အဖျက်ဆီးခံခဲ့ရသည့် ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

အဖျက်ဆီးခံခဲ့ရသည့် ဆိုင်တစ်ဆိုင်ကိုတွေ့ရစဉ်

အရိုက်နှက်ခံရသူ ကိုဇော်ကြီး

အရိုက်နှက်ခံရသူ ကိုဇော်ကြီး

ပဲခူးတိုင်း ဒေသကြီး (အနောက် ခြမ်း)၊ ဇီးကုန်းမြို့နယ်၌ မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သည့် ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးမှုများတွင် အာဏာပိုင်များက အမှတ် ၂ ရပ် ကွက် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ (မြို့နယ် အလုပ် အမှုဆောင် အဖွဲ့ဝင်) ဦးအောင်မြတ်သူအား အကြမ်းဖက်မှုတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည့် အပြင် ယင်းတို့က အမှတ် ၃ ရပ်ကွက် အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ (သတင်းနှင့် ပြန်ကြားရေး တာဝန်ယူသူ) ကိုဇော်မင်း(ခ) ကိုဇော်ကြီး၏ မျက်နှာနှင့် ဦးခေါင်းကိုလည်း ရိုက်နှက် ခဲ့သည်ဟု ဇီးကုန်းမြို့ဒေသခံများ၏ ပြော ကြားချက်အရ သိရသည်။

ယင်းဖြစ်ပွားမှုနှင့် ပတ်သက်၍ ဇီးကုန်းမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဥက္ကဋ္ဌ)ဒေါ်ခင်ဝိုင်းက အကြမ်းဖက် ဖျက်ဆီးမှု မဖြစ်ပွားမီ ၂၅ ရက် ညနေ ၅ နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ အိုးသည်ကုန်း၊ အုတ်ဖို၊ ကြို့ပင်ကောက် စသည့်မြို့များ တွင် အကူအညီပေးရန် အစည်းအဝေး ခေါ်ဆိုခဲ့ကြောင်း၊ ၂၆ ရက် နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးမှ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းတင်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း၊ ဌာနဆိုင်ရာ အဖွဲ့ အစည်းများ၊ နိုင်ငံရေး ပါတီအဖွဲ့များ၊ မြို့မိ မြို့ဖ ဈေးမိ ဈေးဖများ၊ လူမှုရေးအဖွဲ့ အစည်းများအားလုံးပါဝင်သည့် ဆွေး နွေးပွဲပြုလုပ်ခဲ့ကြောင်း၊ အန်အယ်လ်ဒီ ပါတီမှ လည်း ညီညီညွတ်ညွတ် ပူးပေါင်းပါဝင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

၂၇ ရက် နံနက်စောစော ၂ နာရီ ခွဲအချိန်၌ လူအယောက် ၃ဝဝ ကျော်က ဆယ်ပေါင်တူများ၊ ရဲဒင်း၊ ပုဆိန်၊ ဓား၊ တုတ် စသည့်လက်နက်များ ကိုင်ဆောင်၍ ညာသံပေးပြီး ချီတက် လာကြောင်း၊ ထိုအချိန်တွင် ကိုမင်းစံ က လူအုပ်ကြီး လာ၍ တားဆီိးရန် အမှတ် ၂ ရပ်ကွက် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်မြတ်သူအား အကြောင်း ကြားခဲ့ကြောင်း၊ လူအုပ်ကြီးအား ဟန့်တားရန် ထွက်လာ၍ ဖြိုခွင်းနေသူများအား ဆက်လက်မဖြိုခွဲရန်နှင့် လူစုခွဲရန် အော်ဟစ် တားဆီးခဲ့ကြောင်း၊ ထိုသို့ တားဆီးခြင်း အား အာဏာပိုင်များမှ ဦးဆောင်သူဟု ဆိုကာ ဖမ်းဆီးခဲ့ကြောင်း၊ ဖြစ်ပွားသည့် နေရာသည် ဦးအောင်မြတ်သူ၏ ဆိုင်နှင့်အနီး တစ်ဝိုက်တွင်ဖြစ်ပြီး အမှတ် ၂ ရပ်ကွက် တွင် ဖြစ်ကြောင်း၊ ထို့ကြောင့် အမှတ် ၂ ရပ်ကွက် အန်အယ်လ်ဒီ ဥက္ကဋ္ဌအနေဖြင့် သွားရောက် တားဆီး ခြင်းသာ ဖြစ်ကြောင်း၊ မျက်မြင်သက် သေများလည်းရှိကြောင်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်ခင်ဝိုင်းက ပြောသည်။

