စီးပွားရေးသတင်း ပြည်တွင်းသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၁၄၊ ၂၀၁၇


တရားမဝင် ကုန်စည် စီးဆင်းမှုတွေကို နိုင်ငံတော် အစိုးရက အလေးအနက်ထား ကိုင်တွယ်ဖြေရှင်း သွားမှာ ဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကော်ျဝင်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ UMFCCI အစည်းဝေး ခန်းမမှာ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။ တရားမဝင် ကုန်ပစ္စည်းတွေကြောင့် လုပ်ငန်းရှင်တွေ အများကြီး ထိခိုက် နစ်နာမှုတွေ ရှိနေပြီး တိုင်းပြည်အတွက်လည်း နစ်နာကာ အဘက်ဘက်က ထိခိုက်တာတွေ ရှိနေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

အဲဒါကြောင့် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစိုးရ အနေနဲ့ မျက်ကွယ်ပြုမှာ မဟုတ်ပဲ တိတိကျကျ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမှာ ဖြစ်ပြီး အကောင်းဆုံး နည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*