ပညာရေး သတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃၊ ၂ဝ၁၃
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း

ရန်ကုန် တက္ကသိုလ် အပါအဝင် တက္ကသိုလ် အသီးသီး၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ နေထိုင်နိုင်ရန် အဆောင်စနစ်ကို ပြန်လည် ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဖေဖော်ဝါရီ ၂၃ ရက်တွင် မြန်မာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးစင်တာ၌ ပြုလုပ်သော အစည်းအဝေး၌ တရား ဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

“တက္ကသိုလ်တွေက အဆောင် တွေမှာပြန်ပြီး ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေကို နေလို့ ရအောင် ဆောက်လုပ်ဖို့ သမ္မတကြီး က ပြောထားပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” ဟု ဝန်ကြီး ဦးစိုးသိန်း က ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေး၌ ရန်ကုန် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း အတွင်းရေးမှူးကလည်း တက္ကသိုလ် ဥပဒေမူကြမ်း ရေးဆွဲရာတွင် ဆရာ၊ ဆရာမများ၏ အကြံဉာဏ်များရယူ ပေးရန်၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်း အစည်းအဝေးများ တရားဝင်ပြုလုပ်နိုင်ရန် ရုံးခန်းပြုလုပ် သတ်မှတ်ပေးရန်၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား ကျောင်း သူများအတွက် သွားလာရေး အဆင်ပြေစေရန် အခမဲ့ သို့မဟုတ် ချိုသာသော လစာ ဖြင့် အကြိုအပို့ယာဉ် စီစဉ်ပေးရန်၊ စနေ၊ တနင်္ဂနွေနေ့များတွင် လက်တွေ့ခန်း ဝင်ရသော တာဝန်ကျဆရာ၊ ဆရာမများ အတွက် ထိုက်တန်သော ခံစားခွင့်ပေး ရန်၊ ပညာရေးနှင့် သက်ဆိုင်သည့် အစည်းအဝေး များတွင် ဆရာ၊ ဆရာမများမှ ကိုယ်စားလှယ် အဖြစ် တရားဝင်တက်ရောက်ခွင့်ရ အောင် ခွင့်ပြုပေးစေလိုကြောင်း စသည် တို့ကို တင်ပြ သွားသည်။

အဆိုပါ တောင်းဆို တင်ပြချက်များနှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ဆက်လက် လုပ်ဆောင်ပေး ပါမည်ဟု ပြန်လည် ဖြေကြား ခဲ့သည်။

တက္ကသိုလ်များတွင် အဆောင် စနစ်ပြန်လည်ပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က အတည်ပြုပြောကြားသည့် အပေါ် ရန်ကုန်တက္ကသိုလ်မှ ဆရာ တစ်ဦးက “ကျောင်းဝင်းထဲမှာ အဆောင်ထား ပေးတယ် ဆိုတာ ရင်အုပ်မကွာ ရှိစေတာပဲ။ တကယ်တော့ ကောင်းတဲ့ကိစ္စပါ။ ဟိုးအရင်က တည်းကလည်း ဒီစနစ်က ရှိတာပဲ။ ဒါက အမြန်ဆုံး လုပ်နိုင်လေ၊ ကောင်းလေပဲ”ဟု သုံးသပ် ပြောကြားသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များအတွင်း အဆောင် စနစ်များ ပြုလုပ်မည်ဟု ပြောနေချိန်တွင် မြန်မာပြည်၏ အထင်ကရ ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း၌ အင်တာနက်လိုင်း Wifi စနစ် အသုံးပြုနိုင်ခြင်းပင် မရှိကြောင်းကို ယင်း တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

 ၁၉၆၅ ခုနှစ် ပဉ္စမအကြိမ် ကျွန်းဆွယ် အားကစားပြိုင်ပွဲအပြီးတွင် အားကစားသမား များနေထိုင်ရာ အားကစား ရွာကို စီးပွားရေး တက္ကသိုလ် အဆောင်အဖြစ် ပြောင်းလဲပေးခဲ့သည်ဟု သိရသည်။

ဝဝ၈

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*