အကြမ်းဖက် ဖျက်ဆီးမှုများ ဖြစ်ပွားနေချိန်တွင် အမှတ် ၂ ရပ် ကွက်ရုံးလမ်းရှိ (ရာသက်ပန်) အိမ်ဆောက် ပစ္စည်းဆိုင်အား ဖြိုခွင်းနေသူ လူအုပ်စုအား ဆက်လက် မဖြိုခွဲကြရန် နှင့် လူစုခွဲကြရန် တားမြစ်သူ ကိုအောင်မြတ်သူအား ဦးဆောင်သူဟု ဆိုကာ ထိန်းသိမ်းခံထားရကြောင်း ကိုမင်းစံနှင့်မျက်မြင်သက်သေများ က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

ဦးအောင်မြတ်သူအား ၂၇ ရက် မှစ၍ ၂၈ ရက် မနက်ပိုင်း အထိ ဇီးကုန်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီး ထား ကြောင်း၊ ၂၈ ရက် နေ့လယ်မှ စ၍ ပေါင်းတည် အကျဉ်းထောင် သို့ ပို့ထားကြောင်း၊ ယခုချိန်အထိ မိသားစုဝင် များနှင့် တွေ့ခွင့် မရသေးကြောင်း၊ အစားအသောက်နှင့် အဝတ်အထည် များပေးခွင့်မရသေးကြောင်း ဦးအောင် မြတ်သူ၏ သား မောင်ဇင်ထက်သူက “မြို့နယ် ရဲစခန်းမှာတုန်းကလည်း တွေ့ဖို့သွားပါတယ်။ ဒါပေမယ့် တွေ့ခွင့် မပေးပါဘူး။ အဲဒါနဲ့ ကျွန်တော် လည်း ဘယ်တော့တွေ့ခွင့် ရမလဲလို့ မေးတော့ ရုံးထုတ်ရင် တွေ့ရမယ် တဲ့ အဲဒီနေ့က ၂၈ ရက်ဗျ။ ဒါနဲ့ကျွန်တော် လည်း ဆက်စောင့်တာပေါ့။ ညနေ ကျမှ သိရတာ။ ပေါင်းတည် အကျဉ်းထောင်ကို ပို့လိုက်ပြီတဲ့။ နောက်နေ့ ၂၈ ရက် သွားတွေ့တော့ တွေ့လို့မရ သေးဘူး။ အစားအသောက် လည်း ပို့လို့ မရသေးဘူးတဲ့ ခုထက်ထိ တွေ့ ခွင့်မရသေးလို့ စိတ်အရမ်း ပူရပါတယ်” ဟု မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။

