ပြည်တွင်းသတင်း — နေပြည်တော်၊ မတ် ၂၂၊ ၂ဝ၁၃

ပထမ အကြိမ် ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန်အစည်းအဝေးတွင် မတ် ၂၂ ရက်၌ လွှတ်တော် ကိုယ်စားလှယ် သူရ ဦးအောင်ကိုက အရေးကြီးအဆို အဖြစ် “ဒဏ်ရာရ လူနာများကို အချိန်မီ ဆေးကုသနိုင်ရေး အတွက် လိုအပ်သည့် လုပ်ထုံး လုပ်နည်းပြဌာန်းချက် များအား ဆောလျင်စွာ ထုတ်ပြန်ပေးရန်” အဆိုကို တင်သွင်းခဲ့ရာ အားလုံး က ထောက်ခံ အတည်ပြုခဲ့ကြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ မော်တော်ယာဉ်အစီးရေ ၃ သန်း ကျော်ရှိရာ ယာဉ်မတော်တဆဖြစ်မှု များ များပြား လာကြောင်း၊ အထူး သဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မော်တော်ယာဉ် မတော်တဆမှု မှုခင်း များ မကြာခဏဖြစ်ပွားနေကြောင်း၊ မတော်တဆဖြစ်မှုများတွင် ဒဏ်ရာရ လူနာများကို ကြက်ခြေနီ အဖွဲ့က သွား ရောက်ခေါ်ဆောင်ကာ သက်ဆိုင်ရာ ရဲ စခန်း၊ ဆေးရုံဆေးခန်းများသို့ ပို့ဆောင် ပေးသည်ဟု သိရသော်လည်း ကြက် ခြေနီအဖွဲ့ထံ ဆက်သွယ်ရမည့် လမ်း ကြောင်းနှင့် ဖုန်းနံပါတ်ကို အများ ပြည်သူတို့ ကျေညက်စွာ မသိရှိသေး ကြောင်း၊ အချို့လူနာများမှာ နီးစပ် ရာဆေးရုံဆေးခန်းများသို့ အချိန်မီ ပို့ဆောင်၍ ဆေးဝါးကုသမှု မပြုနိုင် ခြင်းကြောင့် မသေဆုံးသင့်ဘဲ သေဆုံး နေရကြောင်း၊ နေပြည်တော်အပါအ ဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ် ကြီးများမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ဝဝ ခန့်သာ ရှိသည်ဟု သိရသဖြင့် ယာဉ်ထိန်း ဝန်ထမ်းဦးရေ လွန်စွာနည်းပါးနေကြောင်း၊ ထို့ပြင် ယာဉ်မတော်တဆမှုများမှာ ရဲမှုခင်း ဖြစ်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့ ရောက်မ လာမချင်း အခင်းဖြစ်အနေအထား မ ပျက်ယွင်းစေရန် စောင့်ဆိုင်းရခြင်းမျိုး မလုပ်ဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အချိန်မီ ပို့ဆောင်ခဲ့သည့်တိုင် ဆေးရုံ ဆေးခန်းများမှ ရဲတပ်ဖွဲ့၏ မှုခင်းဆေး မှတ်ချက်များ မပါရှိသဖြင့် လုပ်ထုံး လုပ်နည်းများအရ ချက်ချင်းကုသမှု မပြုလုပ်နိုင်ခြင်းစသည့် အကြောင်း အချက်များကြောင့် ဆေးကုသမှု နောက်ကျကာ မလိုလားအပ်သော ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင်  ခိုက်ရန်ဖြစ်ပွားမှုနှင့် အရက် အလွန်အကျွံ သောက်စားမှုတို့ကြောင့် လည်း မတော်တဆဖြစ်ပွားမှုများ  ရှိနေကြောင်း၊   ပထမအကြိမ် ပြည်သူ့ လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တွင် ကိုယ်စားလှယ် ဦးရဲထွဋ်ဦး၏ မေးခွန်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော် ထွန်းက ရဲတပ်ဖွဲ့ဝင်များအတွက် စုံထောက်စစ်ဆေးရမည့် မှုခင်းဖြစ်ရပ်မှာ အရေးကြီးသဖြင့် မှုခင်းဖြစ်ရပ် မပျက်စီးစေရန် အမှတ်အသားများ မှတ်သားထားရှိပြီး လူနာကို  နီးစပ်ရာ ဆေးရုံသို့ အချိန်မီ ပို့ပေးပါက ဥပဒေ နှင့် ငြိစွန်းမှုရှိမည် မဟုတ်ဟု ဖြေ ကြားခဲ့ပါကြောင်း၊ သို့ရာတွင် ပြည် သူများမှာ အတွေ့အကြုံနည်းပါး