ဒီမိုကရေစီကို စတင်ထူထောင် မည့် သို့မဟုတ် နုနယ်စ ဒီမိုကရေစီ နိုင်ငံများအတွက် အန္တရာယ်အကြီး ဆုံးနှင့် အဖျက်ဆီးနိုင် ဆုံး အင်အားစုမှာ ရွေးချယ် တင်မြှောက်ခံနိုင် ငံရေး ခေါင်းဆောင်များက အပြည့်အဝ ထိန်းချုပ် နိုင်ခြင်း မရှိသော စစ်တပ်ပင် ဖြစ်သည်။ လက်နက်နှင့် အခြားကိရိ ယာများကို ကိုင်ဆောင်ထားပြီး စစ်ရေး ဆိုင်ရာ လှုပ်ရှားမှုများနှင့် ကိစ္စ ရပ်များကို စနစ်တကျတတ်မြောက် ထားပြီး တောင့်တင်းသည့် အဖွဲ့အစည်း ဖြစ်သည့်စစ်တပ်သည် ဒီမိုကရေစီရေး အားပေးကြိုးပမ်းချက် များကို တန်ပြန်နှောင့်ယှက် ဖျက်ဆီးနိုင်သည့် အနေအထားတွင်ရှိသည် ဆိုသည့် အချက် ကို ကောင်း စွာ သိရှိ နား လည် သဘောပေါက်ထားရန် လိုအပ်သည်။

အရပ်သားက စစ်တပ်ကိုထိန်း ချုပ်ထားရမည်ဆိုသည်မှာ ဒီမိုကရေစီ နိုင်ငံတွင် နိုင်ငံသားအားလုံးက ခိုင် မာစွာ တန်ဖိုးထား စွဲကိုင်ကျင့်သုံးရမည့် အရာများထဲမှ တစ်ခုဖြစ်သည်။ ဒီမိုကရေစီ အရင့်အမာနိုင်ငံကြီးများဖြစ် ကြသည့် ကနေဒါ၊ သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု ကဲ့သို့သော နိုင်ငံများတွင် စစ်တပ် ကို အရပ်သားထိန်းချုပ်မှုအောက် တွင် ထားရှိရမည်ဆိုသည်ကို စစ် တပ်ဖွဲ့ဝင်များကသာမက စစ်သား မဟုတ်သော အရပ်သားများကပါ အခြေခံ ယုံကြည်ချက်အဖြစ် လက်ခံ ကျင့်သုံးလျက်ရှိသည်။ အဆိုပါနိုင်ငံ များတွင် စစ်တပ်ဖွဲ့ဝင်များ စစ်တပ် အကြီးအကဲ များကို ပြည်သူလူထုက လေးစားချစ်ခင်ကြသည့်အကြောင်း ရင်းများထဲတွင် ဤသည်က အချက်တစ်ချက်အနေဖြင့် ပါဝင်ပေ သည်။ ထို့အပြင် အဆိုပါနိုင်ငံများ၌ စစ်မှုထမ်းများ စစ်တပ်မှနုတ်ထွက် သည့်အခါ သို့မဟုတ် အနားယူ သည့်အခါ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် မိမိတို့အရည် အချင်း၊ ထင်ရှားကျော်စောမှုများဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့် အလမ်းများကိုလည်း ဖန်တီးပေး ထားသည်ကို တွေ့ရသည်။ စီးပွား ရေးလောက၊ ပညာရေးလောက၊ လူမှုအသိုင်းအဝိုင်းနယ်ပယ်၊ ပြည် သူ့ကိုယ်စားလှယ် စသည်ဖြင့် ဝင် ရောက် လုပ်ကိုင် လှုပ်ရှားကြပေသည်။

များပြားလှစွာသော ဗိုလ်ချုပ် ကြီးများသည် နိုင်ငံ့ခေါင်းဆောင် များ၊ သမ္မတ၊ ဝန်ကြီးချုပ် စသည် ဖြင့် ရွေးချယ်ခံကြရသည် များလည်း ရှိသည်။ ထိုသို့ ရွေးချယ် ခံကြရ၍ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုရသော အခါ မိမိတာဝန် ထမ်းဆောင် ခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီး အဖြစ် မဟုတ်ဘဲ ရွေးချယ်ခံ အရပ်သားတစ်ဦးအဖြစ် ဦးဆောင်ကြလေ သည်။ အာဆီယံ အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၌ သမ္မတ စူစီလိုဘန်ဘန်း ယူဒိုယိုနိုသည် အငြိမ်းစား ဗိုလ်ချုပ်ကြီး တစ်ဦးဖြစ် သည်ကို အားလုံး အသိပင်ဖြစ်သည်။

