တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဒီဇင်ဘာ ၂၉၊ ၂၀၁၆

လက်နက်ကြီးကျည်များ ကျပြီးနောက် ဇိုင်းအောင် စစ်ဘေး ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ခေါင်ရှောင်စခန်းသို့ ပြောင်းရွှေ့ နေကြကြောင်း ကချင်နှစ်ချင်း ခရစ်ယာန် အဖွဲ့ချုပ် KBC မှ စစ်ဘေး ဒုက္ခသည်ဆိုင်ရာ တာဝန်ခံတစ်ဦးက ဆိုသည်။

“လူဦးရေ ၂၆၉၀ ရှိတဲ့ ဇိုင်းအောင် စစ်ဘေးဒုက္ခသည် စခန်းဟာ ခေါင်ရှောင် ဒုက္ခသည်စခန်း (မူလ လူဦးရေ ၁၁၀၀ကျော်) ကို ရွှေ့နေပါတယ်။ တနေ့ည ၇း၀၀ နောက်ပိုင်းမှာ တပ်မတော်ရဲ့ မော်တာကျည် ၅ လုံး ဇိုင်းအောင် ဒုက္ခသည်စခန်း အနားမှ ကျကွဲပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ရှောင် ဒုက္ခသည်များသည် ညတွင်းချင်း ထွက်ပြေးလာရသဖြင့် ဆန်အနည်းငယ်၊ စောင်နှင့် အနွေး ထည်များကိုသာ သယ်ယူ၍ ပြေးလာကြရပြီး အမိုးအကာမရှိ၊ သောက်ရေမရှိဖြင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ရှောင် ဒုက္ခသည်များ၏ ပြောဆိုချက်အရ ဇိုင်းအောင်စခန်း အနီးတွင် တပ်မတော်၏ တပ်စခန်း ရှိပြီး စခန်း အရှေ့ဘက်တွင်လည်း ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တောင်ကုန်းတခု ရှိနေပြီး တိုက်ပွဲများကြားတွင် လုံခြံမှု လုံးဝမရှိတော့ကြောင်း သိရသည်။ ဇိုင်းအောင်စခန်းမှ ထွက်ပြေးလာကြသည့် စစ်ရှောင် ဒုက္ခသည် ဦးရေ ၂၆၀၀ တွင် သက်ကြီး ရွယ်အိုများနှင့် ကလေးငယ်များလည်း ပါဝင်ပြီး စာရင်းအတိအကျ မရသေးချေ။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့ နယ် နယ်ခြားမှတ်တိုင် (အောက်မှတ်တိုင် ၈) အနီးရှိ မုန်ဂါဇွပ်(ခေါ်) ဇိုင်းအောင် စစ်ရှောင်ဒုက္ခသည် စခန်းအနီးတွင် ဒီဇင်ဘာ ၂၇ ရက်က စခန်းအနီး၌ လက်နက်ကြီးကျည် ငါးခု ကျရောက် ပေါက်ကွဲမှုကြောင့် ဒုက္ခသည်များ လက်လွတ် ကိုယ်ကျွတ် ထွက်ပြေးလာရခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

တရားမဝင် ပိတောက် သစ်ခွဲသားတွေ ဖမ်းဆီးရမိ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*