တိုင်းရင်းသားသတင်း — ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇

တိုင်းရင်းသား လက်နှက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်တွေက တတိယ အကြိမ် မျက်နှာစုံညီ ပန်ခမ်း အစည်းအဝေး အတွက် သတင်း ထုတ်ပြန်ချက် အမှတ် ၀၀၁ ကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၇ မှာ ထုတ်ပြန် လိုက်ပါတယ်။

အဲဒီအစည်းအဝေးကို ဖေဖေါ်ဝါရ်ီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ အထူးဒေသ (၂) ဝ ပြည်နယ် အစိုးရဌာနချုပ် ပန်ခမ်းမြို့မှာ ကျင်းပပြုလုပ် သွားမှာပါ။ အဲဒီအစည်းအဝေးကို ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP UWSA) မှ ကမကထပြု ကျင်းပသွားမှာ ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄)PSC NDAA မှ ကူညီ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ အစည်းအဝေးကို တက်ရောက်ဖို့ အဖွဲ့ပေါင်း ၁၀ ဖွဲ့ကို ဖိတ်ကြားထားပြီး အစည်းအဝေးကို တက်ရောက်ဖို့ (၈) ဖွဲ့မှ ကိုယ်စားလှယ်တွေ စေလွှတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ ကိုယ်စားလှယ်တွေမှာ ရက္ခိုင့်တပ်မတော် (ULA/AA) ပလောင် ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) ကချင် ပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ (KIO/KIA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (SPC/NDAA)နဲ့ အထူး ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ် ၂ ဦး တက်ရောက်ကြမှာပါ။

ဒါ့အပြင် ကျန်နှစ်ဖွဲ့ဖြစ်တဲ့ ကရင်နီ တိုးတက်ရေးပါတီ (KNPP)နဲ့ မွန်ပြည်သစ် ပါတီ (NMSP) တို့က ကိုယ်စားလှယ် မစေလွှတ်နိုင်တဲ့ အတွက် စာတမ်းတင်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးရဲ့ ဆွေးနွေးချက်တွေဟာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးနဲ့ အမြင်သဘောထားနဲ့ ရပ်တည်ချက်တွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*