နိုင်ငံတကာသတင်း — ဇန်နဝါရီ ၃ဝ၊ ၂ဝ၁၃

Malala Yousafzai သည် တာလီဘန်များ၏ ပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ၌ ပြင်းထန်သော ဦးခေါင်းဒဏ်ရာကို ရရှိခဲ့သည်။ အဆိုပါ ပျက်စီးသွားသော ဦးခေါင်းခွံကို ပြန်လည် ပြုပြင်မည့် လုပ်ငန်းစဉ်များကို ယခုအခါ ဆရာဝန်များက ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ ခွဲစိတ်မှုကို နောက် ၁ဝ ရက်အတွင်း ပြုလုပ်သွားမည်ဟု သိရသည်။ ပထမဆုံး အနေဖြင့် သူမ၏ ဦးခေါင်းခွံ ကို ဖောက်ထွင်းလျက် သတ္တုပြားတစ်ခု ထည့်သွင်းမည်ဟု သိရသည်။ မာလာလာ၏ ဘယ်ဘက်နား မှာ ကြားနိုင်စွမ်း လုံးဝမရှိတော့သောကြောင့် ဒုတိယ လုပ်ငန်းစဉ်အနေဖြင့် သေးငယ်သော လျှပ်စစ် ပစ္စည်းလေး ကို သူမ၏နား၌ တပ်ဆင်ပေး မည်ဖြစ်သည်။ အဆိုပါပစ္စည်းလေးကို နားမကြားတော့သောသူ များ၌ အသံ၏ အာရုံကို ခံစားသိရှိနိုင်စေရန် ထည့်သွင်းရခြင်း ဖြစ်သည်။

Queen Elizebeth ဆေးရုံ၏ ဆရာဝန်တစ်ဦးဖြစ်သူ Dr.Dave Rosser က ဤခွဲစိတ်မှုသည် သူမ၏ ကြံ့ခိုင်မှုကို စမ်းသပ်ခြင်းလည်းဖြစ် ပြီး၊ သူမပစ်ခတ်ခံခဲ့ရစဉ် ပါကစ္စ တန်၌ ပြုလုပ်ခဲ့သော ခွဲစိတ်မှုမှာ သက်စွန့်ဆံဖျားဖြစ်ပြီး၊ အပစ်အခတ်ခံ ရစဉ်က ပျက်စီးသွားသော ဦးခေါင်းခွံကို ပါကစ္စတန်၏ ခွဲစိတ်ဆရာဝန်များက သူမ၏ ဝမ်းဗိုက် ထဲ၌ ထည့်သွင်း ခဲ့ကြပြီး အဆိုပါ ဦးခေါင်းခွံ အပိုင်းအစများ ရှင်သန်နိုင်ရန် ဦးတည်ခြင်း ဖြစ်သည်။

ခွဲစိတ်မှု တစ်ခုစီသည် မိနစ် ၉ဝ ခန့် ကြာမည်ဖြစ်ပြီး သူမအပြီးအပိုင် နာလန်ထူနိုင်ရန်အတွက် နောက်ထပ် ၁၅ လမှ ၁၈ လ အထိ ခန့်မှန်းထား ကြသည်။ Birmingham ခွဲစိတ်ဆရာဝန်များသည် ဝမ်းဗိုက်အတွင်း မြှုပ်ထားသော ဦးခေါင်း ခွံကို ပြန်လည် တပ်ဆင်မည့်အစား သူမ၏ဦးခေါင်းခွံကို သတ္တုပြား တစ်ခုဖြင့် အစား ထိုးရန် ဆုံးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။ ယခုအခါ မာလာလာ၌ ဦးခေါင်းခွံ မရှိတော့ဘဲ သူမ၏ဦးနှောက်ကို ကာရံထားသော အပေါ်ယံ ဦးရေပြားသာ ရှိတော့ကြောင်း သိရသည်။

မာလာလာသည် သူမ ၁၁ နှစ် သမီးအရွယ်၌ တာလီဘန်များ၏ ခြိမ်းခြောက်မှုကြောင့် မိန်းကလေးကျောင်း ပိတ်မည့် အရေးကို ဆန့်ကျင်သောအနေဖြင့် BBC Urdu သို့ ဒိုင်ယာရီပေးပို့ခဲ့သည်။ သူမ၏ ပညာရေး မြတ်နိုးခုံမင်မှု၊ သတ္တိရှိစွာ ရဲရင့်နိုင်မှုတို့ကြောင့် ၂ဝ၁၁ ၌ National Peace Award အား ချီးမြှင့်ခံခဲ့ရသည်။ ထို့အပြင် သူမအား နိုဘယ် ငြိမ်းချမ်းရေးဆုအတွက် ထောက်ခံပေးခဲ့ကြသည်။ ယခုအခါ မာလာလာသည် အသက် ၁၆ နှစ်ရှိပြီဖြစ် ပြီး သူမအား အမျိုးသမီး အရေးနှင့် ပညာရေး လှုပ်ရှားသူအဖြစ် တစ်ကမ္ဘာလုံး၌ လူသိများလာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဖြစ်သူ ဘန်ကီမွန်းက နိုဝင်ဘာလ ၁ဝ ရက်ကို Malala Day အဖြစ် သတ်မှတ်ရန် ကြေညာ ခဲ့ပြီး ဖြစ်သည်။

Ref: BBC News

malala

ဝ၇၅

ဆက်စပ်သတင်းများ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်းဘုရင် ဘူမိဘော အဒူရာဒေ့ခ်ျ နတ်ရွာစံ

ထိုင်း၊ အောက်တိုဘာ ၁၃၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*