ဥပမာအနေဖြင့် တင်ပြလိုပေ သည်။ ဒုတိယကမ္ဘာစစ်အတွင်းက မြောက်ဥရောပမဟာမိတ်တပ်ဖွဲ့များ ၏ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည့် အမေရိကန် ဗိုလ်ချုပ် ကြီး ဒွိုက်အိုင်စင်ဟောင်ဝါ Dwight Eisenhower သည် အရည်အချင်း ပြည့် ဝသော စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အများ၏ လေးစားမှုကို ရရှိ သောကြောင့် အမေရိကန် နိုင်ငံရေး ပါတီများက စစ်ပြီးခေတ်သမ္မတ ရွေးကောက်ပွဲတွင် ယင်းတို့ပါတီ များ၏ သမ္မတလောင်းအဖြစ် ကိုယ် စားပြုရွေးချယ်ခံရန် ဖိတ်ကြားခံခဲ့ရသည်။ ထိုပါတီများက အိုင်စင် ဟောင်ဝါ၏ လူထုအကြား ရေပန်း စားမှုနှင့် လူကြိုက်များမှုကို အသုံး ချကာ သမ္မတလောင်းအဖြစ် ပါဝင် စေလိုကြခြင်း ဖြစ်သည်။ အိုင်စင်ဟောင်ဝါ ကလည်း ရီပတ်ဗလီကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ် သမ္မတ ရွေးကောက်ပွဲ ဝင်ခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သည်။

သမ္မတ ဖြစ်လာသောအခါ နိုင်ငံအား စစ်အတွင်းက ခေါင်းဆောင်တစ်ဦး အဖြစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်း မရှိဘဲ အရပ်သား သမ္မတတစ်ဦး အဖြစ် အုပ်ချုပ်ခဲ့လေသည်။ အမေ  ရိကန်တပ်ဖွဲ့များ၏ ကာကွယ်ရေးဦး စီးချုပ် (Commander-in-Chief) ဖြစ်လာခဲ့ပြီး ဗိုလ်ချုပ်ကြီး မဟုတ်ဘဲ သမ္မတအဖြစ် ကိုင်တွယ်ခဲ့လေသည်။ သမ္မတ တာဝန် ထမ်းဆောင်ချိန် အတွင်း အိုင်စင်ဟောင်ဝါသည် အမေရိကန် ပြည်သူပြည်သားများအား စစ်တပ် ဆက်နွယ်သည့် လုပ်ငန်းများ နိုင်ငံတွင်း အားကောင်းနေခြင်းသည် ဒီမိုကရေစီကို ခြိမ်းခြောက်မှုပြုနိုင်သည် ဟုပင် သတိပေးခဲ့လေသည်။ ထို့ကြောင့် အစိုးရ၏ဘတ်ဂျက်တွင် စစ်တပ်နှင့်သက်ဆိုင်သော အသုံးစရိတ် များကို လျှော့ချနိုင်ရေး လုပ်ဆောင်ကြိုးပမ်းခဲ့သည်။ စစ်တပ်နှင့် လက်နက်ဆိုင်ရာ အသုံးစရိတ်များပြားခြင်း သည် အရပ်ဘက်ဆိုင်ရာ အသုံးစရိတ်များဖြစ်သည့် ပညာရေး၊  ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ အသုံးစရိတ်များ အပါအဝင် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်ရေး အတွက် အသုံးစရိတ်များကို လျော့ပါးစေခြင်းကြောင့် ဖြစ်သည်။

