ပြည်တွင်းသတင်း — ရန်ကုန်၊ မေ ၂၂၊ ၂ဝ၁၂

ရန်ကုန်တိုင်း၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်၊ ပန်းပင်ချောင် ရပ်ကွက်ရှိ လယ်မြေများသည် နိုင်ငံတော်စီမံကိန်း အတွက် ၁၉၈၅ ခုနှစ်၌ သိမ်းယူခဲ့သော်လည်း စက် ရုံတည်ဆောက်ခြင်း မရှိသည့် မြေနှင့်စက်ရုံလည်ပတ်မှု ရပ်ဆိုင်းခဲ့​သော မြေများတွင် လယ်သမားများ ပြန်လည်လုပ်ကိုင်ခဲ့ရာ ယခုနှစ်တွင် သက်ဆိုင်ရာမှ ပုဂ္ဂလိကသို့ လွှဲပြောင်းမည်ဆိုသောကြောင့် လယ်သမားများ ဆုံးရှုံးနစ်နာမှုများစွာအတွက် နိုင်ငံတ်ာသမ္မတကြီးနှင့် ဌာနဆိုင်ရာ အသီးသီးသို့ တင်ပြထားသည်ဟု လယ်သမားတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက မေ လ ၂၂ ရက်နေ့တွင်  မြန်မာအင်ဒီပဲန်ဒင့် သို့ပြောသည်။

၁၉၈၅ ခုနှစ်တွင် ဆိပ်ကြီး ခနောင်တိုမြို့နယ်တွင် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တန် ၂၅ဝ ဆန်စက် စီမံကိန်းနှင့် အမှတ် ၁ စက်မှု ဝန်ကြီးဌာနမှ တန် ၁၅ဝ ဖွဲနုဆီစက် စီမံကိန်းအတွက် ဧက ၁ဝဝ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးထံ တင်ပြသော အသနားခံစာအရ သိရသည်။

ယင်းစက်ရုံနှစ်ခုတွင် ဖွဲနုဆီစက် စီမံကိန်းသည် ထိုအချိန်ကပင် စီမံကိန်းပျက်ပြယ်ခဲ့ပြီး ဆန်စက်သည် ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ လယ်သမားများသည်လည်း ထိုအချိန်မှစ၍ ပန်းပင်ချောင်ရပ်ကွက် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ​​   ပြန်လည်၍ လယ်လုပ်ကိုင်ခဲ့ရာ ယနေ့အချိန်ထိဖြစ်သည်ဟု လယ်သမားတစ်ဦးဖြစ်သူ ကိုမောင်မောင်ဦးက  မြန်မာအင်ဒီပဲန်ဒင့် သို့ ပြောသည်။

လယ်သူမတစ်ဦးဖြစ်သူ ဒေါ်နွဲ့လှိုင်က ““ကျွန်မတို့က လယ်တွေပြန်လုပ်လာတာ ၂၅နှစ် ရှိပြီ အခုမှသူများတွေ​​    ပေးလုပ်မယ်ဆိုတော့ ကျွန်မတို့က နစ်နာတာပေါ့””ဟု ပြောသည်။ အဆိုပါ ပုဂ္ဂလိကသို့ လွှဲပြောင်းမည့်ေ​မြတွင် ချောင်းဝိုင်းခရိုင်ချင်း ဆက်လမ်း၊ ရပ်ကွက်နေ လူထုဖောက်လုပ်ထားသော ချဉ်းကပ်လမ်းနှင့် ရပ်ကွက်အတွင်း အသုံးပြုလျက်ရှိသည့် သောက်သုံးရေကန်တို့လည်း ပါဝင်သည်ဟု  ဆက်လက်၍ သိရသည်။

ဝ၁၆

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*