လူမှုရေးသတင်း — ရန်ကုန်၊ ဇန်နဝါရီ ၂၁၊ ၂ဝ၁၃

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်၏ ပထမဦးဆုံးခွဲဝေ လှူဒါန်းမှုအဖြစ် နယ်စပ်ဒေသရှိ ကလေး ငယ်များ ပညာရေးအတွက် ငွေကျပ်သိန်း ၁၂ဝ တန်ဖိုးရှိ လှူဒါန်းမှုများပြုလုပ်ရန် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်မှ ထွက်ခွာမည် ဖြစ်ကြောင်း (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သာကေတ မြို့နယ်ဥက္ကဋ္ဌ) ဦးကျော်ထွေးက မြန်မာအင်ဒီပဲန်ဒင့် သို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ယင်းအတွက် လှူဒါန်းမှု အစီအစဉ်အသေးစိတ်နှင့် ပတ်သက်၍ နယ်စပ်ဒေသတွင်ရှိသော ကျောင်း ၈ ကျောင်းကို သိန်း ၁၂ဝ တန်ဖိုးရှိ လှူဒါန်းမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ပညာရေး အတွက် ထူးခြားသော အစီအစဉ်တစ်ရပ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဆွယ်တာ ရောင်းရငွေ သိန်း (တစ်ထောင် လေးဆယ့်ငါးသိန်း) ကို ပဒေသာပင် စိုက်ထူ၍ ပညာရေးတွင် ထူးချွန်ပြီး ဆက်လက် ပညာ သင်ကြားရန် အခက်အခဲ ရှိသောကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးငွေ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်သော ကြောင့် မည်သူမဆို လျှောက်ထားနိုင်ကြောင်း ပြော ကြားခဲ့သည်။ ပညာသင် ထောက်ပံ့ကြေး ကို ကျောင်းသား ၂ဝ မှ ၄ဝ ဦးအထိ ထောက်ပံ့နိုင်မည်ဟု မျှော်လင့်ကြောင်း ဆိုပါသည်။

ထို့နောက် ပညာရေးအပြင် အခြားသော အသက်မွေးပညာပိုင်းဆိုင် ရာ သင်ကြားပေးမှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ရာတွင် “လောလောဆယ် ကော့မှူးမှာတော့ ဟိုတယ်နဲ့ ပတ်သက်တဲ့ Vocational training အသက်မွေးမှု သင်တန်း ပို့ချသင်ကြားပေးဖို့ စီစဉ်နေတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်အနေဖြင့် ကျောင်းသားလူငယ်များ၏ ပညာရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အထူး အလေးပေး လုပ်ဆောင် နေပြီး တည်ထောင်သည့် ကာလ ၂ နှစ် အတွင်း အရှိန်အဟုန် မြှင့်လုပ်ဆောင်နေသော ကွန်ရက်ဖြစ်သောကြောင့် နောင်လာမည့်ကာလတွင် ကွန်ရက်နှင့် ချိတ်ဆက် ထားသော စာသင်ကျောင်းများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ထောက်ပံ့ သွားမှာ ဖြစ်သကဲ့သို့ ကျောင်းသားများ တိုးတက်မှုကို လည်း အကဲဖြတ်နိုင်ရန် ကော်မတီဖွဲ့၍ စနစ်တကျ စိစစ် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ ယခုလာမည့်မြဝတီခရီးစဉ်အပြင် ကချင်၊ ရခိုင်၊ ကယား အစရှိသောပြည်နယ် များတွင်လည်း လှူဒါန်းမှုများပြုလုပ်နိုင်ရန် စစ်တမ်း များ ကောက်ယူလျက်ရှိနေကြောင်း သိရှိရသည်။ မူလက ဒေါက်တာ စင်သီယာမောင် ၏ မွေတော်ဆေးခန်းသို့ သွားရောက် လှူဒါန်းစီစဉ်ထားသော် လည်း အကြောင်းမညီညွတ်သောကြောင့် နယ်စပ်ဒေသရှိကျောင်း များသို့ ပြောင်းလဲ လှူဒါန်းရန်ခြင်း ဖြစ်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်သည် နယ်စပ်ဒေသတွင်ရှိသော The Best Friend မိုးမခ၊ ဆိုဖီယာ Wisdomသွေးသစ်၊ မင်းမဟော်၊ Nantok ဦးခိုင်မော် (မိဘမဲ့ ကလေး ကျောင်းနှင့် ရောင်နီဦး ကျောင်းရှစ်ကျောင်း အတွက် မြဝတီတွင် လှူဒါန်းမှု ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*