လူမှုရေးသတင်း — မန္တလေး၊ အောက်တိုဘာ ၊ ၂ဝ၁၂

Job Camp Mandalay 2012 ကို  နိုဝင်ဘာ ၄ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးမြို့၊ ရွှေဖြူ ပလာဇာ ဒုတိယထပ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ဦးတည် ကြိုးပမ်းနေသော ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ အလုပ်ရှင်များမှ ဝန်ထမ်းများ အပေါ်တွင် ထားရှိသည့် မျှော်လင့်ချက်နှင့် လိုအပ်ချက်များ၊ ဝန်ထမ်းလောင်းများ ကြိုတင် ပြင်ဆင် ထားသင့်သည့် အချက်များ၊ ဝန်ထမ်းများ၏ ခံစား ခွင့်နှင့် မျှော်လင့်ချက်များ၊ အလုပ်ရှင်နှင့် ဝန်ထမ်းများကြား အပြန်အလှန် ထားရှိရမည့် ကျင့်ဝတ် (Ethic)၊ သဘောထား (Attitude)များ၊ Labour Contract များနှင့် Cleareance Letter ၏ အရေးပါပုံ အကြောင်းတို့ကို စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ နှင့် အလုပ်အကိုင် ရှာဖွေနေသူများ သိရှိစေရန် ရည်ရွယ်၍ Job Camp Mandalay 2012 ကို ကျင်းပရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းအပါအဝင် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနှင့် Job Camp Organizer တို့ ပူးပေါင်း ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲတွင် ဟောပြောမည့်သူ ၃၅ ဦးထိ ပါဝင် ဟောပြောမည် ဖြစ်ပြီး Job Camp ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ခွဲ ၂၃ ခုပါဝင်မည်ဖြစ်ကြောင်း Job Camp Organizer Team အထွေထွေ အတွင်းရေးမှူး မနှင်းပွင့်ဖြူ ကပြောသည်။

“အဓိကကတော့ လူငယ် တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာမှာပါပဲ။ အဲဒီ အလုပ်အကိုင် တွေကို ဆုပ်ကိုင်ဖို့ လူငယ်တွေကလည်း အသင့်ရှိနေပါပြီ။ ဒါပေမယ့် အသင့်သာ ရှိနေတာ မလေ့ကျင့်ရ သေးဘူး။ မလေ့ကျင့်ဘဲနဲ့ အလုပ်ခွင်ထဲကို ရောက်သွားရင် အိုးနင်းခွက်နင်းဖြစ်မှာ အမှန်ပါပဲ။ ကာလရှည်ကြာ ပျက် နေခဲ့တဲ့ အကျင့်ဟောင်းတွေ စွဲနေတာကို ပြင်ဖို့ကိုက အတိုင်းအတာ တစ်ခုအထိ အချိန်ယူရပါလိမ့်ဦး မယ်။ လူငယ်တွေ အနာဂတ် ပျောက်နေတာ ကြာပါပြီ” ဟု အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိတ်ပါဝင်စားသူများ အနေဖြင့် မန္တလေးမြို့၊ ရွှေဖြူပလာဇာ ဒုတိယထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း၏ သတ်မှတ်ထားသည့် အခန်းများတွင် နိုဝင်ဘာ ၄ ရက်၊ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး အခမဲ့ တက်ရောက် နားထောင် ဆွေးနွေးနိုင်ပါကြောင်း စီစဉ်သူ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အပါအဝင် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းနှင့် Job Camp Organizer Team တို့မှ ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဝဝ၉

ဆက်စပ်သတင်းများ

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ဟာကွက်တွေနဲ့ ရန်ကုန်ဘတ်စ်

ရန်ကုန်၊ ဇန်နဝါရီ ၂၀၊ ၂၀၁၇
ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*