ခြင်း၊ လုပ်မှားကိုင်မှားဖြစ်၍ ပြန်လည် အရေးယူခံနိုင်ဖွယ်ရှိခြင်း၊ ရဲစခန်း များကလည်း မကြာခဏ ခေါ်စစ်ခြင်း တို့ကြောင့်  မော်တော်ယာဉ်မတော် တဆဖြစ်မှုနှင့် အခြားမတော်တဆ ဖြစ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူ များကို နီးစပ်ရာ ဆေးရုံဆေးခန်း များသို့ အချိန်မီ မပို့ဆောင်နိုင်သဖြင့် မလိုလားအပ်သော နောက်ဆက်တွဲ ဖြစ်ရပ်များကို ဝမ်းနည်းဖွယ်ရာ ကြား သိနေရ ပါကြောင်း၊ ဆေးရုံဆေးခန်း များကလည်း ရဲတပ်ဖွဲ့စိစစ်ချက် မပါ ပါက ထိခိုက်ဒဏ်ရာလူနာကို လုံးဝ လက်မခံကြကြောင်း၊ ထို့ကြောင့်   ထိုကဲ့သို့သော  ဒဏ်ရာရ လူနာများ ကို အချိန်မီ ဆေးကုသနိုင်ရေးအ တွက် လုပ်ထုံးလုပ်နည်းများနှင့် ပြ ဋ္ဌာန်းချက်များ မရှိသေးပါက လိုအပ် သည့် လုပ်ထုံးလုပ်နည်းများကို စော လျင်စွာ ထုတ်ပြန်ပေးနိုင်ရန် ပြည်သူ့ လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ကန်ပက်လက် မဲဆန္ဒနယ်၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက တင်သွင်းခဲ့ သည်။

ယင်းအဆိုကို အခြားလွှတ်တော် ကိုယ်စားလှယ်များက ထောက်ခံရာ ဒေါ်အောင်ဆန်းစုကြည်က ထိခိုက် ဒဏ်ရာရသူများ မလိုအပ်ဘဲ မနစ် နာရန် ထောက်ခံခြင်းဖြစ်ကြောင်း စတင်ပြောဆိုကာ “ကူညီတဲ့နေရာမှာ မှန်ကန်တဲ့ စေတနာနဲ့ ကူညီဖို့ နည်းလမ်းကျကျနဲ့ ကူညီဖို့ လိုပါတယ်။ မကူညီနိုင်ဘဲနဲ့ ဆေးဝါး ကုသမှု ပေး နိုင်တဲ့ အခြေအနေ မရှိဘဲနဲ့ ဝင်ရောက် စွက်ဖက်ခြင်း ဆိုလို့ရှိရင်လည်း ထိခိုက် ဒဏ်ရာရတဲ့သူတွေကို အကျိုး မဖြစ်ဘဲ နစ်နာစေမှာ မို့လို့ ဒီလို ဥပဒေတွေ ပြဋ္ဌာန်းတဲ့နေရာမှာ သက်ဆိုင်ရာဌာန များက အဖက်ဖက်ကနေ စဉ်းစားပြီး လုပ်ပေးသင့်ပါတယ်”ဟု အကြုံပြု ထောက်ခံခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာ သိန်းသိန်းဌေးက ဖြေကြား ရာ ရဲအရေးပိုင်သည့်အမှုနှင့် ပတ်သက် ကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏  ဆေးစာရယူ ရန် ဆေးရုံတွင် တာဝန်ကျသော မှု ခင်းရဲတပ်ဖွဲ့ဝင်ထံ ဒဏ်ရာရသူ သို့မဟုတ် ယင်းနှင့် ပတ်သက်သူ တစ်ဦးဦးအား စေလွှတ်ကြောင်း၊ သို့မ ဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ အ ကြောင်းကြား စေကြောင်း၊  ဆေးအစီ ရင်ခံစာပုံစံမရရှိသေး၍ လူနာအား စမ်းသပ် စစ်ဆေးမှု မပြုလုပ်ဘဲ စောင့်ဆိုင်း ထားခြင်းပြုလုပ်၍ မရပါကြောင်း နှင့် ထိုသို့ပြုလုပ်ရန် ခွင့်မပြုပါ ကြောင်း၊ ဆေးအစီရင်ခံစာ ပုံစံ မရရှိ သေးသော် လည်း လူနာအား စမ်းသပ် စစ်ဆေးခြင်းနှင့် အရေးပေါ်ဆေးဝါး ကုသမှုပေးခြင်း၊ လိုအပ်ပါက ဆေးရုံ တင်၍ လိုအပ်သော ဆေးဝါးကုသမှု ပေးခြင်းများကိုလည်း ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဆေးရုံ၌ ရဲ တပ်ဖွဲ့ဝင် တစ်ဦး တာဝန်ချထားကာ ရဲဆေးစာရအောင် ဆောင်ရွက်ခြင်း၊ ကျန်မြို့များတွင် တာဝန်ကျဆရာဝန် များကပင် ရဲဆေးစာ ရအောင် ကူညီ ခြင်းများဖြင့် ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာ ဥပဒေပုဒ်မ ၈ တွင် ဆေး ရုံ၊ ပုဂ္ဂလိကဆေးရုံ အင်္ဂါရပ် များကို ပြဋ္ဌာန်း ထားပြီးဖြစ်ကြောင်း မည်သည့် အရေးပေါ် လူနာကိုမဆို အသက်ကယ် လုပ်ငန်းများ ဆောင်ရွက် ကုသ ပေးခြင်းနှင့် လိုအပ်ပါက ညွှန်းပိုခြင်း ဟု ပြဋ္ဌာန်း ထားရှိပြီး ဖြစ်ပါကြောင်း၊  မတော်တဆ ထိခိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု များကြောင့် သွေးထွက် သံယိုဖြစ်၍ နီးစပ်ရာ ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်း များ၌ ဆေးကုသမှု ခံယူရာ တွင် သက်ဆိုင်ရာ ဆရာဝန်များက လိုအပ်သည့် အရေးပေါ် အသက်ကယ် ကုသစောင့်ရှောက်မှုများ ဆောင် ရွက်ပေးနိုင်ပါကြောင်း၊ ယင်း နောက် တာဝန်ကျ ဆရာဝန်သည် ဒဏ်ရာ အမျိုးအစားနှင့် ဒဏ်ရာ ရရှိသည့်အ ကြောင်းရင်း၊ ဒဏ်ရာအတိမ်အနက်၊ ဒဏ်ရာ ရသည့် နေရာများစသည် တို့ကို အသေးစိတ်ဖော်ပြပြီး ယင်း ကိုယ်တိုင် လက်မှတ်ရေးထိုးကာ နီးစပ်ရာ ပြည်သူ့ဆေးရုံသို့ လူနာညွှန်း ပို့ရန်ဖြစ်ပါကြောင်းနှင့် လိုအပ်သည့် ပြည်သူ့ဆေးရုံ များနှင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများမှ လိုအပ်သည့် စံချိန်မီ ကုသမှုနည်းနာ (Standard Operating Procedure) များဖြင့် အရေးပေါ် လူနာများ အသက် ကယ် ဆောင်ရွက်ပေးရန် ညွှန်ကြား ထားလျက်ရှိပါကြောင်း ဖြင့် ဖြေကြားခဲ့သည်။

ထို့ပြင် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော် ထွန်းက  မတော်တဆမှုများ၊ ခိုက်ရန် ဖြစ်ပွား သည့် အမှုများ၊ ပြစ်မှုဆိုင်ရာ အမှုများ အပါအဝင် ယာဉ် မတော်တဆမှုများ ဖြစ်ပေါ်ရာ အရေးပေါ်အခြေအနေ များတွင် ရဲလက်စွဲ အပိုဒ် ၁၇၆၄ ထိခိုက်နာကျင်စေသော အမှုများနှင့် မုဒိန်းမှုများနှင့် ပတ်သက်၍ “ထိခိုက် ဒဏ်ရာ ရရှိသည့် တရားလိုတို့ကို အနီး ဆုံး တိုက်နယ်ဆေးရုံ သို့မဟုတ် မြို့ နယ်ဆေးရုံသို့ လျင်မြန်စွာ ပို့ဆောင် ရမည်။ လူနာ၏ အခြေအနေအရ ရှေး ဦးသူနာပြုစုနည်းနှင့် ပြုစုထားရှိသည့် အပြင် လူနာ၏ အသက်ကို ကယ်နိုင်ရန် ကျေးရွာရှိ အစိုးရအသိအမှတ်ပြု ကျန်းမာရေးဝန်ထမ်းတစ်ဦးဦးနှင့် ဦး စွာ ပြသရန် လိုအပ်ပါက ပြသစေ ရမည်။ သို့သော် ဒဏ်ရာ၏ အခြေအ နေနှင့် ကိုက်ညီသည့် တိုက်နယ် ဆေးရုံ၊ မြို့နယ်ဆေးရုံ သို့မဟုတ် မှုခင်း ဆရာဝန်ရှိရာ ပြည်နယ်/တိုင်း ဆေးရုံများသို့ အလျင်အမြန် ပို့ဆောင် ရန် အခြေအနေရှိပါက အလျင်အမြန်ပို့ ဆောင် ကုသဆေးမှတ်ချက် ရယူရ မည်။ အကယ်၍ ဒဏ်ရာမှာ ကြီး ကျယ်ပြီး သေမည်၊ ရှင်မည်ကို မသိ နိုင်သည့်အခါ လူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ရန် လည်း အခက်အခဲ ရှိသည့် အခါ အခင်း ဖြစ်ပွားရာ အရပ်တွင် လက်မှတ်ရ ဆ ရာဝန် သို့မဟုတ် ကျန်းမာရေးမှူး ရှိလျှင် ယင်းတို့ကို လူနာအား အရေးပေါ် ကုသပေးရန် တောင်းဆို ရ မည်။ ထို့နောက် ယင်းလူနာကို အနီးဆုံး ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင် ပေးရမည်။ မည်သည့်အကြောင်း  ကြောင့်မျှ ပထမသတင်းပေးတိုင်ချက် ရေးသားရယူရန်ဖြစ်စေ၊ အခြားကိစ္စ တစ်စုံတစ်ရာ အတွက်ဖြစ်စေ၊ ယင်း လူနာကို