၂၇ ရက် ညနေ ၄ နာရီခွဲအချိန်  ဈေးလမ်းရှိ ရွှေတံခွန်ဆေးဆိုင်အား ဖြိုခွင်းမှုဖြစ်ပွားရာတွင် မှတ်တမ်းတင် နေသော အန်အယ်လ်ဒီ ပါတီမှ သတင်း  နှင့် ပြန်ကြားရေး တာဝန်ပေးထားသော ကိုဇော်မင်း(ခေါ်) ကိုဇော်ကြီး အား ပြည်မြို့ ရဲတပ်ရင်း ၁ဝ မှ အာဏာ ပိုင်များက ရိုက်နှက်ခဲ့ကြောင်း ကိုဇော်ကြီးက ပြောရာတွင် “ရွှေတံခွန် ဆေးဆိုင်ကို ဖြိုတဲ့အချိန်မှာ အာဏာပိုင် တွေရှိပါတယ်။ လူအုပ်စုကြီးက ကျေနပ်လောက်အောင် ဖြိုဖျက်ပြီးတဲ့ အခါမှာ သေနတ်တစ်ချက်ဖောက်ပါတယ်။ ပြီးတော့ လူအုပ်စုခွဲတယ်။ အဲဒီအချိန်မှာ ကျွန်တော်က လမ်းပေါ်က နေပြီး ရွှေတံခွန်ဆိုင်ရဲ့ ပျက်စီးဆုံးရှုံးမှုကို မှတ်တမ်းယူနေတဲ့ အချိန်မှာ ရဲအယောက် ၂ဝ လောက် က ရောက်လာ ပြီး ကျွန်တော့်ကိုမေးပါတယ်။ မင်းဘယ်ကလဲတဲ့ ကျွန်တော်က ဇီးကုန်းမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းနဲ့ ပြန်ကြားရေးကပါလို့ ပြောတယ်။ အဲဒါကို ဘာသတင်းနဲ့ ပြန်ကြားရေးလဲ ဆိုပြီးတော့ ပြောလည်းပြော ထိုးလည်းထိုးပါတယ်။ ရာဘာတုတ် တွေနဲ့လည်း ဝိုင်းရိုက်ပါတယ်။ ကျွန် တော်က ခင်ဗျားတို့ လူမှားမယ် ကျွန်တော့်မှာ အန်အယ်လ်ဒီကတ် ရှိပါတယ်ဆိုပြီး ကတ်ထုတ်ပြပါတယ်။ ကတ်လည်း နားမလည်ဘူး ဆိုပြီး ခေါင်းနဲ့ မျက်နှာကိုဝိုင်းရိုက်ပါတယ်။ ပြီးတော့ မင်းလွယ်အိတ်ထဲက ဘာပါလဲတဲ့ ကျွန်တော်က ကင်မရာပဲ ပါတယ်။ အဲဒါကိုပေးစမ်းဆိုပြီး လွယ်အိတ်ကို ဖျက်ဆီးပြီး ကင်မရာကို ယူပါတယ်။ ပြီးတော့ ဆက်ရိုက်ပါ တယ်။ အဲဒီမှာ ရဲအသိ တစ်ယောက်က တောင်းပန်လို့ ကင်မရာကို ပြန်ပေး ပါတယ်”ဟု ပြောပါသည်။

ထိုသို့ဖြစ်ပွားပြီးသည့်နောက် မြို့နယ် အန်အယ်လ်ဒီ ပါတီရုံးသို့ ဒဏ်ရာများဖြင့် ရောက်လာကြောင်း၊ ပါတီဝင် များမှ ဆေးရုံသို့ လိုက်ပို့၍ ထို ဆေးရုံတွင် ၂ ရက် နေခဲ့ ရကြောင်း၊ လက်ရှိ မိမိနေအိမ်တွင် ဈေးနှုန်း သက်သာသော ဆေးဝါး များဖြင့် ကုသနေရပြီး မျက်နှာတွင် အညိုအမည်းများ စွဲ၍ ရံဖန်ရံခါခေါင်းမူးသည် ဟု ပြော ကြောင်း “အကြမ်းဖက် ဖျက်ဆီးပြီး ဥပဒေမဲ့ လုပ်ဆောင်သူတွေကို နှိပ်ကွပ်မှုမရှိဘဲ အေးအေးချမ်းချမ်း မှတ်တမ်းတင်နေတဲ့ အန်အယ်လ်ဒီ ပါတီဝင် ကိုဇော်ကြီးကို ဝိုင်းပြီး ရိုက်နှက်ခြင်း ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဒီမိုကရေစီ သွားနေတဲ့ လမ်းကြောင်းနဲ့ လွဲဖယ်နေပြီး လူ့အခွင့်အရေးကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်နေ တာပါ။ ခြုံပြီး ပြောရရင် ဥပဒေမဲ့ဖျက်ဆီးပြီး ရမ်းကား ရိုင်းစိုင်း ရိုက်နှက်မှု တွေကို အန်အယ်လ်ဒီ အဖွဲ့ကိုယ်စား လုံးဝ ရှုတ်ချပါတယ်”ဟု အန်အယ်လ်ဒီ မြို့နယ် ဥက္ကဋ္ဌဒေါ်ခင်ဝိုင်းက မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောပါသည်။

အထက်ပါ ကိစ္စများနှင့် ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဇီးကုန်းမြို့နယ်မှူး ဦးချစ်ဆွေ အား မြန်မာအင်ဒီပဲန်ဒင့်မှ ဆက်သွယ်မေးမြန်းရာ အမှု စစ်ဆေးဆဲ ကာလဖြစ်သဖြင့် မည်သည့်အကြောင်း အရာကိုမှ ထုတ်ပြန်နိုင်ခြင်းမရှိသေး ကြောင်း ပြောကြားပါသည်။

ယ.ဝဝ၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*