ပညာရေး သတင်း — ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄၊ ၂ဝ၁၃

ပြည်တွင်း လေကြောင်း ပို့ဆောင် ရေးကဏ္ဍများ အရှိန်အဟုန်ဖြင့် တိုးတက်ဖြစ်ထွန်းလာသည် နှင့်အမျှ မြို့ပြ လေကြောင်း လေယာဉ် မှူးများ၊ လေယာဉ်မောင် မယ်များ၊ လေကြောင်းဆိုင်ရာ Technician များနှင့် ကျွမ်းကျင် သူများ လိုအပ်လျက် ရှိရာ မြန်မာ နိုင်ငံအတွင်း၌ နိုင်ငံတကာအဆင့်မီ လေကြောင်းများ ပေါ်ထွန်းလာရန် ပထမဆုံး အကြိမ် ပုဂ္ဂလိက လေယာဉ် မောင်းသင်တန်းများကို တရားဝင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ လေကြောင်းပျံသန်းမှု နှင့် လေကြောင်းပညာရပ်များအပေါ် စိတ်ဝင်စားသည့် မြန်မာနိုင်ငံသား လူငယ် လူရွယ်များအနေဖြင့် လေကြောင်း ပညာရပ်များကို ပြည်တွင်း ၌ပင် လွယ်ကူစွာ သင်ကြား ရယူနိုင်ရန်လည်း ကောင်း၊ မိမိနိုင်ငံတွင်းသာမက အိမ် နီးချင်းနှင့် အရှေ့တောင်အာရှဒေသ တွင်း နိုင်ငံများမှ သင်တန်းသားများ ကိုလည်း လက်ခံသင်ကြားပေးနိုင်ရန် အတွက်လည်း မြန်မာလေကြောင်း အကယ်ဒမီမှ သင်တန်းပို့ချပေးသွား မည်ဖြစ်ကြောင်းကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့  Park Royal ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့သည့် ကုမ္ပဏီ မိတ်ဆက်ပွဲ အခမ်း အနားတွင် မြန်မာလေကြောင်း အကယ်ဒမီဥက္ကဋ္ဌ ဦးကြည်ဝင်းက ပြောကြား ခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြို့ပြလေယာဉ်မှူးများအဖြစ် ခန့်အပ်ရန် သင်တန်းသား လျှောက်လွှာများ ခေါ်ယူရာ တွင် အသက် ၁၇ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဟူ၍လည်းကောင်း၊ အခြေခံ ပညာအထက်တန်းအဆင့်ကို သင်္ချာနှင့် သိပ္ပံဘာသာရပ်တစ်ခုခု၌ ဂုဏ်ထူးဖြင့် အောင်မြင်ထားသူဖြစ်ရမည်ဟုလည်း ကောင်း၊ GCE “O” Level အောင် မြင်ထားသူ (သို့မဟုတ်) ယင်းတို့နှင့် ညီမျှသော အရည်အချင်းနှင့် ကိုက်ညီသူ ဖြစ်ပြီး လေကြောင်းဆေးပညာ ဆိုင်ရာ ကျန်းမာရေး စစ်ဆေးမှုတွင် A1G1 အဆင့်ရှိသူကို လည်းကောင်း၊ အင်္ဂလိပ်စာ 4-skills Test အောင် မြင်သူများကို သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုစေ၍ စိစစ်ရွေးချယ် သင်ကြားသွားမည်ဖြစ် ကြောင်း ဥက္ကဋ္ဌ ဦးကြည်ဝင်းက ထပ်မံပြောကြားခဲ့သည်။

