သတင်းဆောင်းပါး — ဧပြီ ၄၊ ၂ဝ၁၃

myanmar_eco

အနည်းဆုံး အားဖြင့် အလယ်တော်ကျေးရွာမှ ဘုန်းတော်ကြီးများ နှင့် ကျေးရွာသူ၊ ကျေးရွာသားတို့၏ အမြင် တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးခေါင်းထက်မှ လင်းဝင်းတောက်ပ နေသော အလင်းရောင်စဉ်တို့ လျော့ကျ သွားခဲ့ရပြီ ဖြစ်သည်။ နိုင်ငံရေး သမားတစ်ဦးအဖြစ် လုပ်ငန်းများ ပြန် လည်ဆောင်ရွက်သော နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်သည် ကျေးရွာသားများ ထံမှ အစိုးရကသိမ်းယူခဲ့သော မြေပေါ် ရှိ လက်ပံတောင်းတောင် အနီးမှ ကြေးနီတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် ယခုလ အစောပိုင်းက ထောက်ခံပေး ခဲ့ခြင်း ဖြင့် ဒေသ ခံကျေးရွာသူ၊ ကျေးရွာသားများ ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီဖြစ် သည်။ အစိုးရက ယင်းတို့၏ ဆန္ဒ ပြမှုကို အင်အားသုံးဖြိုခွင်းခဲ့ပြီးနောက် အဆိုပါ အရေးကိစ္စကို စုံစမ်း စစ်ဆေးမည့်ကော်မရှင်ကို ဦးစီး ဦးဆောင်ပြု ရန် ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့စဉ် က ကျေးရွာသူ၊ ကျေးရွာသားများ မျှော်လင့်ချက် ကြီးစွာ ထားခဲ့ကြ သည်။ ဒေါ်အောင်ဆန်း စုကြည်က ယင်းတို့၏ မြေများအတွက် ကာလပေါက်ဈေး ဖြင့် လျော်ကြေးငွေ ရရှိစေရန် စွမ်း ဆောင်နိုင်ခဲ့သော်လည်း ထိုမြေများ ပေါ်တွင် ထွန်ယက်စိုက်ပျိုးခွင့်နှင့် ဘိုးဘွားအစဉ်အဆက်နေထိုင်လာခဲ့ ကြသော နေအိမ်များဆီသို့ ပြန်လည် သွားရောက်နေထိုင်နိုင်ခွင့် စသည့် ဒေသခံကျေးရွာသူ၊ ကျေးရွာသားတို့ ၏ မျှော်လင့်ချက်များကိုမူ ပစ်ချလိုက် သကဲ့သို့ပင်ရှိလေသည်။

ကြေးနီတွင်း လုပ်ငန်း၏ ဖက်စပ် လုပ်ငန်းရှင်မှာ မြန်မာစီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ကုမ္ပဏီကြီး Norinco ၏ လက်အောက်ခံ ကုမ္ပဏီခွဲတို့ဖြစ်သည်ဆိုသော အချက်က ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ် ချက်အပေါ် ဩဇာကြီးစွာ လွှမ်းမိုးခဲ့ဟန် ရှိပေသည်။ ကြေးနီတွင်းလုပ်ငန်းကို ရပ်ဆိုင်းခြင်းသည် တရုတ်နိုင်ငံ ကဲ့သို့သော ပြည်ပ ရင်းနှီးမြှုပ်နှံသူတို့ က မြန်မာနိုင်ငံကို စီးပွားရေး အရ ယုံကြည်ထိုက်သည့် နိုင်ငံမဟုတ် ဟု တွေးထင် လာစေဖွယ် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ၏ မတ်လ ၁၃ ရက် ခရီးစဉ်တွင် ကျေး ရွာသူ၊ ကျေးရွာသား များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထိုအတွေးက ဖွံ့ဖြိုးတိုးတက်မှုကြီးစွာ လိုအပ်လျက် ရှိသော မြန်မာနိုင်ငံ ကို အကျိုးယုတ် စေမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတို့ အတွက် ခိုင်မြဲသော ပိုင်ဆိုင်ခွင့်ကို နိုင်ငံအတွင်းဆင်းရဲနွမ်းပါးသူတို့၏ ပိုင်ဆိုင်ခွင့် အထက်တွင် ထားရှိသော အရာဌာန၌ ဒေါ်အောင်ဆန်း စုကြည်သည် ၁၈ ရာစုနှစ် ဗြိတိန်နိုင်ငံ၏ မြေယာသိမ်းယူမှုများနှင့် ၁၈ ရာစုနှစ် အတွင်းက ဒေသခံအမေရိကန်တို့ကို ယင်းတို့၏ နယ်မြေဒေသများမှ ဖိအားပေးရွှေ့ပြောင်းစေခြင်း စသည် တို့ကို သတိရစေမည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသို့ ချဉ်းကပ်ခြင်းကို ထိ ရောက်စွာ အမှတ်တံဆိပ် ခတ်နှိပ်လိုက် ခြင်း လည်းဖြစ်သည်။ ဤတွင် ခိုင်မြဲ သော ပိုင်ဆိုင်ခွင့်ကို ဖွံ့ဖြိုးတိုးတက်မှု၏ အသက်သွေးကြောတစ်ရပ်အဖြစ် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းက ဖော်ထုတ် ကြွေးကြော်ခဲ့သော စီးပွား ရေး ပညာရှင်များအတွက် အရေးပါသည့် မေးခွန်းတစ်ရပ်ပေါ်ထွက်လာ ပေသည်။ ထိုမေးခွန်းမှာ “မည်သူတို့၏ ပိုင်ဆိုင်ခွင့် များကို မယိမ်းမယိုင် ခိုင်မြဲစေမည်နည်း”ဆိုသည့် မေးခွန်း ပင်ဖြစ်သည်။

