တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — တာချီလိတ်၊ ဇန်နဝါရီ ၅၊ ၂၀၁၇

ဝမ်ပုံသွားလမ်းပေါ် မြန်မာ ဧရာမွန်ဂိတ်မှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဝှေလှေလန် ကျေးရွာ တာချီလိတ် – ဝမ်ပုံ သွား ကားလမ်းပေါ်မှာ ရှိတဲ့ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေး စခန်းမှာ ဇန်နဝါရီ ၄ ရက်နေ့ ည ၉ နာရီ ဝန်းကျင်က အဲဒီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှု ဖြစ်ရာနေရာကို စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက် ဦးစီးတဲ့ အဖွဲ့နဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ သွားရောက် စစ်ဆေးခဲ့ကြပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် အနက် (၅) လက်မ၊ အကျယ် (၁)ပေခန့် မြေသားတွေ ဖွာနေတဲ့ ကျင်းတစ်ခု၊ လမ်းအသုံးပြုခ ကောက်ခံတဲ့ ဂိတ်မှန်နဲ့ လူနေ အဆောက်အဦး မှန်တွေ ခေါင်မိုး အုတ်ကျွတ်တွေ ပျက်ဆီးခဲ့တာပါ။ ဒါ့ အပြင် အဲဒီပေါက်ကွဲမှုကြောင့် ဂိတ်တာဝန်ကျ အသက်(၁၇) နှစ်ရှိ မောင်ကျော်ကျော်ထက်မှာ ဦးခေါင်းရှေ့ ဝဲဘက် နဖူးပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*