လူမှုရေးသတင်း — ရန်ကုန်၊ မတ် ၁၉၊ ၂ဝ၁၃
ရေရရှိရန် တန်းစီစောင့်ဆိုင်းနေကြသည်

ရေရရှိရန် တန်းစီစောင့်ဆိုင်းနေကြသည်

ဒလမြို့နယ်၊ သမ္မတ ကမ်းခြေရွာ၊  သပြေကုန်းရပ်ကွက်၊ အံ့ကြီးအနောက် ရပ်ကွက်နှင့် ညောင်တုန်းရပ်ကွက်တို့ တွင် ရေပြတ်လပ်ရှားပါးမှု စောစီးစွာ ကြုံတွေ့နေ ရကြောင်း ဒေသခံများက မတ် ၁၉ ရက်တွင် မြန်မာအင်ဒီပဲန် ဒင့်သို့ ပြောကြားသည်။ ဒလမြို့ခံတစ် ဦးဖြစ်သူ မအိသက်နှင်းက “ဒလမြို့ နယ်က ရပ်ကွက်တိုင်း မှာ ရေကန် တွေတော့ ရှိတယ်။ ဒါပေမယ့် အခုတော့ ရေတွေ တော်တော်လေး ခမ်းကုန်ပြီ။ ဒီနားက သမ္မတကမ်းခြေရွာ၊ သပြေကုန်း ရပ်ကွက်၊ အံ့ကြီး အနောက် ရပ်ကွက်နဲ့ ညောင်တုန်း ဘရပ်ကွက်တွေမှာဆို တော်တော် အခြေအနေ ဆိုးတယ်။ နှစ်တိုင်း ရေရှားတာကို ကြုံတာပါပဲ။ အရင်နှစ်တွေ ကတော့ ရန်ကုန်မြို့ပေါ်က လူမှုရေး အသင်း အဖွဲ့တွေက ရေသန့်ကား ကြီးတွေနဲ့ ရေလာ လှူတာတွေ ရှိတယ်။ ခုမှ နွေဦးအစပဲ ရှိသေးတော့ မလာကြ သေးပါဘူး။ သင်္ကြန်ပြီးရင် ရပ်ကွက်တိုင်း မှာ ရေရှား တဲ့ ပြဿနာ ကြုံရမှာ ဆိုတော့ အဲဒီအချိန်လောက်မှ လာမယ် ထင်တယ်” ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ထို့ပြင် ဗညားဒလ ရပ်ကွက်မှ ကိုစောအော်ဒရင် ဝင်းထွန်း ကလည်း  “ရေရှားပါးတာကတော့ လူတိုင်းနီးပါးပဲ။ တစ်ချို့ ရပ်ကွက်တွေ မှာ ဂျိုးဖြူပိုက် ရှိတယ်။ အဲဒီပိုက်ကို ဖောက်ပြီး သုံးနိုင်တဲ့သူတွေကတော့ မနက် တစ်ခါ ညနေတစ်ခါ ရေလာတယ်။ ပိုက်ဖောက်တာက (၃)သိန်းကျော် ကုန်တယ်။ ပိုက်အစွန်က အိမ်တွေ ကတော့ ရေထွက်နည်း ပါတယ်။ တစ်ချို့က အဲဒီရေကို သိုလှောင်ပြီး ပြန်ရောင်းစားကြတယ်”ဟု မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်စဉ် နှစ်တိုင်း ရေသွားလှူသော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ် မေးမြန်းရာ “အသင်းက Boxer တစ်စီး ဝယ်ထား ပါတယ်။ ဒေသခံတွေဆီက အကူအညီ တောင်းခံတာမျိုး တော့ မရှိသေးဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင်တွေ၊ ဒေသခံ လူမှုရေးအသင်းတွေ ဘက်က အကူအညီ မပေးရင် လည်း အသင်းက သွားလှူလို့ မရပါဘူး။ သူတို့ ဘက်က စနစ်တကျ တုံကင်တွေ ပေးထားပြီး တန်းစီထား တာတို့၊ စည်းကမ်းရှိရှိနဲ့ ခွဲဝေပေးတာတို့သာ လုပ်မပေးနိုင်ရင် အဆင်မပြေပါဘူး။ နှစ်တိုင်း သွားလှူနေကျ ဆိုတော့ ဒီနှစ်လည်း သွားလှူဦးမှာပါ”ဟု ဖြေကြားသည်။

ဒလမြို့နယ်သည် ရန်ကုန်မြို့ တစ်ဖက်တွင် တည်ရှိသော်လည်း နှစ်စဉ် ရေရှားပါးမှု ကြုံတွေ့နေရပြီး နိုင်ငံတော်မှ ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ချိန်အထိ ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

ဝ၈၇

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*