ဤအကြောင်းအရာမှာ နယူး ယောက်မြို့ရှိ Council on Foreign Relations မှ အမျိုးသမီး စီးပွားရေး ပညာရှင် Terra Laws on-Remer လေ့လာခဲ့သော အကြောင်းအရာဖြစ် သည်။ Laws on-Remer က စီးပွားရေး ပညာရှင်တို့သည် “ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ဒေသတွင်း အခွင့်ထူးခံ အထက်တန်းလွှာတို့၏ ပိုင်ဆိုင် ခွင့်များ မြဲမြံလုံခြုံသည်ဆိုလျှင် အခြားသော သူများ၏ ပိုင်ဆိုင်ခွင့်များသည် လည်း မြဲမြံလုံခြုံသည်”ဟု သုံးသပ် ယူဆသော ပိုင်ဆိုင်ခွင့် လုံခြုံရေးအပေါ် ရိုးရှင်းသော အမြင်ဖြင့်သာ ရှုမြင် တတ်ကြကြောင်း အငြင်းအခုံပြုခဲ့ သည်။ ပိုင်ဆိုင်ခွင့် လုံခြုံမှုကို တိုင်းတာရာ၌ အများဆုံး အသုံးပြု တတ်ကြသော စံချိန်စံညွှန်းတို့တွင် PRS Group ၏ International Country Risk Guide, The Heritage Foundation မှ ထုတ်ပြန်သော ပိုင်ဆိုင်ခွင့် အညွှန်းကိန်းနှင့် ကမ္ဘာ့ဘဏ်၏ World Wide Government Indicators စသည်တို့ ပါဝင်ပါသည်။ ယင်းတို့ အားလုံးသည် နိုင်ငံခြားသားများနှင့် ဒေသတွင်းအခွင့်ထူးခံအထက်တန်း လွှာတို့၏ အတွေ့အကြုံ များအပေါ် အခြေခံ၍ ခန့်မှန်းတွက်ဆထားခြင်း များသာဖြစ်သည်ဟု Lawson-Remer က ငြင်းချက် ထုတ်လေသည်။ ထိုမှ တစ်ဆင့် စီးပွားရေးပညာရှင်တို့သည် ခိုင်ခန့်မြဲမြံသော ပိုင်ဆိုင်ခွင့်ကို နိုင်ငံ တစ်နိုင်ငံ၏ အုပ်ချုပ်ရေး ကောင်းမွန်မှု နှင့် တရားဥပဒေ စိုးမိုးမှုကိုအား ကိုယ်စားပြုသော သက်သေတစ်ရပ်အဖြစ် ရှုမြင်လာ ကြ တော့သည်။