ဒီမိုကရေစီ အရင့်အမာနိုင်ငံကြီးများတွင် စစ်တပ် ခေါင်းဆောင်သည် ယင်း၏ ဦးစီးချုပ်၏အမိန့်ကို နာခံခြင်း မရှိလျှင် ရာထူးချခံရခြင်း သို့မဟုတ် ရာထူးမှ ထုတ်ပယ်ခံရခြင်း စသည့် သာဓကများလည်း ရှိသည်။ ထိုအဖြစ်အပျက် များသည် အမေရိကန် စစ်တပ်အတွင်း အကြိမ် အများအပြား ဖြစ်ခဲ့သည်။ ဥပမာ အနေဖြင့် ဖော်ပြလိုပေသည်။ ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်အာသာ Douglas Mac Arthur ဆိုသည်မှာ လွန်စွာ ထင်ရှား ကျော်ကြားသော အမေရိကန် စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ပြီး ဂျပန်နိုင်ငံ ဒီမိုကရေစီကို ဦးဆောင်ရေးဆွဲ အကောင်အထည်ဖော် ခဲ့သူအဖြစ်လည်း ဂျပန်တွင်ထင်ရှား သည်။ ဗိုလ်ချုပ်ကြီး မက်အာသာသည် ကိုရီးယား စစ်ပွဲအတွင်း သူ၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော အမေရိကန် သမ္မတ ဟာရီထရူးမဲန်း Harry Truman ၏ အမိန့်အောက်မှ မဟုတ်ဘဲ မိမိသဘောအတိုင်း ဆုံးဖြတ်လုပ်ကိုင်ခဲ့သည်များ ရှိလာခဲ့သည်။ စစ်ပွဲအတွင်း သူ့ကိုယ်ပိုင် အတွေ့အကြုံများအပေါ် အခြေခံကာ မူဝါဒများ ချမှတ်ပြီး လုပ်ဆောင်ခဲ့သည့် အတွက် ဒီမိုကရေစီ၏ အခြေခံ ဥပဒေတစ်ခုဖြစ်သော အရပ်သားဦးစီးချုပ်၏ အမိန့်ကိုနာခံရန် ပျက်ကွက်ခဲ့လေသည်။ ထို့ကြောင့် သမ္မတက သူ့အား ရာထူး အဆောင်အယောင်များကို ရုပ်သိမ်းကာ အငြိမ်းစား ပေးခဲ့လေ သည်။

အမေရိကန်သမ္မတက ထိုကဲ့သို့ ဆုံးဖြတ်လုပ်ကိုင်ခဲ့ခြင်းကို အမေရိကန် အထက်လွှတ်တော်နှင့် အောက် လွှတ်တော် ၂ ရပ်စလုံးမှ အမတ် အများအပြားက သမ္မတအား ပြစ် တင်ဝေဖန်မှုများပြုကာ ဗိုလ်ချုပ်ကြီး မက်အာသာကို ရာထူး အဆောင်အယောင်များ ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း သမ္မတ ထရူးမဲန်းက လက်မခံဘဲ ငြင်းပယ် ခဲ့သည်။ နောက်ပိုင်းတွင် အမတ်အများစုက သမ္မတ၏ လုပ်ရပ်သည် လိုအပ်သော လုပ်ဆောင်ချက်ဖြစ်ပြီး ဒီမိုကရေစီအတွက် မှန်ကန်သောလုပ်ရပ် ဖြစ်သည်ဟု လက်ခံခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် စစ်တပ်ခေါင်းဆောင် မှန်သမျှသည် အရပ်သား အစိုးရ အဖွဲ့အကြီးအကဲ၏ လက် အောက်တွင် နာခံရမည်ဆိုသည့် ဒီမိုကရေစီ၏ အခြေခံ အချက်တစ်ချက်ကြောင့် ဖြစ်ပေသည်။

အချုပ်အခြာ အာဏာသုံးရပ် အောက်မှ လွတ်နေသည့် စစ်တပ်

ဒီမိုကရက်တစ် အစိုးရတစ်ရပ်၏ သွင်ပြင်လက္ခဏာထဲတွင် စစ်တပ်သည် အရပ်သားအစိုးရ လက်အောက်တွင် ရှိရမည်ဆိုသည့်အချက် သည် အချို့သောနိုင်ငံများတွင် တည်ရှိခြင်း မရှိသည်ကို တွေ့ကြုံ ခဲ့ရလေသည်။ အကယ်၍ စစ်တပ်သည် နိုင်ငံ၏အချုပ်အခြာအာဏာ သုံးရပ်ဖြစ်သော ဥပဒေပြုအာဏာ၊ တရားစီရင်ရေး အာဏာ၊ စီမံအုပ်ချုပ်ရေး အာဏာအောက်မှ လွတ်ကင်း နေလျှင် သမ္မတဖြစ်စေ၊ လွှတ်တော် အမတ်ဖြစ်စေ၊ တရားသူကြီးဖြစ်စေ စစ်တပ်အပေါ် မည်သို့မျှ သြဇာ သက်ရောက်နိုင်တော့မည်မဟုတ်ပေ။ အလားတူပင် စစ်တပ် ခေါင်းဆောင်တစ်ဦး သို့မဟုတ် စစ်တပ်ခေါင်း ဆောင်များက ယင်းတို့သည် သမ္မတ၊ လွှတ်တော်အမတ်၊ တရားသူကြီးတို့ သည် ယင်းတို့အပေါ် သြဇာသက် ရောက်ခြင်းမရှိဟု ယူဆလာပါက ထိုသမ္မတကို ရာထူးမှ ဖယ်ရှားခြင်း၊ လွှတ်တော်ကို ဖျက်သိမ်းခြင်း၊ တရား စီရင်ရေးစနစ်ကို ဝင်ရောက်စွက် ဖက်ချယ်လှယ်ခြင်းများကို ပြုလုပ် လာနိုင်ပေသည်။

