တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၅၊ ၂၀၁၇

ဒီမိုကရေစီ စနစ်ဟာ နိုင်ငံသူ နိုင်ငံသားတွေ ပြည်သူ ပြည်သားတွေရဲ့ ဂုဏ်သိက္ခာကို လေးစားရတဲ့ စနစ် ဖြစ်တာကြောင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခွဲခြားလို့ မရတဲ့အပြင် လူသားတွေရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးမထားရင် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ဟု ပြောလို့မရဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက၊ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန အမှတ် (၂) မှာ ကျင်းပတဲ့ အကြိမ်(၇၀) မြောက် မွန်အမျိုးသားနေ့ အကြို ညစာစားပွဲ အခမ်းအနားမှာ အခုလို ပြောကြား လိုက်တာပါ။

ဒါ့အပြင် လူသားတွေရဲ့ တိုးတက် ကောင်းမွန်ရေး အတွက် လူသားတွေအပေါ် ကရုဏာ၊ မေတ္တာနဲ့ ပြုစုပြီး လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေဟာ ဂုဏ်ယူစရာ ဖြစ်ပြီး အဲဒီလိုလုပ်ရပ် တွေဟာ လူမျိုးမရွေး၊ နိုင်ငံမရွေး၊ ဘာသာမရွေး ဂုဏ်ယူဖွယ်ရာ ကိစ္စဆိုတာကို ဘယ်လူသားကမျှ ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တိုင်းရင်းသား အားလုံးက လိုလား တောင့်တနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်လာရေး အတွက် နိုင်ငံတော်မှ ဦးဆောင် ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အခြား တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အဖွဲ့အစည်းတွေနဲ့ အတူ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်ကြဖို့လည်း တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

အခမ်းအနားကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ဇနီး၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဇနီး၊ ပြည်ထောင်စု ဝန်ကြီးတွေနဲ့အတူ ဇနီးတွေ၊ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်တွေ မွန်တိုင်းရင်းသားတွေ တက်ရောက် ကြသည်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*