လူမှုရေးသတင်း — တောင်ကြီး၊ ဇန်နဝါရီ ၁၆၊ ၂ဝ၁၃

တရုတ်ပြည်တွင် လူကုန်ကူးခံရပြီး ရောင်းစားခံရသည့် မိန်းကလေးကို မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက် ဖျက်ရေး အဖွဲ့နှင့် လူမှုဝန်ထမ်း ကူညီရေးနှင့်ပြန်လည်နေရာ ချထားရေး အဖွဲ့တို့က ပူးပေါင်းကယ်တင် ပေးပြီး မိဘအုပ်ထိန်းသူ ထံသို့ ပြန်လည် အပ်နှံပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၉း၃ဝ အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့၏ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ နှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး လူကုန်ကူး ခံရပြီးနောက် ပြန်လည် ကယ်တင်လာသည့် မယုဇနနှင့် အုပ် ထိန်းသူတို့ တက်ရောက် သည်။ လူကုန်ကူးခံခဲ့ရသူ မယုဇနကပြော ကြားရာတွင် မိမိသည် တောင်ကြီး မြို့၊ အရှေ့ပင်စင်ရပ် တွင်နေထိုင် ကြောင်း၊ ယင်းမှတစ်ဆင့် မန္တလေး မြို့တွင် သွားရောက် အလုပ် လုပ်ကိုင်နေခဲ့ကြောင်း ၊ ဈေးချိုတွင် အလုပ်လုပ်ကိုင်နေစဉ် မူဆယ်တွင် အလုပ် အကိုင်ကောင်းကြောင်း မကြာ ခဏကြားရသဖြင့် ၂ဝ၁၂ ခုနှစ် မေလတွင် မူဆယ်မြို့သို့အလုပ်လုပ်ရန် Express ကားဖြင့်   ထွက်ခွာခဲ့ ကြောင်း၊ လာရှိုးတွင် ထမင်းစားနား နေစဉ် ကားမမီပဲ ကျန်နေခဲ့ကြောင်း၊ မူဆယ်ကားစီးရန် ကားစုံစမ်းနေစဉ် မဂျူးဂျူး ဆိုသူက  ရောက်ရှိလာပြီး မူဆယ်စက်ရုံတွင် အလုပ်လုပ်ကိုင်လျှင် စရိတ်ငြိမ်း ကျပ်ငွေ ၆ သိန်းခန့် ရရှိမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် သူ့နှင့် အတူ လိုက်သွား ခဲ့ကြောင်း ၊ ဗန်ကားနှင့် မူဆယ်သို့ထွက်ခွာခဲ့ရာ ညနေစောင်းတွင် မူဆယ်သို့ ရောက် ရှိပြီး ခိုးပေါက်မှ တစ်ဆင့် ကြယ် ခေါင်မြို့တွင်းသို့ ဝင်ရောက် ခဲ့ကြောင်း၊ မူဆယ်ပြောပြီး တရုတ်ပြည်တွင်းသို့ ရောက်ရှိနေသဖြင့် ရောင်းစားခံရမည် စိုးရိမ်ကြောင်းပြောရာ မဂျူးဂျူး  က ဗမာအချင်းချင်း မရောင်းကြောင်း ယုံကြည်ရန်ပြောဆိုပြီး မဂျူးဂျူးက ဖုန်းဆက်လိုက် ရာခေတ္တမျှအကြာတွင် တရုတ်မနှစ်ဦး ကားဖြင့်ရောက်ရှိ လာကာ ထိုကားဖြင့်  မိမိအပါအဝင် မဂျူးဂျူးနှင့် ကားပေါ်တက် လိုက် သွားကြောင်း ၊ ကျန်ဖုန်းမြို့ တည်း ခိုခန်းရောက်ရှိစဉ် မဂျူးဂျူးနှင့် တရုတ်မများ တရုတ်လိုပြောဆို ကာ၊ မဂျူးဂျူးက အိမ်သာသွား ဦးမည်ပြောဆိုပြီး ပျောက်သွားကြောင်း၊ ယင်းနောက် တရုတ်မနှစ်ဦးပါ ကားပေါ်မှ ဆင်းနေခဲ့ကြောင်း၊ တည်း ခိုခန်းတွင် မိမိကိုယူမည့် တရုတ် လူမျိုး ကွဲဟွန်းဆိုသူနှင့် တရုတ် လူမျိုး တစ်ဦးရောက်ရှိ လာပြီး (၄) ညအိပ်၊ (၅)ရက်ကြာ ကားရထား စီးပြီး လုဆဆာမြို့သို့ ရောက်ရှိခဲ့ ကြောင်း၊ ယင်းနောက် တက္ကစီ စီးကာ တနန်းရှိ တရုတ်လူမျိုး အိမ်သို့ ရောက်ရှိ သွားကြောင်း၊ ပြောင်းစိုက် ခင်းတွင် ဆင်းရဲပင်ပန်းကြီးစွာ အနှိပ် စက်ခံပြီး အလုပ် လုပ်ကိုင်ပေး ခဲ့ရကြောင်း၊ တစ်ယောက်တစ်မျိုး ခိုင်းပြီး ဝိုင်းဝန်း နှိပ်စက် တတ်ကြောင်း၊ အစားအသောက် အဖြစ် ခေါက်ဆွဲ ပြုတ်နှင့် မုန်ညင်းသာ စားသုံးခဲ့ရ ကြောင်း၊ မိမိအား ဝယ်ယူထားသည့် ယောကျာ်းဖြစ်သူမှာလည်း လိင်ကိစ္စ အတင်း အဓမ္မပြုကျင့်နှိပ် စက်ကြောင်း၊ လိင်ကိစ္စ လက်မခံလျှင် ခြေသလုံးကို ဓားနှင့် ထိုးခွဲခြင်း ခံခဲ့ရကြောင်း၊ ဘေးအိမ်ရှိ မျက်မြင်များက မိမိကို သနားကာ ငါးကြော် တစ်ကောင် လာရောက်ကျွေးသည်ကို ယူစားမိသဖြင့် အနှိပ်စက်ခံ၊ အရိုက်ခံခဲ့ရကြောင်း၊ ပြန် ခံပြောလျှင်လည်း အခန်းပိတ်ပြီး ဝိုင်းရိုက်တတ်ကြ ကြောင်း ၊ မိမိလွတ်မြောက်မှု ရရှိစေရန် အတွက် မိမိယောကျာ်း တရုတ်လူမျိုးကို အချိုသတ်ပေါင်း ကာ ပြောင်းဖူးရောင်းပြီး ပြန်လာစဉ် ပိုက်ဆံမမြင်ဖူးသဖြင့် ပေးကိုင်စေ လို ကြောင်းပြောရာ တရုတ်ယွမ်ငွေ (၄ဝဝဝ) ပေးကိုင်သဖြင့် ၂ဝဝဝ စီခွဲကာ ကိုယ်ပေါ်နှစ်နေရာတွင် ဖွက်ထားလိုက်ကြောင်း၊ မုန့်ဝယ်စားမည်ပြောပြီး ထွက်ပြေး ခဲ့ကြောင်း၊ တရုတ်ယောကျာ်း နောက်မှ လိုက်သဖြင့် စကားများရန်ဖြစ်ကာ ငွေ (၂ဝဝဝ)တွေ့ပြီး သိမ်းဆည်းသွား ကြောင်း၊ မိမိလည်း တရုတ်ရဲစခန်း သို့ပြေးဝင်ပြီး အကူညီတောင်း ခံခဲ့ကြောင်း၊ တရုတ် ရဲစခန်းတွင် ၃ရက် စစ်ဆေးခံပြီး အိမ်လိုက်ပြကာ တရုတ်ယောကျာ်းကို ဖမ်းဆီးခဲ့ ကြောင်း၊ မိမိကို ကြယ်ခေါင်မှ တစ်ဆင့် မူဆယ်ရှိ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့မှ ဒုရဲအုပ်ဆီပို့ ဆောင်ပေးခဲ့ကြောင်း၊ မူဆယ်မှ တစ်ဆင့် အမျိုးသမီးပြုပြင်ထိန်း သိမ်းမှုသင်တန်းကျောင်းသို့ ရောက် ရှိပြီး ယင်းကျောင်းမှ တစ်ဆင့် မန္တလေးအသက်မွေးမှုသင်တန်းသို့ ရောက်ရှိခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် တောင်ကြီးမြို့ လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးအဖွဲ့၏ အကူအညီဖြင့် မိဘ အုပ်ထိန်းသူထံ သို့ ပြန်ရောက် လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်ဝေ နှင့် အဖွဲ့ဝင်များက ပြီးခဲ့တာတွေကို မေ့ပျောက်ကာ စိတ်သစ်လူသစ်ဖြင့် ဘဝကို ဖြတ်သန်းရန်၊ မိဘထံ ပြန် ရောက်ခြင်းသည် များစွာ ကုသိုလ် ကံကောင်းကြောင်း ပြော ဆိုနှစ်သိမ့် ပေးကာ ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူထံသို့ပြန်လည် အပ်နှံခဲ့သည်။

ဝ၈ဝ

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*