တိုင်းရင်းသားသတင်း — မြဝတီ၊ ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၂

 

၁၈ နှစ်မြောက် DKBA တပ်မတော် ထူထောင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၇းဝဝ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီ ခရိုင်၊ ဝေါလေမြို့နယ်၊ ဆုံဆည်း မြိုင်ရွာရှိ ဆုံပေါင်းမြိုင်ကွင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်ရှိ ရလလဖ (ရှမ်းပြည်လူ မျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့)၊ ကလလတ (ကရင်နီပြည် လူမျိုးပေါင်း စုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး)၊ ကယန်းပြည်သစ် ပါတီသို့ တက် ရောက် ခဲ့ကြသည်။

၁၈ နှစ်မြောက် DKBA တပ်မတော် ထူထောင်ခြင်း အခမ်းအနားကို တက်ရောက်ရသည့် ရည်ရွယ်ချက် နှင့် ပတ်သက်ပြီး ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့) ဗဟိုကော်မတီဝင် တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးဘုန်းနိုင်က မိမိတို့ သုံးဖွဲ့မှာ ညီနောင် မဟာ မိတ်အဖွဲ့များဖြစ်ကြောင်း၊ ကယန်း ပြည်သစ် ပါတီမှ ဗိုလ်မှူးအဆင့်ရှိ မားကို့စ်ဦးစီးအဖွဲ့၊ ကလလတမှ ဒုဥက္ကဋ္ဌထူးကော် ဦးစီးအဖွဲ့နှင့် ရလလဖ ဥက္ကဋ္ဌ ဦးခွန်စိန်ရွှေနှင့် ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင် ဦးစီးအဖွဲ့ တက်ရောက်ကြောင်း၊ ဒီမိုကရေစီ အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် မိမိတို့ ညီနောင် မဟာမိတ် အဖွဲ့က ယင်းတို့ နှင့်အတူ လက်တွဲလှုပ်ရှားနေကြောင်း  သိရှိစေရန် တက်ရောက်ခြင်းဖြစ် ကြောင်း ဆိုပါသည်။

အခမ်းအနားသို့  DKBA တပ်မတော်မှ ဗိုလ်ချုပ်ကြီးစောလားပွယ်၊ ဗိုလ်မှူးချုပ် စောမိုရှေး၊ ဗိုလ်မှူးချုပ် စောကျော်သက်တို့ ကိုယ်တိုင်တက် ရောက်ခဲ့ပြီး ကရင်ပြည်သူများကို ယင်းတို့ တပ်မတော်၏ သဘော ထားများ၊ ဒေသခံပြည်သူများအတွက် လိုအပ်ချက်များ၊ ရပ်တည်ချက်များ၊ စစ်ရေး၊ နိုင်ငံရေးရပ်တည်ချက် တို့ကို ပြောသည်။

DKBA တပ်မတော်မှ ဗိုလ်ချုပ် ကြီး စောလားပွယ်က ဂုဏ်ပြုစစ် ရေးပြတပ်ဖွဲ့ကို စစ်ဆေးပြီး DKBA အလံတော်ကို အလေးပြုကာ ပြည် ထောင်စု သမ္မတ မြန်မာနိုင် ငံတော်၊ ကရင်အမျိုးသား အလံတော်တို့ကို အလေးပြုသည်။

ကရင်ပြည်နယ် မြိုင်ကြီးငူ ဆရာတော်က သြဝါဒတရား မိန့်ကြား ပေးပြီး ဆရာတော် ရမ်ဘိုက အမှာစကား မိန့်ကြားသည်။

DKBA တပ်မတော်မှ ဗိုလ်ချုပ်ကြီး စောလားပွယ်နှင့် DKBA တပ်မတော်မှ တာဝန်ရှိသူများ၊ တပ်မတော်သား များ၊ ဒေသခံ ပြည်သူများက ဆရာတော်၊ သံဃာတော် များကို ပူဇော်ကန်တော့ကာ ရေစက်ချ အမျှဝေ အလှူဒါန ပြုခဲ့သည်။

DKBA တပ်မတော်၏ ၁၈ နှစ် ပြည့်အခမ်းအနားသို့ နိုင်ငံရေး တက်ကြွ အင်အားစုများ၊ ကလလတ၊ ကယန်း ပြည်သစ်ပါတီ၊ ဟိုမိန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့၊ အန်အယ်လ်ဒီ၊ ရလလဖ၊ ရှမ်းပြည်နယ် မျိုးဆက် အင်အားစု၊ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး၊ ရခိုင်ပြည်နယ်ရှိ အာရကန် အာမီ၊ အန်အယ်လ်ဒီ လွတ်မြောက် နယ်မြေအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနေမျိုးဇင် အစရှိသူတို့က နိုင်ငံရေး၊ တိုင်းရင်းသားအရေး၊ စစ်မှန်သော ပြည်ထောင်စု ဖက်ဒရယ် မူဝါဒ၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးမှုရှိရေး အစရှိသည်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

DKBA တပ်မတော်၏ ၁၈ နှစ် ပြည့် အခမ်းအနား ကျင်းပရရှိခြင်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး စောလားပွယ်က မိမိတို့သည် စစ်အင်အားပြရန် ယခု အခမ်းအနား ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ နှစ်စဉ် နှစ်တိုင်း ကျင်းပနေ သဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မီဒီယာ သမားများကို ယုံကြည်သဖြင့် ယခု မိမိတို့ တည်ရှိရာနေရာ ထိ ဖိတ်ကြားခဲ့ ကြောင်း၊  မိမိတို့ ဒေသရှိ ပြည်သူများ၏ ပကတိ အခြေအနေကိုလည်း သိရှိစေလိုရန် ရည်ရွယ်ပြီး ကျင်းပ ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဝ၈ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*