နိုင်ငံတကာသတင်း — ဘေကျင်း၊ မတ် ၈၊ ၂ဝ၁၃

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်နှင့် နယ်စပ်ဒေသ တစ်လျှောက်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် အမြောက်အများ ဝင်ရောက်လာမှု မရှိဘဲ အခြေအနေမှာ တည်ငြိမ်ပြီး လုံးဝထိန်းသိမ်းနိုင်သည့် အနေအထား တွင် ရှိကြောင်း၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး လီကျီဟင်းက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံ ဘက်ခြမ်းမှာ မြန်မာဒုက္ခသည် အများဆုံး အချိန်က ၃ဝဝဝ ကျော် ရှိခဲ့တာနဲ့စာရင် လောလောဆယ် မှာ ၁ဝဝဝ တောင် မပြည့် ပါဘူး” ဟု မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခများမှ ထွက်ပြေး ဝင်ရောက်လာသော မြန်မာ ဒုက္ခသည်များ အကြောင်း မီဒီယာက မေးမြန်းမှုတစ်ခု ကို ပြန်လည်ဖြေကြားရာတွင် မစ္စတာ လီက ဆိုပါသည်။ “မြန်မာနိုင်ငံသားတွေ ယူနန်ပြည်နယ် ထဲကို နောက်တစ်ခါ ခိုလှုံဖို့ ဝင်လာရင်လည်း တရုတ်ဗဟို အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အညီ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အဆင်ပြေဖို့ လူသားချင်းစာနာမှု အကူအညီ တွေကို သေချာပေါက် ကျွန်တော်တို့ ပေးမှာပါ” ဟု လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သော မစ္စတာလီ က ဘေကျင်းတွင် ကျင်းပနေသည့် နှစ်ပတ်လည် လွှတ်တော် အစည်းအဝေး ပြင်ပတွင် ပြောကြားခဲ့သည်။

၂ဝ၁၁ ခုနှစ်တွင် ဖြစ်ပွားသော မြန်မာအစိုးရတပ်များနှင့် ကေအိုင်အေ တပ်များကြား လက်နက်ကိုင်ပဋိပက္ခ များကြောင့် အမျိုးမသီးများ၊ ကလေး များနှင့် သက်ကြီး ရွယ်အိုများ အများစု ပါဝင်သည့် မြန်မာနယ်စပ်ဒေသခံ လူထုထောင်နှင့် ချီပြီး ကချင်ပြည်နယ်နှင့် နယ်ချင်းစပ်ရာ ယူနန်ပြည်နယ်၏ တဲ့ဟုန်း စီရင်စုထဲရှိ တရုတ်ဆွေမျိုး သားချင်းများထံ ခိုလှုံနေထိုင်ရန် ဝင်ရောက်ခဲ့ကြသည်။

မြန်မာအစိုးရ၏ ပေါင်းစည်းညီညွှတ်သော နိုင်ငံတစ်ခုအဖြစ် ထိန်းသိမ်းသော ရပ်တည်ချက်ကို တရုတ်ပြည်က နားလည်ကြောင်း၊ ထို့ပြင် မြောက်ပိုင်း မြန်မာရှိ တိုင်းရင်းသား လူမျိုးစုများ၏ တရားမျှတသော အခွင့်အရေး ကိုလည်း သဘောပေါက်ကြောင်း၊ မစ္စတာလီက ပြောသည်။ “တရုတ်နဲ့ မြန်မာဟာ အိမ်နီးချင်းကောင်းတွေ ပါ။ မြန်မာ အစိုးရနဲ့ တိုင်းရင်းသား ကချင်လွတ်မြောက်ရေး တပ်မတော် အကြား အဖုအထစ် ဖြစ်နေတာတွေ က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စပါ” ဟု လီက ဆိုပါသည်။

တရုတ်အစိုးရ အနေဖြင့် ယင်းတို့ နှစ်ဦးကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဖြစ်မြောက်ရန် ကြိုးပမ်းအားထုတ်မှု အမြောက် အများ ပြုလုပ်ခဲ့သည်။ “နှစ်ဦးနှစ်ဖက် ရွှေလီမှာ တွေ့ဆုံ ဆွေးနွေးဖို့ အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးပေးခဲ့ပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ “ဆွေးနွေးပွဲတွေဟာ အခြေအနေ တိုးတက် ကောင်းမွန်မှု ရှိနေပါတယ်” ဟု သူက ဆိုပါသည်။

Ref: English.peopledaily.com

တရုတ်နိုင်ငံရှိ ဒုက္ခသည် စခန်းတစ်နေရာ

တရုတ်နိုင်ငံရှိ ဒုက္ခသည် စခန်းတစ်နေရာ

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)