သို့သော်လည်း အဆိုပါ သုံးသပ်ချက်က ဒေသအတွင်း နေထိုင်သူ အားလုံး၏ အတွေ့အကြုံအပေါ် ထင်ဟပ်နိုင်ခြင်း မရှိပေ။ Lawson-Remer က လူနည်းစု အစုအဖွဲ့တို့၏ အတွေ့ အကြုံ အပေါ် အခြေပြုသော ပိုင်ဆိုင်ခွင့် မလုံခြုံမှု အညွှန်းကိန်းတစ်ရပ်ကို အပြောင်းအလဲတစ်ရပ်အဖြစ် ပြုစု ထုတ်ပြန်လာခဲ့သည်။ ထိုအညွှန်းကိန်း  သည် Mary Land တက္ကသိုလ်က အခက်အခဲအန္တရာယ်ကျရောက်နေ သည့် လူနည်းစုတို့ထံမှ စုဆောင်း ကောက်ယူပေးထားသော အချက် အလက်များကို အသုံးပြုထားသည်။ အန္တရာယ် ကျရောက်နေသည် ဟု သတ်မှတ်ရန်မှာ လူနည်းစု အစုအဖွဲ့ တစ်ရပ်သည် နိုင်ငံလူဦးရေ၏ အနည်း ဆုံး ၁ ရာခိုင်နှုန်း (သို့မဟုတ်) လူဦးရေတစ်သိန်း ရှိရမည်ဖြစ်ပြီး အခြား အချက်အလက်များဖြစ်သော ခွဲခြား အုပ်ချုပ်မှုကို လက်ရှိကာလတွင်သော် လည်းကောင်း၊ အတိတ်ကာလ တွင် သော်လည်းကောင်း ခံစားရခြင်းနှင့် ထိုလူနည်းစုအစုအဖွဲ့၏ ရပိုင်ခွင့်များ အတွက် ရှေ့ဆောင်ရှေ့ ရွက်ပြုပေးသော နိုင်ငံရေး အဖွဲ့အစည်း များကို ထောက်ခံရခြင်း စသည်တို့နှင့် ပြည်စုံ ရမည်ဖြစ်သည်။ ပိုင်ဆိုင်ခွင့်မလုံခြုံ မှု အညွှန်းကိန်းသည် အဆိုပါ လူနည်းစု အစုအဖွဲ့ဝင်များ ရင်ဆိုင်နေကြရ သော အန္တရာယ်များဖြစ်သည့် မြေ သိမ်းခံရခြင်းနှင့် အခြားသောဒေသ များသို့ ရွှေ့ပြောင်းအခြေချရန် ဖိအား ပေးခံရခြင်း စသည်တို့ပါဝင်သော စီးပွားရေးအန္တရာယ်များကို ကြည့်ရှု ခြင်းဖြစ်သည်။ လူနည်းစုအစုအဖွဲ့များ ၏ ပိုင်ဆိုင်ခွင့်မလုံခြုံမှု အဆိုးရွားဆုံး အနေအထားတွင် ရှိသော နိုင်ငံများမှာ ဘူရွန်ဒီ၊ အီရတ်၊ အစ္စရေး၊ တူရကီ နှင့် မြန်မာနိုင်ငံတို့ဖြစ်သည်။

ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် ဒေသတွင်း အခွင့်ထူးခံ အထက်တန်းလွှာတို့၏ လုံခြုံစိတ်ချရသော ပိုင်ဆိုင် ခွင့်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ အကြားတွင် အားကောင်းသော ဆက် နွယ်ချက် တစ်ရပ်ရှိသည်။ သို့ရာတွင် လူနည်းစု အစုအဖွဲ့တို့၏ ပိုင်ဆိုင်ခွင့် လုံခြုံမှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုတို့အကြား ဆက်နွယ်ချက် များကိုမူ Lawson-Remer က ရှာဖွေဖော်ထုတ် နိုင်ခြင်း မရှိပေ။ ထိုနည်းတူ ပိုင်ဆိုင် ခွင့်လုံခြုံမှုနှင့် ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှု အစီအစဉ်က ထုတ်ပြန်သော Human Development Index အညွှန်းကိန်း အကြားတွင်လည်း မည်သည့် ဆက်နွယ်ချက်ကိုမျှ မတွေ့ရှိရ ပေ။ လူနည်းစုအစုအဖွဲ့တို့၏ ပိုင်ဆိုင် ခွင့်ကို လုံခြုံစိတ်ချစေခြင်း သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှင်းလင်းပြတ်သားသော မည်သည့် အကျိုးဆက်ကိုမျှ ပေးစွမ်းနိုင်ပုံ မရပေ။