ဦးစွာပထမ ရဲစခန်းသို့ ယူ ဆောင်ခြင်းမပြုရ။ လျင်မြန်နိုင်သမျှ လျင်မြန်စွာ ဆေးဝါးကုသခြင်းခံစေ ရမည်”ဟူ၍ ဖော်ပြထားရှိပါကြောင်း၊  ထုံးစံအနေဖြင့် သက်ဆိုင်ရာ ဆရာ ဝန်က မှုခင်းဆရာဝန်အဖြစ် ဆေးမှတ် ချက်ပြုရပါကြောင်း၊ ဆေးမှတ်ချက် သည် တရားရုံးတွင် တရားလို၊ တရား ခံနှစ်ဦးလုံးအတွက် တရားမျှတစွာ စီရင်နိုင်မည့် သက်သေခံ ဖြစ်ပါကြောင်း နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ထို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်နေပါကြောင်း ဖြေကြားခဲ့သည်။

ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကလည်း  ရဲဆေးစာ အချိန်မီ မရောက်သော်လည်း အရေး ပေါ် ကုသပေးရန် လိုအပ်ပါက ဆေး ရုံများက အမြန်ဆုံး ကုသပေးရန် လို အပ်ကြောင်းကို ပြည်သူများသာမက ဆေးရုံများကပါ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးရန် လိုအပ် မည်ဖြစ်ပါကြောင်း၊ ပြည်သူများ အနေ ဖြင့်လည်း မိမိတို့နှင့် မသက်ဆိုင်သော ကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက် ရန် ဆန္ဒရှိသော်လည်း အမှု အခင်းများ နှင့် ပတ်သက်ရမည်ကို စိုးရိမ်ခြင်း၊ ရဲစခန်းက မေးမြန်း စုံစမ်းခြင်းများကို မခံယူလိုခြင်း၊ တရားရုံး များကို သက် သေအဖြစ် သွားရောက် အစစ်မခံလို ခြင်းစသည့် အယူအဆများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများကို ဆေးရုံ၊ ဆေးခန်းသို့ ပို့ဆောင်ပေးရန် ဝန်လေးလျက်ရှိကြပါကြောင်း၊ ထို့ ကြောင့် ဤအခြေအနေမျိုး ကြုံတွေ့ ရပါက ပြည်သူ တစ်ယောက်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို ရပ်ကွက်၊ ကျေးရွာများတွင် ပညာပေး ဆွေးနွေးခြင်း၊ သတင်းမီဒီယာများမှ တဆင့် ပညာပေးခြင်းများ ပြုလုပ်ပေး သင့်ပါကြောင်း၊ သက်ဆိုင်ရာဌာနအဖွဲ့ အစည်းမှ တာဝန်ရှိသူများနေဖြင့် လည်း ကူညီသည့် ပြည်သူများ၏  စေတနာကို နားလည်စွာ တုံ့ပြန်ဆောင် ရွက်သင့်ကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် လည်း အရေးပေါ် ထိခိုက်မှု ရှိသည် ဟု သိသည်နှင့် အခင်းဖြစ်ပွားရာနေ ရာသို့ အမြန်ဆုံး သွားရောက်ရန် ကြို တင်ပြင်ဆင်ခြင်း၊ ဒဏ်ရာရရှိသည့် လူနာဆေးကုမှု ခံနိုင်ရန် ရဲဆေးစာနှင့်အတူ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ပေးခြင်းများ အတွက် လုပ်ထုံးလုပ်နည်း၊ ညွှန် ကြားချက်များကို ထုတ်ပြန်သင့်ပါ ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက လည်း သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်း များအား ယခုကိစ္စနှင့်ပတ်သက်သည့် လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက် များ  ထပ်မံထုတ်ပြန်သင့်ပါကြောင်းဖြင့် ထောက်ခံတင်ပြခဲ့သည်။

ထို့ကြောင့် အထက်ပါ အဆိုအား လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံကြသဖြင့် လွှတ်တော်ဥက္ကဋ္ဌ က အတည်ပြုပေးခဲ့သည်။

ဝ၁၉၊ ဝ၂၄၊ ဝ၃၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*