အနုပညာသတင်း — ရန်ကုန်၊ မတ် ၂ဝ၊ ၂ဝ၁၃

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကမ္ဘာကျော်အဆိုတော်များ လာရောက် ဖျော်ဖြေသည့် လက်မှတ်ရောင်းပွဲ MLTR (Micheal Learn to Rock) သည် ကမ္ဘာကျော် ပန့်ခ်ရော့ခ်အဆို တော်ကြီးများ၏ ရှိုးပွဲကို မြန်မာနိုင်ငံ တွင်းမှာ ပင် ကုန်ကျစရိတ် သက်သာစွာဖြင့် ခံစားနိုင်မည့်ပွဲဟု အနုပညာရှင်တချို့ ယူဆသော်လည်း လက်မှတ်ဈေး သည် မြန်မာဆင်းရဲသား လူတန်းစား အများစု လက်လှမ်းမမီနိုင်သော ကြောင့် လူတန်းစားတစ်ရပ်အတွက် သီးသန့် ဆန်သည့် ဖျော်ဖြေမှု ပွဲမျိုး ဖြစ်သွားသည် ဟု ဂျေဆင်မရတ်၊ အခမဲ့ ရှိုးပွဲသို့ သွားရောက်ခဲ့သည့် အနုပညာ ဝါသနာရှင် လူငယ် တစ်ဦးဖြစ်သည့် ကိုစိုးမိုးက ဆိုသည်။ ဂျေဆင်မရတ်ပွဲသည် အခမဲ့ရှိုးပွဲ ဖြစ်သောကြောင့် နိုင်ငံတကာ အဆင့်မီ MTV ရှိုးအား မြန်မာ လူတန်းစားပေါင်းစုံ ကြည့်ရှုခံစားနိုင်ခဲ့သလို ဂျေဆင်မရတ်၏ လူကုန်ကူးမှု တားဆီးရေးပညာပေး ရည်ရွယ်ချက် မှာလည်း အောင်မြင်ခဲ့သောကြောင့် ဂျေဆင်မရတ် ဖျော်ဖြေပွဲသည် မြန်မာ ပရိသတ်နှင့် ဂျေဆင်မရတ် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှု အကျိုးကျေးဇူး ရရှိခဲ့သော ပွဲဖြစ်ကြောင်း ယင်းက ဆိုသည်။

တစ်ဖန်  ဖျော်ဖြေပွဲတွင် ပါဝင်ကူညီဖျော်ဖြေမည့် ရော့ခ်အဆိုတော်ကြီး ကိုဇော်ဝင်းထွဋ်က “ဒီဖျော်ဖြေပွဲကို ဈေးများတယ် လို့ တချို့ က ပြောကြတယ်။ ဒါပေမယ့် အရင်က နိုင်ငံတကာ ရှိုးတွေကို အရင်ကဆို ထိုင်းတို့ ဘာတို့မှာ သွားကြည့်ရ တာလေ။ အခုလို မြန်မာပြည်မှာ လုပ်တော့ ထိုင်းမှာ သွားကြည့်တာထက် စာရင် အများကြီး သက်သာပါတယ်” ဟု မတ်လ ၂ဝ ရက် ဆီဒိုးနားဟို တယ်၊ ဒဂုန်ခန်းမတွင် ကျင်းပပြုလုပ် ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့သည်။

ထို့ပြင် MLTR ဖျော်ဖြေပွဲအား ဦးဆောင်စီစဉ်သူ Pastel Communications Myanmar မှ မစ္စတာ ဆာဗားက ယခုကဲ့သို့ MLTR ဖျော်ဖြေပွဲကို စီစဉ်ရခြင်း မှာ မြန်မာနိုင်ငံသားများ နိုင်ငံတကာ အဆင့်မီ ဂီတဖျော်ဖြေပွဲ တစ်ခု ကို ပြည်တွင်း၌ ခံစားကြည့်ရှုနိုင်စေရန် အတွက် မြန်မာလူမျိုးများနှင့် မစိမ်းသော အများစုနှစ်သက် သည့် Micheal Learns to Rock (MLTR) ဖျော်ဖြေပွဲကို စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။

Micheal Learns to Rock (MLTR) သည် ၁၉၈၈ ခုနှစ်တွင် တည်ထောင်ပြီး ကမ္ဘာတစ်ဝန်းတွင် အခွေ ၁၁ သန်းကျော် ရောင်းချခဲ့ရပြီး အာရှတွင် ပရိသတ် အခိုင်အမာရှိသည့် ဂီတအဖွဲ့ဖြစ်သည်။ လာမည့် မတ်လ ၃၁ ရက်တွင် MLTR ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဇော်ဝင်းထွဋ် ၊ ဖြူဖြူ ကျော်သိန်း တို့က အဖွင့်သီချင်း သီဆို သွားမည်ဟု သိရသည်။

ဝ၈၂

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၁)