ထိုအချက်က လွန်စွာမှပင် မချမ်းမြေ့ဖွယ်ဖြစ်သော အဓိပ္ပာယ်ဖွင့် ဆိုချက်များကို ပေါ်ပေါက်စေသည်။ အကယ်၍ အခွင့်ထူးခံ အစုအဖွဲ့များ ကသာ ယင်းတို့၏ ပိုင်ဆိုင်ခွင့် ကို ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်သော ကျွမ်းကျင်မှု နှင့် ရင်းနှီးငွေ စိုက်ထုတ်နိုင်သူများဖြစ်ခဲ့လျှင် (သို့တည်း မဟုတ်) အကယ်၍ လက်ပံတောင်း အရေး တွင် ယင်းတို့သည် ဘေးဖယ် ခံထားရသော ပြည်သူတို့ကို အရင်းပြု ၍ အဆိုပါ ပိုင်ဆိုင်ခွင့်များကို ရယူကြလျှင်၊ အလယ်တော်ကျေးရွာ သူ၊ ကျေးရွာသားတို့ကဲ့သို့သော သူများ၏ ပိုင်ဆိုင်ခွင့် လုံခြုံမှု ပိုမိုမြင့်မားလာစေ ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို နှေးကွေးစေသည်ဟု ဆိုနိုင်မည် ဖြစ်ကြောင်း Lawson-Remer က ပြောကြား ခဲ့သည်။ မည်သည်တို့ကို စိုက်ထုတ်ကျခံရသည်ဖြစ်စေ ဖွံ့ဖြိုး တိုးတက်မှုကိုသာ လိုချင်ရင်းဖြစ်သည် ဟုဆိုလျှင် (သို့တည်းမဟုတ်)ပြည်ပ ရင်းနှီးမြှုပ်နှံသူ များနှင့် ဒေသတွင်း အခွင့်ထူးခံများ၏ ပိုင်ဆိုင်ခွင့်လုံခြုံမှု အားကောင်း လာစေရေး အတွက် လိုအပ်လျှင် အခြားအုပ်စု အဖွဲ့အစည်းများ ကို စရိတ်အဖြစ် အသုံးချကာ ပေး ဆပ်နိုင်ချေ ရှိသည်ဟု ဆိုလိုသည်။

ဤအရောင်းအဝယ်တွင် အရှုံးဘက်သို့ ရောက်နေသော သူတို့ကို မည်သို့ ပေးလျော်ကြမည်နည်း ဆိုသည် မှာ နောက်ထပ် မေးခွန်းတစ်ရပ်ဖြစ်သည်။ လျှင်မြန်သော ဖွံ့ဖြိုးတိုးတက် မှုသည် ယင်းကိုယ်တိုင်၏ ဆုလာဘ် တစ်ခုပင် မဟုတ်ပေ။ နည်းပါးလှသော အချက်အလက် သက်သေတချို့ကသာ မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှု သည် အခြေမခိုင်သော အစုအဖွဲ့များဆီသို့ စီးဆင်းလာသည်ဟု ဆိုကြသည်။ ဝင်ငွေမြင့်မားသော တိုင်းနိုင်ငံ တို့သည် များစွာသော ပြည်သူတို့၏ ပိုင်ဆိုင်ခွင့် လုံခြုံမှုကို ပေးစွမ်းနိုင်သည်။ သို့ရာ တွင် အကျိုးခံစားခွင့် ရရှိကြသူများမှာ မူလ အရင်းအမြစ်ပိုင်ရှင်များ မဟုတ်ကြချေ။ သီအိုရီအရဆိုရပါမူ အစိုးရ သည် ပိုင်ဆိုင်ခွင့် လက်လွှတ် ဆုံးရှုံး ရသော ပြည်သူများ ကို လျော်ကြေး ပေးအပ်ရမည်ဖြစ်သည်။ လက်တွေ့ တွင်မူ ဤကိစ္စရပ် မျိုး၌ လုံလောက်စွာ ပေးလျော်သော အစိုးရအဖြစ် နမူနာ ပြသရန်ပင် များစွာ မရှိလှကြောင်း Lawson-Remer က ပြောကြားခဲ့သည်။ မြေကိုသိမ်းပြီးသည်နှင့် ယခင် ပိုင်ရှင်များအပေါ် ဂရုတစိုက်စောင့် ရှောက်ရေး မှေးမှိန် သွားတတ်သည် မှာ ဓမ္မတာပင်ဖြစ်သည်။ ရေအားလျှပ်စစ် လုပ်ငန်းတစ်ရပ် အတွက် ရေကာတာ ဆောက်လုပ် စဉ် နေရာရွှေ့ပြောင်းပေး ခဲ့ရသော ဘရာဇီးလ်ပြည်သူ တို့အား လူမှုရေးထောက်ပံ့မှု အမြောက်အမြား ပေးအပ်ခဲ့သည့် ဘရာဇီးလ် အစိုးရ၏ ဆောင်ရွက်ချက်မျိုးမှာမူ ရှားပါးလှ သော ခြွင်းချက်တစ်ရပ်ဖြစ်ကြောင်း Lawson-Remer က ပြောကြားခဲ့ သည်။