ပြည်သူ့ကိုယ်စားလှယ် တစ်ဦး ဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဖယ်ရှားခြင်းများကို စစ်တပ်ခေါင်း ဆောင်များက ပြု လုပ်သောကြောင့် ကန့်ကွက် ဆန့်ကျင်မှုများ ပြုလုပ် လာလျှင် ယင်းတို့သည် ရွေးကောက်ခံပြည်သူ့ ကိုယ်စားလှယ်များ၊ တရားသူကြီးများသည် အကျင့်ပျက် လာဘ်စားမှုများ ပြုလုပ်နေခြင်းကို သည်းညည်း မခံနိုင်တော့သည့် အတွက်ဟု ဆိုကာ အကြောင်းပြ လာကြလိမ့်မည်။ စစ်တပ်အစိုးရက သာလျှင် တိုင်းပြည်တွင် ပြည်သူများ လတ်တလော ကြုံတွေ့နေရသော အခြေအနေများကို ဖြေရှင်းနိုင်သည်ဟု ဆင်ခြေ ပေးလိမ့်မည်ဖြစ်သည်။

စစ်အာဏာရှင်များသည် ဒီမို ကရေစီကို အကြောင်းပြ၍ အရပ် သားပြည်သူ့ကိုယ်စားလှယ်များနေရာ တွင် စစ်တပ် ကိုယ်စားလှယ်များ သေချာပေါက် ရယူနိုင်ရန် ရွေး ကောက်ပွဲများတွင် အကွက်ကျ စီစဉ်လေ့ရှိတတ် သလို သီးခြားနေရာ သတ်မှတ်ခွဲဝေကာ ရယူခြင်းများလည်း ရှိသည်။ ဤသို့သောနည်းများ ဖြင့် စစ်တပ်က လက်ဝါးကြီးအုပ်သော အမည်ခံ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်ကြသည်။

လွှတ်တော် အခြေပြုအစိုးရနှင့် စစ်တပ်

ပြည်သူများက မဲပေးရွေးချယ်မှုများဖြင့် ပါတီများကို ကိုယ်စား ပြု၍ လွှတ်တော် အမတ်များဖြစ်လာပြီး အစိုးရ တစ်ရပ်အား ဦးဆောင် မည့်သူကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ကာ အစိုးရဖွဲ့စည်းကာ တိုင်းပြည်ကို အုပ်ချုပ် ကြသည်။ ထိုသို့ သော လွှတ်တော်များပေါ်ပေါက် လာသော်လည်း လွှတ်တော်အထက်တွင် အခြားသော အာဏာပိုင် အဖွဲ့အစည်း သို့မဟုတ် စစ်ကောင်စီ သို့မဟုတ် အာဏာရှင်များ ရှိနေပါက ထိုနိုင်ငံတွင် ကျင့်သုံးနေသော နိုင်ငံရေးစနစ်ကို ဒီမိုကရေစီဟု ခေါ်ဆို၍မရပေ။ ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံ၏ ကြန်အင် လက္ခဏာထဲ တွင် ပြည်သူ့လွှတ်တော်သည် အမြင့်ဆုံးသော အာဏာပိုင် အဖွဲ့အစည်းဖြစ်သည်ဆိုသည်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေထဲတွင် အတိအလင်း ပြဋ္ဌာန်း ထားလေ့ ရှိသည်။ ဤအချက်ကို နိုင်ငံတစ်နိုင်ငံတွင် ကျင့်သုံးနိုင်မှသာ ဒီမိုကရက်တစ် အစိုးရဟုခေါ်ဆိုရန် သင့်လျော်မည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့နိုင်ငံတချို့တွင် လွှတ်တော်များ တည်ရှိပြီး ထိုလွှတ်တော်များ အထက်တွင် ဘုရင်များရှိသည်ကို လက်တွေ့အားဖြင့် မြင် တွေ့နိုင်ပေသည်။ သို့သော်လည်း အဆိုပါ ဘုရင်များသည် နိုင်ငံ၏ အဆောင်အယောင် ဂုဏ်ထူးဆောင် အဆင့်အဖြစ် သတ်မှတ်ထားပြီး နိစ္စဓူဝ  နိုင်ငံ့အရေးအရာ ကိစ္စများတွင် ဝင်ရောက်ပါဝင် စွက်ဖက်ခြင်း လုပ်ဆောင်ခြင်းများ မရှိပေ။ ထို့ကြောင့် ထိုကဲ့သို့သော စနစ်များသည် ဒီမိုကရေစီကို ခြိမ်းခြောက် ခြင်းမရှိပေ။

