စီးပွားရေးသတင်း — ရန်ကုန်၊ ဧပြီ ၂၄၊ ၂ဝ၁၂

ပန်းပုအရောင်းပွဲတော် အတွင်းခင်းကျင်းပြသထားသောပန်းပုရုပ်များ

ရန်ကုန်မြို့၊ ဗဟန်းမြို့ နယ်၊ ဆရာစံပလာဇာတွင်ရှိ သော ကောင်းမြန်မာကုမ္ပဏီ က နာဂစ်အပြီးတွင် ထုလုပ် ရောင်းချလျက်ရှိသော ပန်းပု များကို ပန်းပုဆရာပေါင်း ၂ဝဝ ကျော်ဖြင့် ထုဆစ်ရောင်း ချခဲ့ရာ အိမ်တွင်းအလှဆင်ရန် နှင့်ဟော်တယ်အဆောက်အဦ ကွင်းပြင်များတွင် ထားရှိရန် အတွက် ဝယ်ယူသူများရှိကြောင်း သိရှိရသည်။

အဆိုပါကုမ္ပဏီ၌ ပန်းပုလုပ်ငန်းတာဝန်ခံမှူး ဦးတင်ဦး က ပြောရာမှာ“မြန်မာနိုင်ငံမှာတင် မကဘူး၊ အာရှမှာပါ ဒီလိုအမြင့် ၂၄ ပေလောက်ရှိ ပြီး၊ ကုက္ကိုသားနဲ့ထုဆစ်ထားတဲ့ ပန်းပုမျိုးက ကျွန်တော် တို့ကုမ္ပဏီမှာဘဲရှိတယ်”ဟု ပြောသည်။ ၎င်းင်းပန်းပုရုပ်များ ကိုတော့ပြည်ပမှနိုင်ငံခြားသား  များဝယ်ယူသူနည်းပါးကြောင်း လက်ရှိမြန်မာနိုင်ငံမှာနေထိုင်သော နိုင်ငံခြားသားမှသာ လျှင်ဝယ်ယူကြောင်း၊ မြန်မာ  နိုင်ငံသားများက ပိုမိုဝယ်ယူ ကြကြောင်း၊ ဟိုတယ်များကလည်း အော်ဒါမှာယူမှုရှိကြောင်း၊ “အရမ်းလည်းကြီးတယ်၊ လက်ရာလဲကောင်းတယ်ဆိုရင် ရောင်းခွင့်ကို အထက်လူကြီးဆီတင်ပြရ တယ်”ဟု ထိုတာဝန်မှူးက ပြောသည်။

လက်ရှိ ပြုလုပ်ပြီး ရောင်းတန်းဝင် ပန်းပု ၃ပေအရွယ် အသေးစားပန်းပုရုပ် လေးသောင်းခန့်ရောင်းရန်ရှိပြီး၊ ပန်းပုရုပ်အကြီးများမှာ ရောင်းရန်အရေအတွက် သောင်းကျော်လောက်ရှိကြောင်း ဦးတင်ဦးကဆက်လက်ပြောသည်။

အဆိုပါ ပန်းပုလုပ်ငန်း ကုမ္ပဏီသည် ၂ဝဝ၈၊ ၉ လ ပိုင်းတွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့ပြီး၊ နှစ်စဉ် ၁ နှစ်ကို ၁ ကြိမ်သာ ပန်းပုဈေးရောင်းပွဲတော်ကျင်းပလျက်ရှိသည်။

၀၀၄

ဆက်စပ်သတင်းများ

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

အခွန်အကောက် ဥပဒေကြမ်း တင်သွင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.