ဤသည်မှာ ဆုံးဖြတ်ခွင့် ချမှတ်ရန် ခက်ခဲသော ဒေါ်အောင်ဆန်းစု ကြည်၏ အခြေအနေ ပင်ဖြစ်သည်။ ကြေးနီတွင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခွင့်ပြုခြင်းသည် ရာစုနှစ် ဝက်ခန့် တံ့နေခဲ့သော မြန်မာနိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာ တိုးတက်စေမည်ဖြစ်သည်။ ဤသို့ ဆုံးဖြတ်ခြင်းက နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများကို အားကောင်းသော အချက်ပြမှု တစ်ရပ်ပြသလိုက်ခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ထိုသို့ဆုံးဖြတ် ခြင်းက မူရင်းမြေပိုင်ရှင်များကို ဆင်း ရဲမွဲတေမှု တွင်းနက် အတွင်း ချောင်ပိတ် မိစေရန် ခြိမ်းခြောက်ရာ ကျသည့်အပြင် ယင်းတို့ကာလကြာမြင့်စွာ ယုံကြည် ကိုးစားခဲ့သော လူ့အသိုင်းအဝိုင်း၏ လုံခြုံမှုပိုက်ကွန် အုပ်မိုးမှု လက်လွတ်ရေး ကိုလည်း ခြိမ်းခြောက်သည်။ သာ၍ တရားမျှတဖွယ်ဖြစ်သော အဖြေတစ်ရပ်မှာ ကာလပေါက်ဈေး ဖြင့် တွက်ချက်ပေးလျော်သည် ဆိုရာ ၌ လက်ရှိမြေတန်ဖိုးကို ထင်ဟပ်ရုံ မျှနှင့်မကဘဲ အခွင့်ထူးခံတို့ လက်ဝယ် သို့ ရောက်ရှိသွားပြီး နောက်ဖြစ်ပေါ် လာနိုင်ဖွယ် ရှိသည့် မျှော်မှန်းတန်ဖိုး ဖြင့် တွက်ချက်ပေးလျော်သင့်သည် ဟုပင်ဖြစ်ပေသည်။ သို့မှသာ လျှင် ဒေါ်အောင်ဆန်းစုကြည် ၏ ဦးခေါင်းထက်တွင် လင်းဝင်းသော ရောင်စဉ် အလင်းတန်း တို့ကို ပြည်သူတို့ ပြန် လည်မြင်တွေ့ လာနိုင် မည်ဖြစ်ပေသည်။

Ref: Property Rights and Economic Growth may not always go together Economist.com Mar30,2013

ဝ၃၉

ဆက်စပ်သတင်းများ

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ဒုတိယမြောက် လုပ်ကြံခံရခြင်း

ရန်ကုန်၊ ဇန်နဝါရီ ၃၀၊ ၂၀၁၇
ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ဖိုရမ်တစ်ခုပေါ်မှ ငြိမ်းချမ်းရေးအမြင်

ရန်ကုန်၊ ဇန်နဝါရီ ၁၅၊ ၂၀၁၇

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*