တိုင်းရင်းသားသတင်း — တောင်ကြီး၊ မတ် ၂၅ ၊ ၂ဝ၁၃

ဓနု တိုင်းရင်းသားတို့၏ ဆုံစည်းရာနေ့အား မတ် ၂၅ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ပင်း တယ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ပင်းတယ ရွှေဥမင် ဘုရားရင်ပြင်တွင် နံနက် ၈ နာရီက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ဓနုလူမျိုး ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၊ ဓနုကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ ဥက္ကဋ္ဌ ဦးထူးကိုကိုတို့က ဓနုတိုင်း ရင်းသားများအတွက် အမှာစကား ပြောကြားခဲ့သည်။

ဓနုတိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ ကျော်လွင်ထူးက ဓနု ယဉ်ကျေးမှု သမိုင်းအား ရှင်းလင်း တင်ပြ ပြောကြား သည်။ ယင်းနောက် ဓနုတိုင်းရင်းသား/  သူများက ဓနုဆုံ စည်းရာနေ့ သီချင်းဖြင့် သီဆိုကာ၊ ဓနုရိုးရာ ခြေသိုင်းလက်သိုင်းအက အလှများ၊ တေးသီချင်း သံချပ်များဖြင့် ဖြေဖျော်ကြသည်။ ယင်းနောက် ဆွမ်း တော်ကြီး ဝင် ဆက်ကပ် လှူဒါန်းပွဲအား ကျင်းပသည်။ ယင်းဓနုဆုံစည်းရာနေ့ အခမ်းအနားသို့လူမှုရေး အသင်းအဖွဲ့ များ၊ စာပေယဉ်ကျေးမှုအသင်းများ၊ ဓနုတိုင်းရင်းသား များထောင်ချီ၍ တက် ရောက်ဆင်နွှဲကြသည်။

ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင် မြတ်က ဓနုစာပေ ယဉ်ကျေးမှုအသင်း နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ ကျပ် ၁ဝ သိန်းလှူဒါန်းခဲ့ပြီးအခြား အလှူရှင်များကလည်း ပါဝင်လှူဒါန်း ကြသည်။

 SONY DSC

ဝ၈ဝ

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*