွာတွင် ယခုနှစ်ပိုင်း၌ ပေါ်ဆန်းမွှေးခေါ်(ဘေးကြား)မျိုး၊ ရတနာတိုး၊ ဆင်းသွယ်လတ် စသည့် မျိုးစပါးများကို ရေတော်မိုးတော် ဖြစ်သည့်နေရာများတွင် ရွေးချယ်၍ စိုက်ပျိုးနေ ရကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

ဝ၁၅

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*