ပြည်တွင်းသတင်း — ရန်ကုန်၊ မတ်၊ ၂၀၁၂

လှိုင်သာယာနှင့် တွံတေးမြို့သို့ ဆက်သွယ်ထားသော “ပန်းလှိုင်” တံတားတွင် ဆိုင်ကယ်သမားများနှင့် အခြားယာဉ်များကို တံတားစောင့် ရဲအချို့က တံတားခွန်အဖြစ် အသွား ၂ဝဝ ၊ အပြန် ၂ဝဝ ဖြင့် ကောက်ခံသောကြောင့် အလုပ်သမားအချို့အခက်တွေ့နေသည်ဟု ချားမင်း စက်ရုံမှ အလုပ်သမား တစ်ဦး၏​ ပြောပြချက်အရ သိရသည်။

ပန်းလှိုင် တံတားစောင့် ရဲအချို့သည် ဆိုင်ကယ်သမားများနှင့် အခြားယာဉ်များထံမှ တံတားခွန်အဖြစ် အခေါက်တိုင်း အသွား၂ဝဝ၊ အပြန်၂ဝဝ ကောက်ခံနေသည်ဟု ယင်းအလုပ်သမားက​ ပြောခဲ့သည်။ တံတား အခွန်မပေးဆောင်နိုင်လျှင် ဖြတ်သန်းခွင့် မပေးကြောင်း၊ ယခုအခါတွင် တံတားဖြတ်သန်းခွင့် မရရှိတော့ကြောင်း၊ ထို့ကြောင့် ချားမင်း အထည်ချုပ်စက်ရုံ၊ လက်ဝါး၊ UPG စက်ရုံနှင့် အခြားသောစက်ရုံမှ အလုပ်သမားအချို့ အလုပ်မဆင်းနိုင်သဖြင့် အပိုဝင်ငွေများ မရှိခြင်းကြောင့်အခက်အခဲတွေ့နေရသည်ဟု ယင်းစက်ရုံတို့၏ အလုပ်သမားအချို့၏​ ပြောပြချက်အရ သိရသည်။ စည်ပင် နယ်နိမိတ်အတွင်းတွင် ဆိုင်ကယ်စီးခွင့် မရှိပါလျက်နှင့် အဘယ်ကြောင့် ဆိုင်ကယ်စီးကြပါသလဲဟု မြန်မာအင်ဒီပဲန်ဒင့် မှမေးရာ “ဒါကတော့ နားလည်မှုနဲ့ စီးကြတာပဲ” ဟု ချားမင်း အထည်ချုပ်စက်ရုံမှ အသက် ၃ဝကျော် လုပ်သားတစ်ဦးက ပြောခဲ့သည်။

ယင်းနယ်မြေအပိုင် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ စည်ပင် နယ်နမိတ် ဖြစ်သောကြောင့် ဆိုင်ကယ်စီးခွင့်မရှိခြင်းကြောင့် တံတားကိုဖြတ်သန်းခွင့် မပေးခဲ့ခြင်း ​ဖြစ်ကြောင်းကို ယင်းရဲစခန်းမှဖြေခဲ့သည်။

၀၀၇

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Comments are closed.