ပြည်တွင်းသတင်း — ရန်ကုန်၊ ဇွန် ၂၅၊ ၂ဝ၁၂

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခနှင့်ပတ်သက်သည့် သတင်းဖော်ပြမှုကြောင့် ပုဒ်မ ၅ဝ၅ (ဂ)ဖြင့် တရားစွဲခံထားရသော လျှပ်တစ်ပြက်သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်သည် ကျန်းမာရေး အခြေအနေအရနှင့် ပုဒ်မ ၄၉၇ ဥပဒေ ချွင်းချက်အရ ပုဇွန်တောင်မြို့နယ် တရားရုံး မှ ဇွန် ၂၅ တွင် အာမခံပေးလိုက်ပြီဖြစ်သည်။

ယနေ့နံနက် ပုဇွန်တောင်မြို့နယ် တရားရုံးရှေ့ မြင်ကွင်း

ယနေ့နံနက် ပုဇွန်တောင်မြို့နယ် တရားရုံးရှေ့ မြင်ကွင်း

အာမခံပေးလိုက်ရခြင်းသည် ပုဒ်မ ၄၉၇ ဖြင့် သေဒဏ်၊ ကျွန်းဒဏ်ချမှတ်ခံရလျှင်ပင် အာမခံပေး၍ရသော ချွင်းချက်များ ရှိနေပြီး ဦးမြတ်ခိုင်အား စွဲဆိုခဲ့ရသောအမှုသည် သေဒဏ်၊ ကျွန်းဒဏ် မဟုတ်သည့် အပြင် ယင်းစွဲဆိုခံရသောအမှုမှာ    ထောင်ဒဏ်နှစ်နှစ်သာ ကျခံနိုင်ခြင်းနှင့် ဦးမြတ်ခိုင်တွင် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ ခံစားနေရသည်မှာ အထောက်အထားခိုင်လုံစွာ ပြနိုင်သောကြောင့် အာမခံရခြင်း ဖြစ်သည်ဟု လျှပ်တစ်ပြက်ဂျာနယ် ဥပဒေအကြံပေး ဦးသိန်းသန်းဦးက မီဒီယာများသို့ ပြောသည်။

လျှက်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်

လျှက်တပြက် သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်

ဦးမြတ်ခိုင်အတွက် အလင်္ကာဝတ်ရည် ဦးမောင်မောင်အေးနှင့် စာရေးဆရာ မောင်ဆွေသက်တို့က အာမခံပေးထားသည်ဟု လည်းကောင်း၊ ဇွန် ၂၉ ရက်တွင် နောက်ထပ်ရုံးချိန်း ခေါ်ဆိုထားသည်ဟု လည်းကောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က““ပဉ္စမအကြိမ် လွှတ်တော်မှာတော့   ထောင်ဒဏ် ခုနစ်နှစ်အောက် ပုဒ်မတွေအားလုံး အာမခံပေးသင့်တယ်လို့ တင်တော့မယ်”” ဟု ပြောသည်။

ယင်းတရားရုံးသို့ ရောက်လာသူ တစ်ဦးကလည်း““ဒီပုဒ်မကိုက ဖျက်သိမ်းဖို့ သင့်မသင့်ဆိုတာ နိုင်ငံတော်က ဆုံးဖြတ်ရမည့် ပုဒ်မမျိုး ဖြစ်နေပြီ။ ပြီးတော့ ဒီအမှုက တရားရုံးအထိ တက်လာတာမျိုး မဖြစ်သင့်ပါဘူး””ဟု မြန်မာအင်ဒီပဲန်ဒင့်သို့     ပြောသည်။

ဝ၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*