ပညာရေး သတင်း — ရန်ကုန်၊ မတ် ၁၅၊ ၂ဝ၁၃
စာမေးပွဲ ဖြေဆိုပြီး ထွက်လာကြသော ကျောင်းသား ကျောင်းသူများ

စာမေးပွဲ ဖြေဆိုပြီး ထွက်လာကြသော ကျောင်းသား ကျောင်းသူများ

၂ဝ၁၃ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲများကို မတ်လ ၁၃ ရက်မှ စတင်ကာ ကျင်းပလျက် ရှိသည်။ ယင်းစာမေးပွဲ တွင် ကျောင်းသားများ အောင်ချက်ကောင်းနိုင်သော် လည်း ဂုဏ်ထူးထွက်သောသူ နည်း နိုင်ကြောင်း၊ ဆရာများက သုံးသပ် ပြောကြားသည်။

သင်္ချာကျူရှင်ဆရာ ဒေါက်တာ အောင်မျိုးမင်းကို ဆက်သွယ် မေးမြန်းရာတွင် “ရန်ကုန်တိုင်းမှာ ဒီနှစ်မေးသွားတဲ့ သင်္ချာမေးခွန်းက ၂ဝဝ၈၊ ၂ဝဝ၉၊ ၂ဝ၁ဝ၊ ၂ဝ၁၁၊ ၂ဝ၁၂ မှာ မေးခဲ့တဲ့ ၅ နှစ်စာထက် ပိုခက်တယ်။ ၂ဝဝ၇ ခုနှစ် တုန်းက မေးခွန်း ခက်တာကိုတော့ မမီဘူး။ ဒီနှစ်မှာ မေးခွန်းဟောင်းတွေ မေးသွား တယ်။ မေးခွန်းဟောင်းတွေ လေ့ကျင့် ထားတဲ့ ကျောင်းသားတွေ ကတော့ ဖြေနိုင်ကြမှာပဲ။ အထူးသဖြင့် ဒီနှစ်သင်္ချာ ၁ မှတ်တန်တွေ ပိုခက် လာတယ်။ ၉၉ မှတ်တွေ အမှတ် ၁ဝဝ တွေတော့ ရကြတော့မှာ မဟုတ်ဘူး။ ဂုဏ်ထူးထွက်တဲ့ သူကလည်း သာမာန် အရေအတွက် လောက်တော့ ရှိမှာပဲ။ အောင်တဲ့ ကျောင်းသားကတော့ များမယ်လို့ ထင်တယ်” ဟု ဖြေကြားသည်။

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲကို ဖြေဆိုနေကြသော ကျောင်းသားများက “ဒီနှစ်လည်း အောင်ချက် ကောင်း ဦးမယ်” ဟု ယူဆ ကြောင်း မြန်မာအင်ဒီပဲန်ဒင့် ၏ မေးမြန်းချက်ကို ဖြေကြားသည်။ မတ်လ ၁၅ ရက်က အ.ထ.က ၂ ရွှေပြည် သာကျောင်းတွင် စာမေးပွဲဖြေပြီး ထွက်လာသော ကျောင်းသား တစ်ယောက်အား မေးမြန်းရာ “ပထမ ၃ ရက်က တော့ မဆိုးဘူးလို့ပြောရမှာပဲ။ ညတုန်းက တွက်ထားတဲ့ပုစ္ဆာတွေတော့မပါ ဘူး။ အရင်တုန်းက တွက်ခဲ့ဖူးတဲ့ အခြေခံလေးနဲ့ပဲ ရသလောက်ဖြေခဲ့ရ တာ။ ဒီနှစ်လည်း အောင်ချက်ကောင်း ဦးမယ်ထင်တယ်”ဟု ဖြေကြားသည်။

ယင်းကျောင်းမှ ကျောင်းသူတစ် ယောက်ကလည်း “ဒီနေ့တော့ ဖြေနိုင်တယ်။ အင်္ဂလိပ်စာ နေ့တုန်းကတော့ သိပ်မရဘူး။ Grammer တွေ မှားတာ များတယ်။ အောင်မှတ်တော့ မီမယ်ထင်တယ်”ဟု ဖြေကြား သည်။ ထို့နောက် အပြင်ဖြေ (နှစ်ကျ) ကျောင်းသားတစ်ယောက်ကလည်း “ရသလောက်တော့ ဖြေခဲ့တာပဲ။ အောင်ချက် ကောင်းနိုင်ပေမယ့် ကျွန်တော်တို့ ကတော့ မသေချာပါဘူး။ အလုပ်တစ်ဖက်နဲ့ လာဖြေရတာ ဆိုတော့ သိပ် မမျှော်လင့်ရဲဘူး” ဟုဆိုသည်။

ထောက်ကြံ့မြို့မှ ဆရာမတစ် ဦးဖြစ်သူ ဒေါ်မြတ်မာလာစိုးကို ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းရာ “သင်္ချာနေ့ ကတော့ ဂုဏ်ထူး မှန်းထားတဲ့ ကလေးတွေ ငိုကြတယ်။ အကုန်လုံး တော့ တွက်လာတယ် ပြောတာပဲ။ သူ့ဟာ မှန်သလိုလို၊ ငါ့ဟာ မှန်သလိုလိုနဲ့ ဖြစ်နေကြတယ်။ ဂုဏ်ထူးပြုတ်နိုင်ပေမယ့် အောင်တဲ့ ကျောင်းသားတော့ များလိမ့်မယ်” ဟု ဖြေကြားသည်။ ယင်းက ဆက်လက် ပြောကြားရာတွင် “မေးခွန်းတွေက လွယ်တာနဲ့ ခက်တာ မျှပြီး မေးထားတာကို တွေ့ရတယ်။ သင်္ချာနေ့ အထိတော့ လုံးဝ မဖြေနိုင်တဲ့ ကျောင်းသား မရှိသေးဘူး။ ရူပတို့၊ ဓာတုတို့ကျမှ ဘယ်လိုလာမလဲ မသိဘူး” ဟု ဆိုသည်။

၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မတ်လ ၁၃ ရက်မှစတင်ကျင်းပကာ သိပ္ပံတွဲများ က မတ်လ ၂ဝ ရက်တွင် လည်းကောင်း၊ ဝိဇ္ဇာတွဲများက မတ်လ ၂၁ ရက်တွင်လည်းကောင်း ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

ဝ၈၇

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*