လွှတ်တော်များသည် ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့် အာဏာဖြင့် သက်တမ်းမကုန်မီ ဖျက်သိမ်းပိုင်ခွင့် ဆိုသည့် အချက်ကို ပါလီမန် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် လက်တွေ့ လုပ်ဆောင်လျက်ရှိသည်။ ထိုသို့ လုပ်ဆောင်ခြင်းမျိုး ကို နိုင်ငံအတွက် အရေးပါသော ကိစ္စများအတွက် သဘောတူညီချက် မရနိုင်ဘဲ ဖြစ်နေသော အခါမျိုးတွင် ဝန်ကြီးချုပ်သည် ကျင့်သုံးလေ့ရှိသည်။ ပြည်သူလူထုက ယင်းတို့ ၏ ကိုယ်စားလှယ် များကို မဲပေးရွေးချယ်ပြီး နိုင်ငံ့အရေးအရာ ကိစ္စများ တွင် ပါဝင်လုပ်ဆောင်ကြသော်လည်း  ဝန်ကြီးချုပ်ဖြစ်သူက လွှတ်တော်ကို ဖျက်သိမ်းခြင်းမျိုး ကိစ္စများတွင် ပြည်သူများအနေဖြင့် လက်လှမ်းမမီ ဖြစ်ကြရသည်ကိုလည်း သိရှိထားရန် လိုအပ်သည်။ ဒီမိုကရေစီ အရင့်အမာနိုင်ငံများ၌ ထိုသို့သော အဖြစ်အပျက်များအတွက် စစ်တပ်က ဝင်ရောက် စွက်ဖက်မည့် အရေးကို စိုးရိမ်စရာ မလိုသော်လည်း ဒီမိုကရေစီ နုနယ်စနိုင်ငံများ၊ ယခုမှစ၍ ဒီမို ကရေစီလမ်း လျှောက်လှမ်းကြမည့် နိုင်ငံများမှ နိုင်ငံရေးသမားများအနေ ဖြင့် ဤအခြေအနေမျိုးတွင် အထူး သတိထား လုပ်ဆောင်ရန် လိုအပ်လှပေသည်။

နိုင်ငံတစ်နိုင်ငံ၌ အထူးသဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်စ နိုင်ငံတွင် အာဏာရှင်တစ်ဦး  သို့မဟုတ် တစ်စုတစ်ဖွဲ့က စစ်တပ်ကို ထိန်းချုပ်ထားနိုင်သည့် အခြေအနေ တစ်ရပ်ဖြစ်ထွန်းနေပါက ရွေး ကောက်ပွဲများမှ တစ်ဆင့် ပေါ်ထွန်းလာသည့် အစိုးရ၊ ရွေးချယ်တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ် များသည် ထိုအာဏာရှင် တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့၏ အကြောင်းပြချက် တစ်ခုမဟုတ်တစ် ခုဖြင့် ဖယ်ရှားခံရနိုင်သည် ဆိုသည့် အဖြစ်သို့ ဆိုက်ရောက်နိုင်သည်ကို ကြိုတင်သိရှိထားရန် လိုအပ်သည်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စစ်တပ် ဖွဲ့စည်းတည်ဆောက်မှု