သင်တန်းဝင်ခွင့်လျှောက်လွှာ အတွက် အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ စသည့် ဘာသာရပ်များကို ဖြေဆိုရ မည် ဖြစ်ကြောင်းကို ပြောပြရာ၌ “မေးမယ့်မေးခွန်းက ၁၀တန်း Level ပါပဲ။ တအား အခက်ကြီးလည်း မဟုတ်ဘူး။ ဝင်လာမယ့် ကလေးတွေ ရဲ့ IQ Level ကို Test လုပ်တဲ့ သဘောပါ။ အကြမ်းဖျဉ်း အနေနဲ့ အောင်မှတ် ကို ၆၀နဲ့ သတ်မှတ်ထားတယ်။ ၆၀ ထက် နည်းရင်တော့ မစဉ်းစားဘူး။ လေယာဉ်ပျံ တစ်စီးပျံမယ်ဆိုရင် နယူတန်ရဲ့ Law တွေရှိတယ်။ သူ့မှာ Weight ရှိမယ်။ အင်ဂျင်ဆွဲအားတွေ ရှိမယ်။ လေထဲမှာ နေနိုင်အောင် ပင့်ထားတဲ့ ပင့်အားတွေ ရှိမယ်။ Acceleration တွေ၊ Velocity တွေဆိုတာ ရှိမယ်။ အဲဒါတွေကို နားလည်ရမယ်။ အဲဒါမျိုးတွေ နားမလည်ဘဲနဲ့ လေယာဉ်ပျံ တစ်စီးကို ဘယ်လိုမောင်းမလဲ။ အြျေ့ ဆိုလည်း လေထဲမှာ ချတွက်လို့ မရတဲ့အတွက်  စိတ်တွက်နဲ့ တွက်ရတာတွေ ရှိတယ်။ အဲလောက်တော့ တွက်နိုင်ရမယ်။ အရမ်း အခက်ကြီးတွေ လည်း မမေးပါဘူး။ သိသင့် သိထိုက်တာလေးတွေကိုပဲ မေးမှာပါ”ဟု မြန်မာလေကြောင်း အကယ်ဒမီ၏ သင်တန်း နည်းပြချုပ် Captain ဦးသန့်ဇော်က ယခုကဲ့သို့ ဆိုသည်။

အဆိုပါလေကြောင်းသင်တန်းကို ပုသိမ်မြို့တွင် အခြေစိုက်သွားမည်ဖြစ် ရာ ဥက္ကဋ္ဌဦးကြည်ဝင်းက “ပုသိမ်က အဓိက အတားအဆီး အဟန့်အတား နည်းပါတယ်။ အမောင်းသင် လေယာဉ်ပျံ ဆိုရင် တောင်ကုန်းတွေ၊ တောင်တန်းတွေ များနေရင် မဖြစ်ဘူး။ ပုသိမ်က ဘယ်နားပဲဆင်းလိုက် ဆင်းလိုက် အရေးပေါ် ဆိုရင် မြေပြန့် တွေချည်းပဲ။ အဓိကတော့ အဲဒီ အချက်ကြောင့် ပုသိမ်ကို ရွေးခဲ့တာပါ” ဟု ဆိုသည်။

သင်တန်းဝင်ခွင့်ဖြေဆိုရန် ရက်အတိအကျ မသတ်မှတ်ရသေးသော်လည်း သင်တန်း ဝင်ခွင့်ဖြေဆိုရန် နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ဖော် ကြေညာ သွားမည်ဖြစ်ကြောင်း သင်တန်းကာလနှင့် ပတ်သက်၍လည်း သင်တန်းနည်းပြချုပ် Captain ဦးသန့်ဇော်က “သင်တန်းကတော့ Fly Training ရှိတယ်။ Ground Training ရှိတယ်။ Ground Training က အတိအကျ အချိန် သတ်မှတ်လို့ ရတယ်။ Fly Training ကြတော့ ရာသီဥတု ပေါ်မှာလည်း မူတည်တော့ အကြမ်းဖျဉ်းအနေနဲ့ Course တစ်ခု လုံးက ၁ နှစ်နဲ့ ၈ လကြာမယ်လို့ သတ်မှတ် ထားတယ်။ ရာသီဥတု ဖောက်လာရင်တော့ ၂ နှစ်လောက် ထိ ရောက်ချင် ရောက်သွားမယ်” ဟု ပြောသည်။

ဝါသနာပါပြီး Talent ရှိသော်လည်း ဆင်းရဲနွမ်းပါး၍ သင်တန်း တက်ရောက်ရန် အခက်အခဲရှိသည့် မြန်မာ လူငယ်များအတွက် သက်သာခွင့် ရရှိမည့် ပညာတော်သင် Scholarship အစီအစဉ်များ ထည့်သွင်း ဆောင်ရွက် နိုင်ရန်လည်း စီစဉ်လျက် ရှိသည်ဟု ဆိုသည်။

ဝ၁၅

ဆက်စပ်သတင်းများ

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ပါရမီကောလိပ် ရွှေဂုံပလာဇာတွင် ဖွင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂၊ ၂၀၁၇
ပွင့်သောပန်းတို့ လန်းစေဖို့

ပွင့်သောပန်းတို့ လန်းစေဖို့

ရန်ကုန်၊ ဒီဇင်ဘာ ၈၊ ၂၀၁၆

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*