တွေ့ဆုံ​မေးမြန်းခြင်း ပြည်တွင်းသတင်း — ရန်ကုန် နိုဝင်ဘာ ၁၄၊ ၂၀၁၆

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ဆက်သွယ်ရေး ပုဒ်မဖြစ်တဲ့ ပုဒ်မ ၆၆/ဃ နဲ့ အရေးယူး ဖမ်းဆီးမှုအချို့ ရှိလာခဲ့ပြီးနောက်ပိုင်းမှာ အဲဒီအမှုနဲ့ အရေးယူခံရသူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ဖို့ သင့်/ မသင့် ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိ ပုဒ်မ ၆၆/ဃ နဲ့ ဖမ်းဆီးအရေး ယူခံရသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း လည်းဖြစ်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့မှ အတွင်းရေးမှုး ကိုဘိုကြည်က AAPP အနေနဲ့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်ချက်ကို အခုလိုပြောပါတယ်။

‘အဓိက ကတော့ လူတွေရဲ့ လွတ်လပ်ခွင့်ဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ ငြိမ်းချမ်းစွာဆွေးနွေးခွင့်တို့ လွတ်လပ်စွာ ပြောဆိုခွင့်တို့နဲ့ ပတ်သက်ပြီး အဆုံးရှုံးခံနေရလို့ တိုက်ပွဲဝင်နေတဲ့ သူတွေ အဖမ်းခံရတယ် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားဖြစ်ပါမှာပါ၊ အဲဒီအပြင်ကို ဖက်ဒရယ်တန်းတူ ညီမျှရေးအတွက် တိုင်းရင်း သားတွေ တိုက်ပွဲဝင်နေတာ ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးနဲ့ အဖမ်းခံရတယ် ဆိုရင်လည်း ကျွန်တော်တို့က နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပါတယ်’ လို့ ပြောပါတယ်။

ဒါအပြင် ၆၆/ဃ နဲ့ ဖမ်းဆီးခံရသူတိုင်းကိုတော့ နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်လို့ မရဘူးလို့လဲ့ ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်းမျှဝေရန်

About Author

စာဖတ်သူ မှတ်ချက်များ (၀)

Leave a Reply

Your email address will not be published. Required fields are marked *

*