လူမှုရေးသတင်း — မယ်ဟောင်ဆောင်၊ မတ် ၂၃၊ ၂ဝ၁၃

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် Mae Hong Son ပြည်နယ်ရှိ Ban Mae Surin အမည်ရ မြန်မာဒုက္ခသည် စခန်း တွင် မတ်လ ၂၂ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ် ပွားခဲ့ရာ မြန်မာဒုက္ခသည် ၃၂ ဦး သေဆုံးခဲ့ရကြောင်း ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၂၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဒဏ်ရာ ရရှိသူ အနည်းဆုံး တစ်ရာခန့်ရှိကြောင်း၊ ခန္ဓာကိုယ်၏ ၉ဝ ရာခိုင်နှုန်း မီးသင့် လောင်ခဲ့ရသော အသက် ၁၃ နှစ် ယောက်ျားလေး တစ်ဦး အပါအဝင်ဖြစ် ကြောင်း ဖော်ပြပါရှိ ခဲ့သည်။

အစောပိုင်း ထွက်ပေါ်ခဲ့သော သတင်းများအရ အစားအသောက် ချက်ပြုတ်ရာမှတစ်ဆင့် မီးကူးစက် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသော်လည်း အာဏာပိုင်တို့ ကမူ မီးလောင်သည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေး ဆဲဖြစ်ကြောင်းနှင့် မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ ၂၃ဝဝ ခန့် မှာ အိုးအိမ်မဲ့ဖြစ်ကာ ဆေးခန်း တစ်ခန်းနှင့် အစား အသောက် ရောင်းချသော ဈေးဆိုင်ခန်း နေရာတစ်ခု ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များဆိုင် ရာ ကုလသမဂ္ဂရုံးအဖွဲ့မှ Mireille Girard က ဝမ်းနည်းဖွယ် ဖြစ်ရပ်ဆိုး အတွက် လွန်စွာ ဝမ်းနည်းကြေကွဲရ ပါကြောင်း ကယ်ဆယ်ရေး လုပ်ငန်း များကို မိမိတို့တတ်နိုင်သမျှ အမြန်ဆုံး ဆောင် ရွက်ပေးနေကြောင်း ပြော ကြားသွားခဲ့သည်။

ကုလသမဂ္ဂ အေဂျင်စီမှ ကယ်ဆယ်ရေး အဖွဲ့သားများက ပလပ် စတစ်အစများ၊ စောင်များ၊ ဖျာများနှင့် အခြားပစ္စည်းများကို ထောက်ပံ့ကာ ယာယီနေရာထိုင်ခင်းများ စီစဉ်ပေး လျက် ရှိကြောင်းလည်း Mireille Girard က ပြောကြားခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းကို ၁၉၉၂ ခုနှစ်က စတင်ထူထောင်ပေး ခဲ့ပြီး မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသား ပဋိပက္ခများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြသော ဒုက္ခသည် ထောင်ပေါင်း များစွာတို့ကို နေရာ ချထားပေးခြင်းဖြစ်သည်။

Ref: Blaze Kills dozens at refugee Camp in Thailand

ဝ၃၉

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*