နိုင်ငံတကာသတင်း — ဆောင်ခလာ၊ ဖေဖော်ဝါရီ ၃၊ ၂ဝ၁၃
ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Jullapong Nonsrichai

ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Jullapong Nonsrichai

ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဆူရာပေါင်း တိုဗီ ချက်ချိုင်းကူ(လ) (Surapong Tovichakchaikul) သည် ထိုင်းနိုင်ငံ အတွင်းသို့ မကြာသေးမီက ရိုဟင် ဂျာမူဆလင်များ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက် လာခြင်းကို ဆွေးနွေး ဖြေရှင်းရန် ယခုလ အတွင်းတွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည် ဖြစ်သည်။

ဤခရီးစဉ်မှာ လွန်ခဲ့သည့်လက ထိုင်း ဒု-နိုင်ငံခြားရေး ဝန်ကြီး ဂျူလာပေါင်း နွန်ဆရီချိုင်း (Jullapong Nonsrichai) ၏ မအောင်မြင်သော မြန်မာခရီးစဉ် အပြီး တွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။ မစ္စတာ ဂျူလာပေါင်း ၏ အဆိုအရ ထိုင်းနိုင်ငံတွင် ထိန်းသိမ်းထားသော ရိုဟင်ဂျာ ရွှေ့ပြောင်း ဝင်ရောက်သူများမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မှလား၊ ဘင်္ဂလားဒေ့(ရှ) နိုင်ငံ မှလား ဆိုသည်ကို မြန်မာနိုင်ငံ အစိုးရ အနေဖြင့် သေသေချာချာ မပြောနိုင်ဟု ဆိုကြောင်း မစ္စတာ ဆူရာပေါင်းက ပြောပါသည်။

ထိုင်းအစိုးရ အနေဖြင့် တရားမဝင် ခိုးဝင်လာသော ရိုဟင်ဂျာ ၁၄ဝဝ ကျော်ကို ယာယီအမိုးအကာများ ပံ့ပိုးပေး ရန် အချိန်ခြောက်လ သက်တမ်း သတ်မှတ်ထား ခဲ့သောကြောင့် မြန်မာနိုင်ငံနှင့် ဆွေးနွေးပွဲ များကို အရှိန်မြှင့် သွားရမည် ဖြစ်ကြောင်း သူက ဆိုသည်။

“ဒီပြဿနာကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ရေးအတွက် သူတို့ရဲ့ ပင်ရင်းနိုင်ငံတွေနဲ့ ဆွေးနွေးဖို့နဲ့ ရိုဟင်ဂျာ ရွှေ့ပြောင်း ဒုက္ခသည်တွေ ကို ကူညီဖို့ အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ တွေက ထိုင်းအစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်စေ လိုပါတယ်” ဟု မစ္စတာဆူရာပေါင်းက ပြောသည်။ ရွှေ့ပြောင်း ဒုက္ခသည်များ၏ နိုင်ငံသားဖြစ်မှုကို ကူညီ စိစစ် ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် ဆွေးနွေးဖို့ စီစဉ်ထားကြောင်းလည်း သူက ဆိုပါသည်။

Ref: bangkokpost.com

ဝ၄ဝ

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*