တိုင်းရင်းသားသတင်း ပြည်တွင်းသတင်း — နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၇

ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေဟာ မောင်တောဒေသကို တတိယ အကြိမ် မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ မောင်တောမြို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီ ရခိုင်ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး အဖွဲ့ရဲ့ အစီရင်ခံစာပါ အချက် အလက်တွေနဲ့ စပ်လျဉ်းပြီး မြေပြင်ကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ဒီကနေ့ မွန်းလွဲပိုင်းက လေကြောင်း ခရီးနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိခဲ့ကြတာပါ။

ဒုတိယသမ္မတ ဦးမြင့်ဆွေဟာ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အတူ ရဟတ်ယာဉ်နဲ့ ကျီးကန်းပြင်ကို ရောက်ရှိပြီး အဲဒီက တစ်ဆင့် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာန ဘူးသီးတောင် အကျဉ်းထောင်ကို သွားရောက်ပြီး အကျဉ်းသားတွေ အပေါ် ပြုမူဆက်ဆံမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အခြေခံ စည်းမျဉ်းတွေနဲ့ ညီညွတ်စွာ ဆောင်ရွက်စွာ ထားတာရှိ၊ မရှိ အခြေအနေတွေကို ကြည့်ရှု စစ်ဆေးကြပါတယ်။

ဒါ့အပြင် တရားခံတွေကို ဥပဒေနဲ့ အညီ အမြန်ဆုံး တရားစီရင်နိုင်ရေးရှိဖို့ အတွက် ထပ်မံတိုးချဲ့ ဆောင်ရွက်မယ့် တရားခွင် အဆောက်အဦ နေရာတွေကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*