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း စစ်မှန်သော ဒီမိုကရေစီ ထူထောင်ရေးတွင် စစ်တပ်၏အခန်း ကဏ္ဍကို နိုင်ငံရေးနှင့် လုံးဝသီးခြား ထားရှိရမည်ဆိုသည့် အချက်ကို အခြေခံမူအဖြစ် လက်တွေ့အကောင် အထည်ဖော် ကျင့်သုံးရပေသည်။ ထိုသို့ သီးခြားထားရှိရမည်ဆိုသည်ကို ကောင်းမွန်စွာ နားလည်နိုင်ရေးအတွက် စစ်တပ်၏ ဖွဲ့စည်းပုံ၊ သဘော သဘာဝ၊ စစ်တပ်၏ ရည်ရွယ်ချက် များကို ပြည်သူပြည်သားအားလုံး က သိရှိစေရမည်။ ဤသည်ကို အစိုးရသာမက ပြည်သူ့ရေးရာ အဖွဲ့ အစည်းများကလည်း အသိပညာပေး နိုင်ပေသည်။ သို့မှသာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ကြိုးပမ်းရာ၌ အနုတ်လက္ခဏာ ဖြစ်စေမည့် အခြေအနေများ ကို ရှောင်ရှားနိုင်မည်၊ ကာကွယ်နိုင်မည် ဖြစ်သည်။

စစ်တပ်ဆိုသည်မှာ ဖွဲ့စည်းပုံ အရ တင်းကျပ်ခိုင်မာသော အဖွဲ့ အစည်းဖြစ်သည်။ အဆင့်ဆင့်အမိန့် ကို နာခံရသည်။ ဒီမိုကရက်တစ် အဖွဲ့အစည်းများနှင့် နှိုင်းယှဉ်ပါက  ဖွဲ့စည်းပုံအရရော၊ လုပ်ဆောင်ပုံအရ ပါ ခြားနားသည်။ ဒီမိုကရက်တစ် အဖွဲ့အစည်းများတွင် အဖွဲ့ဝင်များကို တန်းတူထားဆက်ဆံသည်ဆိုသည့် အချက်နှင့်ယှဉ်လိုက်လျှင် လုံးဝခြား နားနေသည် ကို ထင်ထင်ရှားရှားတွေ့ မြင်နိုင်သည်။

ဒီမိုကရေစီကို စတင်ထူထောင် စနိုင်ငံများ၊ စစ်တပ်ကြီးစိုးသော နိုင်ငံရေးအခြေအနေမှ ဒီမိုကရေစီသို့ အသွင် ကူးပြောင်းစနိုင် ငံများ၊ အာဏာရှင်လက်အောက်မှ ဒီမိုကရေ  စီသို့ ပြောင်းလဲထူထောင်သော နိုင်ငံများအနေဖြင့် စစ်တပ်ခေါင်း ဆောင်များ၊ အာဏာရှင်များက ယင်းတို့ အာဏာရှိနေစဉ်ကာလ အတွင်း နိုင်ငံပိုင်ငွေကြေးပစ္စည်း ဥစ္စာများကို ယင်းတို့ပိုင်ဆိုင်သည့် အရာများသဖွယ် ရယူသုံးစွဲကြသလို  နိုင်ငံရပ်ခြားရှိ ဘဏ်များတွင် သိမ်း ဆည်းထားခြင်း၊ နိုင်ငံ ရပ်ခြားတွင် ရင်းနှီးမြှုပ်နှံ ထားခြင်းများရှိကြသည်။ ဤသည်မှာ ကမ္ဘာပေါ်ရှိ အာဏာရှင် အားလုံးလိုလို ပြုကျင့်ကြသည်။ ထိုသို့ လုပ်ဆောင် ကြခြင်းမှာ ထိုသူ များသည် သေတစ်ပန်သက်ဆုံး ဆွေစဉ်မျိုးဆက် ချယ်လှယ် ချုပ်ကိုင်၍ မရ၊ အာဏာကနေ ပြုတ်ကျသွား သည့်အခါ ပိုင်ဆိုင်ထားရန် လိုအပ် သည် ဆိုသည်ကို သိရှိနားလည် ထား ခြင်းကြောင့်ဖြစ်သည်။

ဤဆောင်းပါးအစတွင် ဖော်ပြထားသည့် အတိုင်း စစ်တပ်ကို အရပ်သားအစိုးရက အပြည့်အဝ ထိန်းချုပ် ထားရမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက နိုင်ငံတစ်နိုင်ငံသည် မည်သည့် အခါမျှ ဒီမိုကရေစီ ထွန်းကားသော နိုင်ငံဖြစ် လာမည် မဟုတ်ပေ။

Ref: How to establish a democracy or Improve the one you now have “Apractical Guide for Developing Essential Government and Business Structures and Personal Systems of Value”

By Walter E.Boek-PhD

President, College of Democracy

Virginia, USA

ကျော်ကျော်စိုး(ဂျပန်)

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*